You are here
Home > CELE > နန်းဆန်တဲ့ပွဲတက်ဝတ်စုံလေးနဲ့ တစ်ကိုယ်တော်အလှပုံရိပ်တွေကို တင်ဆက်ပြသပေးလိုက်တဲ့ ဝင့်ယမုံနိုင်

နန်းဆန်တဲ့ပွဲတက်ဝတ်စုံလေးနဲ့ တစ်ကိုယ်တော်အလှပုံရိပ်တွေကို တင်ဆက်ပြသပေးလိုက်တဲ့ ဝင့်ယမုံနိုင်

တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတဲ့သရုပ်ဆောင်မင်းသမီး ဝင့်ယမုံနိုင်ကို ပရိသတ်ကြီးအား အထူးတလည်မိတ်ဆက်ပေးစရာ မလိုဖူးထင်ပါတယ်နော်။

“စိတ်၏ခြေရာ”၊ “ကျမကမဟေသီ” စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် အားပေးခဲ့ကြရမှာဖြစ်ပါတယ်။ သူမရဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာလှပနေတာကိုလည်း ပရိသတ်တို့ကြည့်ရှုခံစားကြရမှာပါနော်။


သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ မင်းသားအောင်ရေချမ်းနဲ့အတူ photo shooting တွေ အများဆုံးရိုက်ကူးလေ့ရှိပြီး ကြော်ငြာ၊ မဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်။

နောက်ထွက်မယ့် ရုပ်သံဇာတ်လမ်းတွေ အတွက်လည်းကြိုးစားပြင်ဆင် လျက်ရှိကြီး ပရိသတ်ကြီးတို့စောင့်မျှော်အားပေးကြရမှာပါ။ ချစ်စရာအမူအရာလေးတွေနဲ့ လူတိုင်းအပေါ် ရိုးသားဖြူစင်စွာ ပေါင်းသင်းဆက်ဆံတက်တဲ့အတွက်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်။

ဝင့်ယမုံနိုင်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း စိန်းနန်းတော် အခမ်းအနားပွဲသို့တက်ရောက်ခဲ့ပြီး အမှတ်တရ အလှပုံရိပ်လေးတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး “ချစ်တတ်ဖို့ရယ် …. ခွှင့်လွှတ်တတ်ဖို့ရယ်” အဆိုပါစာသားလေးနဲ့တကွ သူမရဲ့ official facebook page တွင်ထုတ်ဖော်ပြသထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်…။

 

Source Wint Yamon Naing Credit-myanmarload

Share From Lucky Myanmar

Top
//dukingdraon.com/4/3018672