ဒါေတြျဖစ္ရင္ ဒီေနရာေတြကို ဒီလိုႏွိပ္ပါ။


(Zawgyi)

လက္ေခ်ာင္းေလးေတြ အသုံးျပဳၿပီး ေဝဒနာ ကုသၾကည့္ရေအာင္

(၁) ေတာ္႐ုံနဲ႔ အိပ္မေပ်ာ္တတ္သူ ျဖစ္ေနပါသလား?

အႏွိပ္ခံၿပီးရင္ အိပ္ေပ်ာ္တာ ပိုမိုျမန္ဆန္တယ္လို႔ အိပ္မေပ်ာ္တတ္သူေတြက ေျပာၾကပါတယ္။ ေလ့လာမႈ တစ္ခုအရလည္း တစ္ေန႔ကို ႏွစ္ႀကိမ္ႏႈန္းနဲ႔ ၁ဝရက္ၾကာ အႏွိပ္ခံၿပီး ေနာက္ပိုင္းမွာ အိပ္စက္မႈ ဆိုင္ရာ ျပႆနာေတြအားလုံး ေျဖရွင္းသြားႏိုင္တယ္လို႔ သိရပါတယ္။

မိမိဘာသာ လုပ္ၾကည့္ပါ- သင့္ လက္မထိပ္နဲ႔ လက္ညႇိဳးထိပ္ ကို ပုံ(Finger 1)မွာ ျပထားတဲ့ အတိုင္း ငါးမိနစ္ခန႔္ ဖိထားေပးပါ။ လက္မထိပ္ဟာ အိပ္ေပ်ာ္မႈ ေကာင္းေစၿပီး အိပ္/ထ စက္ဝန္းကို ညီမွ်မႈ ရွိေအာင္ ထိန္းခ်ဳပ္ေပးထားတဲ့ ဦးေႏွာက္အတြင္းမွ Pineal အက်ိတ္နဲ႔ ဆက္စပ္မႈရွိတာေၾကာင့္လို႔ ဆိုပါတယ္။

(၂) စိတ္ဖိစီးမႈမ်ားလို႔ ေခါင္းကိုက္ေနပါသလား?

လက္မနဲ႔ လက္ညႇိဳးၾကားက အသားဆိုင္ေနရာကို ဖိအားေပးပါ။ ဒီလိုဖိအားေပးတာေၾကာင့္ စိတ္ေပ်ာ္႐ႊင္ၿပီး ခံစားမႈ ေကာင္းေစကာ တက္ႂကြမႈရွိလာႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီလို ဖိႏွိပ္တာေၾကာင့္ ရရွိတဲ့ အက်ိဳးေက်းဇူးဟာ ၁ဝ ေအာင္စစာ ေကာ္ဖီတစ္ခြက္ ေသာက္တာနဲ႔ ညီမွ်တဲ့ စြမ္းအင္ အျမန္ရရွိေစတယ္လို႔ သုေတသီေတြက ဆိုပါတယ္။

မိမိဘာသာ လုပ္ၾကည့္ပါ- ပုံ(Finger 2)မွာ ျပထားတဲ့ အတိုင္း လက္တစ္ဖက္ရဲ႕ လက္မနဲ႔ လက္ညႇိဳးကို ယူၿပီး တျခား လက္တစ္ဖက္ရဲ႕ လက္မနဲ႔ လက္ညႇိဳးၾကား V ပုံသဏၭာန္ ေနရာကို ဖိႏွိပ္ေပးပါ။ ငါးမိနစ္ခန႔္ ဖိညႇစ္ထားတာေၾကာင့္ ေခါင္းကိုက္တာနဲ႔ ပင္ပန္းတာေတြ သက္သာသြားႏိုင္ပါတယ္။ သင္ ကိုယ္ဝန္ ေဆာင္ထားရရင္ေတာ့ ဒီလို ဖိႏွိပ္မႈမ်ိဳး မလုပ္မိပါေစနဲ႔။ ဗိုက္နာ(contraction) လာႏိုင္လို႔ပါ။

(၃) ဓမၼတာလာလို႔ ကိုက္ခဲေနပါသလား?

အပ္စိုက္ကုထုံးေၾကာင့္ စိတ္တိုတာ၊ စိတ္ခံစားမႈ မေကာင္းတာနဲ႔ ဗိုက္ေအာင့္တာလိုမ်ိဳး အမ်ိဳးသမီးေတြမွာ ျဖစ္တတ္တဲ့ ဓမၼတာ အႀကိဳေဝဒနာေတြကို ၄၇ ရာခိုင္ႏႈန္းခန႔္ သက္သာသြားႏိုင္တယ္လို႔ ေလ့လာမႈအရ သိရပါတယ္။

မိမိ ဘာသာ လုပ္ၾကည့္ပါ- လက္ဖမိုးကို သင့္မ်က္ႏွာဘက္ထားၿပီး လက္ေကာက္ဝတ္အဆစ္ရဲ႕ အေပၚ ေနရာကို ပုံ(Finger 3 )မွာ ျပထားတဲ့ အတိုင္း စကၠန႔္ ၃ဝ ခန႔္ ဖိႏွိပ္ပါ။ တျခားလက္ေကာက္ဝတ္ ေနရာကိုလည္း အဲဒီအတိုင္း ဖိႏွိပ္ပါ။ သားအိမ္နဲ႔ သက္ဆိုင္တဲ့ ေနရာ ျဖစ္ၿပီး ဗိုက္ေအာင့္တာ၊ ေလပြတာနဲ႔ ဓမၼတာအႀကိဳ ေဝဒနာေတြ သက္သာသြားႏိုင္ပါတယ္။

(၄) အစာမေၾကလို႔ ဗိုက္ေအာင့္ ေနပါသလား?

New Jersey Memorial ေဆး႐ုံမွ ေလ့လာမႈအရ ဝမ္းဗိုက္နာက်င္သူ ၁ဝေယာက္အနက္ ၉ ေယာက္ဟာ အပ္စိုက္ကုထုံးေၾကာင့္ ေဝဒနာသက္သာသြားတယ္လို႔ သိရပါတယ္။ တျခားေလ့လာမႈ တစ္ခုအရလည္း ဝမ္းပ်က္ဝမ္းေလွ်ာသူေတြ ၁ဝဝ ရာခိုင္ႏႈန္းဟာလည္း ဒီကုထုံးေၾကာင့္ ေျခာက္နာရီ အတြင္း ေဝဒနာ သက္သာသြားတယ္လို႔ ဆိုပါတယ္။

မိမိ ဘာသာ လုပ္ၾကည့္ပါ- သင္ရဲ႕ ဘယ္ဘက္လက္ကို သင့္မ်က္ႏွာဘက္မွာထားၿပီး သင့္လက္မနဲ႔ လက္အရင္းေအာက္က အသားစိုင္ ေနရာကို ပုံ(Finger 4)မွာ ျပထားတဲ့ အတိုင္း ဖိႏွိပ္ေပးပါ။ ၿပီးရင္ သင့္လက္မကို လက္သန္းဆစ္ေအာက္ေရာက္တဲ့အထိ ဖိအားေပးၿပီး ဆက္ဆြဲသြားပါ။ ငါးမိနစ္ခန႔္ ျပဳလုပ္တာေၾကာင့္ အစာအိမ္နဲ႔ ပတ္သက္တဲ့ ေဝဒနာေတြ သက္သာသြားႏိုင္ပါတယ္။

(၅) ႏွာပိတ္ေနပါသလား?

လက္ေခ်ာင္း ၁ဝေခ်ာင္းစလုံးရဲ႕ ထိပ္ပိုင္းဟာ ဦးေႏွာက္နဲ႔ ႏွာေခါင္းလိုဏ္ေခါင္း (Sinus) ေတြနဲ႔ဆက္စပ္မႈ ရွိၿပီး လက္ေခ်ာင္းထိပ္ေတြကို ဖိႏွိပ္ထားတာေၾကာင့္ ႏွာေစး၊ ႏွာပိတ္တာ သက္သာႏိုင္တယ္လို႔ ဆိုပါတယ္။

မိမိ ဘာသာ လုပ္ၾကည့္ပါ-ပုံ(Finger 5)မွာ ျပထားတဲ့အတိုင္း သင့္လက္မနဲ႔ လက္ညႇိဳးကို အသုံးျပဳၿပီး လက္ေခ်ာင္းတိုင္းရဲ႕ ထိပ္ပိုင္းကို တစ္စကၠန႔္စီခန႔္ ဖိကိုင္ထားပါ။ နာက်င္မႈ ေဝဒနာခံစားရရင္ အဲဒီ ေနရာကို အထူးအေလးထားၿပီး နည္းနည္းၾကာၾကာေလး ဖိထားေပးပါ။

Credit:SweSone Media Group

(Unicode)

လက်ချောင်းလေးတွေ အသုံးပြုပြီး ဝေဒနာ ကုသကြည့်ရအောင်

(၁) တော်ရုံနဲ့ အိပ်မပျော်တတ်သူ ဖြစ်နေပါသလား?

အနှိပ်ခံပြီးရင် အိပ်ပျော်တာ ပိုမိုမြန်ဆန်တယ်လို့ အိပ်မပျော်တတ်သူတွေက ပြောကြပါတယ်။ လေ့လာမှု တစ်ခုအရလည်း တစ်နေ့ကို နှစ်ကြိမ်နှုန်းနဲ့ ၁ဝရက်ကြာ အနှိပ်ခံပြီး နောက်ပိုင်းမှာ အိပ်စက်မှု ဆိုင်ရာ ပြဿနာတွေအားလုံး ဖြေရှင်းသွားနိုင်တယ်လို့ သိရပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ- သင့် လက်မထိပ်နဲ့ လက်ညှိုးထိပ် ကို ပုံ(Finger 1)မှာ ပြထားတဲ့ အတိုင်း ငါးမိနစ်ခန့် ဖိထားပေးပါ။ လက်မထိပ်ဟာ အိပ်ပျော်မှု ကောင်းစေပြီး အိပ်/ထ စက်ဝန်းကို ညီမျှမှု ရှိအောင် ထိန်းချုပ်ပေးထားတဲ့ ဦးနှောက်အတွင်းမှ Pineal အကျိတ်နဲ့ ဆက်စပ်မှုရှိတာကြောင့်လို့ ဆိုပါတယ်။

(၂) စိတ်ဖိစီးမှုများလို့ ခေါင်းကိုက်နေပါသလား?

လက်မနဲ့ လက်ညှိုးကြားက အသားဆိုင်နေရာကို ဖိအားပေးပါ။ ဒီလိုဖိအားပေးတာကြောင့် စိတ်ပျော်ရွှင်ပြီး ခံစားမှု ကောင်းစေကာ တက်ကြွမှုရှိလာနိုင်တယ်လို့ ဆိုပါတယ်။ ဒီလို ဖိနှိပ်တာကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ၁ဝ အောင်စစာ ကော်ဖီတစ်ခွက် သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင် အမြန်ရရှိစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

မိမိဘာသာ လုပ်ကြည့်ပါ- ပုံ(Finger 2)မှာ ပြထားတဲ့ အတိုင်း လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကို ယူပြီး တခြား လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်ညှိုးကြား V ပုံသဏ္ဌာန် နေရာကို ဖိနှိပ်ပေးပါ။ ငါးမိနစ်ခန့် ဖိညှစ်ထားတာကြောင့် ခေါင်းကိုက်တာနဲ့ ပင်ပန်းတာတွေ သက်သာသွားနိုင်ပါတယ်။ သင် ကိုယ်ဝန် ဆောင်ထားရရင်တော့ ဒီလို ဖိနှိပ်မှုမျိုး မလုပ်မိပါစေနဲ့။ ဗိုက်နာ(contraction) လာနိုင်လို့ပါ။

(၃) ဓမ္မတာလာလို့ ကိုက်ခဲနေပါသလား?

အပ်စိုက်ကုထုံးကြောင့် စိတ်တိုတာ၊ စိတ်ခံစားမှု မကောင်းတာနဲ့ ဗိုက်အောင့်တာလိုမျိုး အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ဓမ္မတာ အကြိုဝေဒနာတွေကို ၄၇ ရာခိုင်နှုန်းခန့် သက်သာသွားနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ- လက်ဖမိုးကို သင့်မျက်နှာဘက်ထားပြီး လက်ကောက်ဝတ်အဆစ်ရဲ့ အပေါ် နေရာကို ပုံ(Finger 3 )မှာ ပြထားတဲ့ အတိုင်း စက္ကန့် ၃ဝ ခန့် ဖိနှိပ်ပါ။ တခြားလက်ကောက်ဝတ် နေရာကိုလည်း အဲဒီအတိုင်း ဖိနှိပ်ပါ။ သားအိမ်နဲ့ သက်ဆိုင်တဲ့ နေရာ ဖြစ်ပြီး ဗိုက်အောင့်တာ၊ လေပွတာနဲ့ ဓမ္မတာအကြို ဝေဒနာတွေ သက်သာသွားနိုင်ပါတယ်။

(၄) အစာမကြေလို့ ဗိုက်အောင့် နေပါသလား?

New Jersey Memorial ဆေးရုံမှ လေ့လာမှုအရ ဝမ်းဗိုက်နာကျင်သူ ၁ဝယောက်အနက် ၉ ယောက်ဟာ အပ်စိုက်ကုထုံးကြောင့် ဝေဒနာသက်သာသွားတယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ခုအရလည်း ဝမ်းပျက်ဝမ်းလျှောသူတွေ ၁ဝဝ ရာခိုင်နှုန်းဟာလည်း ဒီကုထုံးကြောင့် ခြောက်နာရီ အတွင်း ဝေဒနာ သက်သာသွားတယ်လို့ ဆိုပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ- သင်ရဲ့ ဘယ်ဘက်လက်ကို သင့်မျက်နှာဘက်မှာထားပြီး သင့်လက်မနဲ့ လက်အရင်းအောက်က အသားစိုင် နေရာကို ပုံ(Finger 4)မှာ ပြထားတဲ့ အတိုင်း ဖိနှိပ်ပေးပါ။ ပြီးရင် သင့်လက်မကို လက်သန်းဆစ်အောက်ရောက်တဲ့အထိ ဖိအားပေးပြီး ဆက်ဆွဲသွားပါ။ ငါးမိနစ်ခန့် ပြုလုပ်တာကြောင့် အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေ သက်သာသွားနိုင်ပါတယ်။

(၅) နှာပိတ်နေပါသလား?

လက်ချောင်း ၁ဝချောင်းစလုံးရဲ့ ထိပ်ပိုင်းဟာ ဦးနှောက်နဲ့ နှာခေါင်းလိုဏ်ခေါင်း (Sinus) တွေနဲ့ဆက်စပ်မှု ရှိပြီး လက်ချောင်းထိပ်တွေကို ဖိနှိပ်ထားတာကြောင့် နှာစေး၊ နှာပိတ်တာ သက်သာနိုင်တယ်လို့ ဆိုပါတယ်။

မိမိ ဘာသာ လုပ်ကြည့်ပါ-ပုံ(Finger 5)မှာ ပြထားတဲ့အတိုင်း သင့်လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး လက်ချောင်းတိုင်းရဲ့ ထိပ်ပိုင်းကို တစ်စက္ကန့်စီခန့် ဖိကိုင်ထားပါ။ နာကျင်မှု ဝေဒနာခံစားရရင် အဲဒီ နေရာကို အထူးအလေးထားပြီး နည်းနည်းကြာကြာလေး ဖိထားပေးပါ။

Credit:SweSone Media Group