သမီးက မေမေ့သွေးသားပဲလေလို့ပြောရင်း အမေကိုချွဲပြီးအရုပ်ဝယ်ခိုင်းနေတဲ့ ထိပ်ထားသခင်

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ထိပ်ထားသခင် ဟာဆိုရင် ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ အများရယ်မောပျော်ရွှင်ပြီး သဘောကျနှစ်သက်အောင် တီတီတာတာ ပြောဆိုတတ်ခဲ့တာကြောင့် ပရိသတ်အများရဲ့ ချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ အများရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့ရတဲ့ ထိပ်ထားလေးဟာဆိုရင် အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဘက်ဘက်ကနေ တော်လွန်း ထက်မြက်လွန်းတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ ယနေ့အချိန်အထိ အပြောများပြီး အောင်မြင်မှုကို ဆွတ်ခူးရရှိ ထားခဲ့ရတာပဲဖြစ်ပါတယ်။

ကလေးတစ်ယောက်ပေမယ့် အရာရာမှာ ချက်ချက်ချာချာနဲ့ နားလည်လွယ်ပြီး ဥာဏ်ထက်မြက်တဲ့ သူမကတော့ ယခုဆိုရင် ဘယ်သူမှမသင်တဲ့ တီတီတာတာ စကားတွေကို ပြောတတ်နေပြီပဲ ဖြစ်ပါတယ်။ စကားအရာမှာ တီတာတတ်လွန်းတဲ့ သူမကတော့ လတ်တလောမှာလည်း အမေကို အရုပ်ဝယ်ခိုင်းတဲ့ ဗီဒီယိုဖိုင်လေးဟာ အရမ်းကို ချစ်စရာကောင်းလွန်းတာကြောင့် လူကြိုက်များနေခဲ့ရတာပဲ ဖြစ်ပါတယ်။

အမေကို တီတီတာတာနဲ့ ကပ်ချွဲပြီး အရုပ်ဝယ်ခိုင်းနေတဲ့ ထိပ်ထားလေးရဲ့ အကြောင်းကို သူမရဲ့ မိခင်ဖြစ်သူက ” မေမေ့ကို ချော့တစ်ခါ ခြောက်တစ်လှည့် 😅😅😅 ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူတိုင်း သဘောကျ နှစ်သက်ပြီး အချစ်ပိုသွားကြရတဲ့ ထိပ်ထားသခင်လေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေကို ချွဲလိုက် ခြောက်လိုက်တဲ့ အရုပ်တွေဝယ်ခိုင်းနေတဲ့ ထိပ်ထားသခင်ရဲ့ ချစ်စရာ Video

အမေကို ချော့လိုက် ချွဲလိုက် ခြောက်လိုက်တဲ့ မေမေ့သွေးသားဆိုပြီး စကားလုံးအသစ်တွေနဲ့ပြောပြီး အရုပ်တွေဝယ်ခိုင်းနေတဲ့ ထိပ်ထားသခင်ရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ဘယ်သူမှ မသင်ပေးတဲ့ စကားလုံးအသစ်တွေနဲ့ အမေကို ကပ်ချွဲပြီး အရုပ်တွေဝယ်ခိုင်းနေတဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အနုပညာအလုပ်တွေဖြစ်တဲ့ ကြော်ငြာတွေ ရုပ်ရှင်ကားကြီးတွေမှာပါ ဆက်လက်လုပ်ကိုင် သရုပ်ဆောင် ရိုက်ကူးပေးနေဆဲဖြစ်တဲ့ ထိပ်ထားသခင်ကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref : Htate Htar Thakhin’s Facebook

Share From Lovely Myanmar