သူ့အသက်ကို ကယ်ခဲ့တဲ့ လေယာဉ်မှူးကြီးကို သွားရောက် ကန်တော့ခဲ့တဲ့ သရုပ်ဆောင် စည်သူမောင်





Source : Si Thu Maung FB

မတော်တဆမှု ဖြစ်ပွားသောလေယာဉ်ပေါ်တွင် ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင် နေမင်း စည်သူမောင် ခင်လေးနွယ် ယုသန္တာတင် နှင့်MRTVရုပ်သံဝန်ထမ်းများအပါအဝင် ခရီးသည် ၈၂ ဦး လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမှမရှိခဲ့ပါဘူး

ဒါကြောင့် သရုပ်ဆောင်စည်သူမောင်က လေယာဉ်မှူးကြီး မြတ်မိုးအောင်ကို အသက်သခင်ကျေးဇူးရှင်လို့ သဘောထားပြီး သွားရောက်ကန်တော့ခဲ့တာဖြစ်ပါတယ်

ဘဝမှာတခါမှမကြုံဖူးတဲ့ အဖြစ်ပါ။ လေယာဉ်က အခန့်မသင့်ရင် အချိန်မရွေး မီးလောင်သွားနိုင်တယ် ၊မနက်ကဘုရားကန်တော့ခဲ့တယ်။ သံဗုဒ္ဓေ တွေရွတ်၊ မေတ္တာသုတ် တွေ ပဌာန်းတွေ ရွတ်တယ်။ မိဘတွေ ကို စိတ်ချမ်းသာအောင်ထား လုပ်ကြွေးခဲ့တာတွေတွေးတယ်။ တကယ်ဆင်းချသွားချိန်မှာ တကယ့်ကို ကြက်သီးထစရာပါ ” လို့ သရုပ်ဆောင် စည်သူမောင်က သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်

” ဒီလိုသေဘေးတစ်ခုကနေ လွတ်မြောက်လာတဲ့အချိန်မှာ ကျွန်တော်ရဲ့ တချို့သော အတွေးအခေါ်တွေ ၊ အထင်အမြင်အယူအဆတွေ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားတယ်။ ဘာလို့လည်းဆိုတော့ ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ဘယ်သူမှကြိုမသိထားဘူးလေ။” ဆိုပြီး ပြောလိုက်တဲ့ သရုပ်ဆောင် စည်သူမောင် က ဘာသာရေးပိုလုပ်ဖြစ်လာတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

Source : Si Thu Maung FB