၂ႏွစ္အၾကာအိပ္မရေအာင္ ထူးဆန္းတဲ့အသံေတြထြက္ေနတတ္တဲ့ အိမ္နံရံရဲ႕သရုပ္မွန္

စပိန္ေတာင္ပိုင္းက Andalusiaေဒသတြင္းမွာရွိတဲ့PinosPuenteၿမိဳ႕ေလးမွာညဖက္လူေျခတိတ္ခ်ိန္ဆိုတာနဲ႕နံရံအတြင္းက ထူးဆန္းတဲ့အသံေတြေၾကားေနရတာ ၂ ႏွစ္ေက်ာ္ေတာင္ရွိေနၿပီလို႕သိရပါတယ္။

ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ သူတို႕အိမ္ေလးရဲ႕ အိပ္ခန္းထဲကေနၿပီး ညဖက္အခ်ိန္ေတြဆို တစီစီညံေနတဲ့ အသံေတြကို အဆက္မျပတ္ၾကားေနရတာေၾကာင့္ ညဖက္ေတြ ႏွစ္ႏွစ္ၿခိဳက္မအိပ္ရတာၾကာေနပါၿပီ။ဘာလဲဆိုတာၾကည့္ဖို႕က်ေတာ့လည္း နံရံအေနာက္ကလာတဲ့အတြက္နံရံကိုၿဖိဳတာပဲျဖစ္ျဖစ္၊အပေါက္ထြင္းတာပဲျဖစ္ျဖစ္လုပ္ရမွာေၾကာင့္ေငြကုန္အလုပ္ရႈပ္မွာလည္း ဆိုးေနခဲ့ၾကပါတယ္။ဒါေပမဲ့လည္းလံုးဝသည္းမခံႏုိင္တဲ့ေနာက္မွာေတာ့နံရံေဖာက္ၾကည့္လိုက္တဲ့အခါဇနီးေမာင္ႏွံႏွစ္ေယာက္စလံုးကို အံ့အားသင့္သြားေစမယ့္ ျမင္ကြင္းႀကီးတစ္ခုက ဆီးႀကိဳလို႕ေနခဲ့ပတယ္။

အိပ္ခန္းနဲ႕ဧည့္ခန္းတို႕နံရံၾကားမွာဧရာမပ်ားအံ့ႀကီးဆဲြေနခဲ့လို႕လူေျခတိတ္ခ်ိန္ေတြမွာအဲဒီပ်ားအံုထဲကပ်ားေတြရဲ႕တဝီဝီျမည္သံေတြဟာ သူတို႕ႏွစ္ေယာက္စလံုးအတြက္ စိတ္အေႏွာက္အယွက္ျဖစ္ေနေစခဲ့တာပါ။

ပ်ားအံုရဲ႕အရြယ္အစားဟာ ကိုယ္တုိင္ကိုယ္က်ဖယ္ရွားဖို႕အတြက္ သိပ္ကိုႀကီးမားလြန္းၿပီးမျဖစ္ႏုိင္တာေၾကာင့္သူတို႕ေဒသက ပ်ားထိန္းသိမ္းေရးပညာရွင္တစ္ေယာက္ကို ေခၚကာအကူအညီေတာင္းခဲ့ရပါတယ္။

ပညာရွင္ရဲ႕အဆိုအရ ပ်ားအံုႀကီးဟာအရြယ္အစားႀကီးမားတာနဲ႕အမွ်ရွိေနတဲ့ပ်ားအေရအတြက္ဟာဆိုရင္လည္းအကောင္ေရ ၈၀၀၀ ေက်ာ္ေလာက္ရွိေနမယ္လို႕ ခန္႕မွန္းရမိပါတယ္တဲ့။ ကမၻာေပၚက မ်ိဳးသုဥ္းေပ်ာက္ကြယ္ဖို႕ အႏၱရာယ္နီးကပ္ေနတဲ့ အင္းဆက္ေတြထဲ ပ်ားေတြဟာ ထိပ္ဆံုးေနရာမွ ေျပးေနတဲ့အတြက္ ယခုလို အေကာင္ေရ ၈ ေထာင္ေက်ာ္ေလာက္ ေတြ႕ရတယ္ဆိုတာ ပ်ားေလာကသားေတြအတြက္ေတာ့ ဝမ္းသာစရာသတင္းတစ္ခုပါပဲ။

ဒါေၾကာင့္ ေတြ႕ရွိခဲ့တဲ့ ပ်ားအံုႀကီးကိုစနစ္စက်ခ်ိဳးဖဲ႕ကာပ်ားေတြကိုလည္းပ်က္ဆီးမႈႈမရွိေစဘဲစနစ္တက်နဲ႕ေဘးလြတ္ကင္းရာ သေဘာဝပတ္က်င္းက်င္နယ္ေျမတစ္ခုဆီကို ေျပာင္းေရႊ႕ေပးခဲ့ၾကပါတယ္။

crd-shwemom

UNICODE

စပိန်တောင်ပိုင်းက Andalusia ဒေသတွင်းမှာရှိတဲ့ Pinos Puente မြို့လေးမှာ ညဖက်လူခြေတိတ်ချိန်ဆိုတာနဲ့ နံရံအတွင်းက ထူးဆန်းတဲ့အသံတွေကြေားနေရတာ ၂ နှစ်ကျော်တောင်ရှိနေပြီလို့သိရပါတယ်။

ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့အိမ်လေးရဲ့ အိပ်ခန်းထဲကနေပြီး ညဖက်အချိန်တွေဆို တစီစီညံနေတဲ့ အသံတွေကို အဆက်မပြတ်ကြားနေရတာကြောင့် ညဖက်တွေ နှစ်နှစ်ခြိုက်မအိပ်ရတာကြာနေပါပြီ။ ဘာလဲဆိုတာ ကြည့်ဖို့ကျတော့လည်း နံရံအနောက်က လာတဲ့အတွက် နံရံကို ဖြိုတာပဲဖြစ်ဖြစ်၊ အပေါက်ထွင်းတာပဲ ဖြစ်ဖြစ် လုပ်ရမှာကြောင့် ငွေကုန်အလုပ်ရှုပ်မှာလည်း ဆိုးနေခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လုံးဝသည်းမခံနိုင်တဲ့ နောက်မှာတော့ နံရံဖောက်ကြည့်လိုက်တဲ့အခါ ဇနီးမောင်နှံနှစ်ယောက်စလုံးကို အံ့အားသင့်သွားစေမယ့် မြင်ကွင်းကြီးတစ်ခုက ဆီးကြိုလို့နေခဲ့ပတယ်။

အိပ်ခန်းနဲ့ ဧည့်ခန်းတို့နံရံကြားမှာ ဧရာမပျားအံ့ကြီးဆွဲနေခဲ့လို့ လူခြေတိတ်ချိန်တွေမှာ အဲဒီပျားအုံထဲက ပျားတွေရဲ့ တဝီဝီမြည်သံတွေဟာ သူတို့နှစ်ယောက်စလုံးအတွက် စိတ်အနှောက်အယှက်ဖြစ်နေစေခဲ့တာပါ။

ပျားအုံရဲ့အရွယ်အစားဟာ ကိုယ်တိုင်ကိုယ်ကျဖယ်ရှားဖို့အတွက် သိပ်ကိုကြီးမားလွန်းပြီး မဖြစ်နိုင်တာကြောင့် သူတို့ဒေသက ပျားထိန်းသိမ်းရေးပညာရှင်တစ်ယောက်ကို ခေါ်ကာအကူအညီတောင်းခဲ့ရပါတယ်။

ပညာရှင်ရဲ့အဆိုအရ ပျားအုံကြီးဟာ အရွယ်အစားကြီးမားတာနဲ့အမျှ ရှိနေတဲ့ ပျားအရေအတွက်ဟာဆိုရင်လည်း အကောင်ရေ ၈၀၀၀ ကျော်လောက်ရှိနေမယ်လို့ ခန့်မှန်းရမိပါတယ်တဲ့။ ကမ္ဘာပေါ်က မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်နီးကပ်နေတဲ့ အင်းဆက်တွေထဲ ပျားတွေဟာ ထိပ်ဆုံးနေရာမှ ပြေးနေတဲ့အတွက် ယခုလို အကောင်ရေ ၈ ထောင်ကျော်လောက် တွေ့ရတယ်ဆိုတာ ပျားလောကသားတွေအတွက်တော့ ဝမ်းသာစရာသတင်းတစ်ခုပါပဲ။

ဒါကြောင့် တွေ့ရှိခဲ့တဲ့ ပျားအုံကြီးကို စနစ်စကျချိုးဖဲ့ကာ ပျားတွေကိုလည်း ပျက်ဆီးမှုှုမရှိစေဘဲ စနစ်တကျနဲ့ ဘေးလွတ်ကင်းရာ သဘောဝပတ်ကျင်းကျင်နယ်မြေတစ်ခုဆီကို ပြောင်းရွှေ့ပေးခဲ့ကြပါတယ်။

crd-shwemom
Share From Global Myanmar Media