သူမနဲ့တစ်ထေရာတည်းတူတဲ့ ကလေးမလေးကို ကြည့်ပြီး အရမ်းချစ်နေတဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က သူမနဲ့ တစ်ထေရာတည်းတူတဲ့ ကလေးမလေးပုံကို ပရိသတ်တွေအတွက် ဝေမျှထားပါတယ်။

ချစ်စရာလေးနော်

ကလေးမလေးက သင်ဇာနဲ့ တော်တော်ကို တူတာပဲနော်။

အဲ့ဒီကလေးမလေးကတော့ သင်ဇာဝင့်ကျော် ကိုယ်တိုင်ပဲ ဖြစ်ပြီး ဖုန်းမှ Snapchat Filter နဲ့ ရိုက်ကူးထားတဲ့ ပုံတစ်ပုံဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကလည်း သူမရဲ့ ကလေးပုံစံလေးကိုကြည့်ပြီး “ဒီတစ်ခါပဲ ကိုယ့်ကိုကိုယ် ချစ်ဖူးသေးတယ်” ဆိုပြီးလည်း ရေးထားပါသေးတယ်။

သင်ဇာ့ကို အခုလို ကလေးပုံစံလေးနဲ့ တွေ့ရတာ တော်တော်လေး ချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ဘေဘီသင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Thin Zar Wint Kyaw’s ig

Share From Lovely Myanmar