ေရွာက္ပင္အျမစ္၏ အံ့ဖြယ္ေဆးသတၱိမ်ား

(Zawgyi)

(၁) အုန္းႏို႔ေခါက္ဆြဲ၊ ဒံေပါက္၊ မုန႔္ဟင္းခါး အဝစားမိသည့္အခါတြင္ ေရွာက္ေဖ်ာ္ရည္ကို ေသာက္ေပးျခင္းျဖင့္ ေသြးတိုး၊ ေသြးတက္၊ အစာမေၾကျခင္းမွ ေျပေပ်ာက္ေစသည္။

(၂) အစာအဟာရမ်ားကို မမွီဝဲခ်င္ဘဲ ေလခံေနျခင္း၊ ေလမ်ား မၾကာခဏပ်ိဳ႕အန္ျခင္းႏွင့္ အစာမေၾကျခင္းမ်ား ျဖစ္ေနပါက ေရွာက္သီးတစ္စိတ္ကို ႏုပ္ႏုပ္စဥ္းကာ ထန္းလ်က္ တစ္ဆယ္သားခန႔္ျဖင့္ က်က်က်ိဳၿပီး မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္ ေသာက္ေပးရသည္။ ၿပီးမနက္ တစ္ႀကိမ္၊ ညတစ္ႀကိမ္ လက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္ ေသာက္ေပး ရသည္။ ရင္မရွင္းမလင္းျခင္းမ်ား၊ အစာမေၾက၊ ေလအန္ေလဆန္ ေနျခင္းမ်ား သက္သာသြားမည္။

(၃) ခႏၶာကိုယ္ရွိ အေၾကာမ်ား အခံမရပ္ႏိုင္ေအာင္ တက္ျခင္း၊ အက်ိတ္အဖုမ်ား ထြက္ျခင္း၊ ျပင္းထန္စြာ ထိခိုက္လ်က္ အတြင္းေၾကဒဏ္ရာ ရရွိျခင္းမ်ား ျဖစ္ခဲ့လွ်င္ ေရွာက္ရည္တစ္ဆ၊ နႏြင္းမႈန႔္ တစ္ဆ၊ ထုံးတစ္ဆတို႔ကို ေရာလ်က္ မနက္၊ ညတစ္ႀကိမ္စီ လိမ္းေပးျဖင့္ သက္သာ ေပ်ာက္ကင္းသည္။

(၄) မီးယပ္ အဆင္းမ်ားလွ်င္ မူးေဝတက္သည္။ ေရွာက္သီးႏွင့္ ထန္းလ်က္ ေရာကာ ေကြၽးေပးရသည္။

(၅) ေသြးတိုး ေရာဂါရွင္မ်ားအတြက္ ေရွာက္သီး အလုံးႀကီး တစ္လုံး၏ အတြင္းသားမ်ား၊ ထန္းလ်က္ အစိတ္သား၊ ဆားခါး တစ္ဆယ္သား၊ ကြမ္း႐ြက္ သတၱဳရည္ တစ္ဆယ္သားတို႔ကို စုေရာေထာင္းၿပီး ေန႔တစ္ေန႔ လွန္းေပးရသည္။ မနက္ ဟင္းစား ဇြန္းတစ္ဇြန္း၊ ညဟင္းစား တစ္ဇြန္း မွန္မွန္ ေသာက္ျခင္းျဖင့္ ေသြးတိုးေရာဂါမွ ေပ်ာက္ကင္းေစပါသည္။

(၆) ေရွာက္ခြံမ်ားကို ပါးပါးလွီးကာ အေျခာက္လွန္းရသည္။ ေျခာက္ေသြ႕သြားလွ်င္ မီးေတာက္ အရက္ႏွင့္ ခုႏွစ္ရက္ စိမ္ထားရသည္။ ေလငန္းေၾကာင့္ ပါး႐ြဲ႕၊ ပါးစပ္႐ြဲ႕၊ လက္ကပ္၊ လက္ေျမႇာက္ မရ၊ ေျခတစ္ဖက္ဆြဲ မ်ားကို ေန႔စဥ္ မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ လိမ္းေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းသည္။

(၇) သနပ္ခါးကို ပ်စ္ပ်စ္ေသြးၿပီး ေရွာက္ရည္ မျပစ္မက်ဲ ညႇစ္ထည့္ပါ။ ထိုသနပ္ခါးကို ေန႔စဥ္မွန္မွန္ လိမ္းေပးျခင္းျဖင့္ အသားအေရ ေခ်ာေမြ႕ၿပီး ဝက္ၿခံ၊ တင္းတိတ္၊ မွဲ႔ေျခာက္မ်ား ေပ်ာက္ကင္းေစသည္။

ေဆးဖက္ဝင္ ေရွာက္ျမစ္-

(၁) အနာ ေပါက္လာလွ်င္ ေရွာက္ပင္မွ အျမစ္ကို တူးကာ ေရစင္ေအာင္ေဆးၿပီး မၾကာခဏ လိမ္းပါ။ ႏုလွ်င္ပိန္၊ ရင့္လွ်င္ေပါက္ အျမန္ေပ်ာက္သည္။

(၂) မၾကာခဏအန္လွ်င္ ေရွာက္ျမစ္ေသြးရည္ႏွင့္ ပ်ားရည္ ေရာစပ္ကာ ဟင္းစားဇြန္း တစ္ဇြန္း တိုက္ေပးျခင္းျဖင့္ အအန္ ရပ္သြားမည္။

(၃) ကေလးမ်ား မၾကာခဏ ႏို႔အန္ေရာဂါ ျဖစ္ေနလွ်င္ ေရွာက္ျမစ္ကို ေသြးၿပီး ၆လသားအတြင္း တစ္ပဲသားအထိ ေကာ္ဖီဇြန္းျဖင့္ တိုက္ေကြၽးပါ။

(၄) ႏွလုံးေရာင္၊ ေလထိုးေလပြ၊ လက္ျပင္ငုတ္ျခင္းႏွင့္ နာက်င္ကိုက္ခဲျခင္း တို႔အတြက္ ေရွာက္ျမစ္ ေသြးရည္၊ ပ်ားရည္ ဆတူစပ္၍ ကာဟင္းစားဇြန္း တစ္ဇြန္းစာကို မနက္၊ ညတစ္ႀကိမ္စီ ေသာက္ပါ။

Credit:Myawady News

(Unicode)

(၁) အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အဝစားမိသည့်အခါတွင် ရှောက်ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် သွေးတိုး၊ သွေးတက်၊ အစာမကြေခြင်းမှ ပြေပျောက်စေသည်။

(၂) အစာအဟာရများကို မမှီဝဲချင်ဘဲ လေခံနေခြင်း၊ လေများ မကြာခဏပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေပါက ရှောက်သီးတစ်စိတ်ကို နုပ်နုပ်စဉ်းကာ ထန်းလျက် တစ်ဆယ်သားခန့်ဖြင့် ကျကျကျိုပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ရင်မရှင်းမလင်းခြင်းများ၊ အစာမကြေ၊ လေအန်လေဆန် နေခြင်းများ သက်သာသွားမည်။

(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း၊ အကျိတ်အဖုများ ထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည်တစ်ဆ၊ နနွင်းမှုန့် တစ်ဆ၊ ထုံးတစ်ဆတို့ကို ရောလျက် မနက်၊ ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄) မီးယပ် အဆင်းများလျှင် မူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက် ရောကာ ကျွေးပေးရသည်။

(၅) သွေးတိုး ရောဂါရှင်များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက် အစိတ်သား၊ ဆားခါး တစ်ဆယ်သား၊ ကွမ်းရွက် သတ္တုရည် တစ်ဆယ်သားတို့ကို စုရောထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစား တစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်းစေပါသည်။

(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက် စိမ်ထားရသည်။ လေငန်းကြောင့် ပါးရွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက် မရ၊ ခြေတစ်ဖက်ဆွဲ များကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။

(၇) သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ဝက်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။

ဆေးဖက်ဝင် ရှောက်မြစ်-

(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင်ဆေးပြီး မကြာခဏ လိမ်းပါ။ နုလျှင်ပိန်၊ ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂) မကြာခဏအန်လျှင် ရှောက်မြစ်သွေးရည်နှင့် ပျားရည် ရောစပ်ကာ ဟင်းစားဇွန်း တစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန် ရပ်သွားမည်။

(၃) ကလေးများ မကြာခဏ နို့အန်ရောဂါ ဖြစ်နေလျှင် ရှောက်မြစ်ကို သွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင်ငုတ်ခြင်းနှင့် နာကျင်ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ် သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်း တစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီ သောက်ပါ။

Credit:Myawady News