.ေရယုန္ေပါက္တာကို ယူပစ္သလို ေပ်ာက္ကင္းေစႏုိင္မယ့္ အလြန္ထိေရာက္တဲ့ နည္းလမ္းေကာင္းမ်ား…၊

Zawgyi ျဖင့္ဖတ္၇န္

ေရယုန္ေပါက္တာကို ယူပစ္သလို ေပ်ာက္ကင္းေစႏုိင္မယ့္ အလြန္ထိေရာက္တဲ့ နည္းလမ္းေကာင္းမ်ား

ေရယုန္ဆိုတဲ့ေရာဂါဟာ လူတစ္ဦးနဲ႕တစ္ဦး နီးနီးစပ္စပ္ေနတဲ့အခါမွာ အလြယ္တကူကူးစက္ႏိုင္တဲ့ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္ပါတယ္။
အမ်ိဳးသားေရာ အမ်ိဳးသမီးမွာပါ ေရယုန္ေပါက္တတ္ၿပီး လူတစ္ဦးနဲ႕တစ္ဦးထိေတြ႕တာအျပင္ ေနေရာင္ျခည္နဲ႕ထိေတြ႕မႈလြန္ကဲျခင္း၊ ေဟာ္မုန္းညီမွ်မႈမရွိျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊

အစားအေသာက္မတည့္ျခင္း၊ တံေတြးမ်ားႏွင့္ တိုက္ရိုက္ထိေတြ႕ျခင္း စတဲ့ အေႀကာင္းအရင္းေတြေႀကာင့္ ျဖစ္လာႏုိင္ပါတယ္။
ဒါေႀကာင့္ ဒီလိုေနမသိထိုင္မသာျဖစ္ေစမယ့္ ေရယုန္ရဲ႕ျပႆနာကို ေျဖရွင္းႏုိင္မယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

ေရခဲကပ္ျခင္း

အပူျဖစ္ျဖစ္၊ အေအးျဖစ္ျဖစ္ ကပ္ေပးျခင္းက ေရယုန္ေပါက္ျခင္းေႀကာင့္ ျဖစ္လာရတဲ့ နာက်င္ေယာင္ရမ္းမႈနဲ႕ အျခားမသက္မသာျဖစ္ျခင္းတုိ႕ကို သက္သာေစႏုိင္ပါတယ္။

ေရခဲတံုးအနည္းငယ္ကို အ၀တ္ပါးပါးတစ္ခုထဲ ထည့္ခ်ည္ၿပီး ေရယုန္ျဖစ္ေနတဲ့ ေနရာေတြကို ညွင္သာစြာ ဖိေပးပါ။ ၁၅ မိနစ္ေလာက္ထားေပးၿပီးရင္ ခဏနား၍ ေနာက္တစ္ေခါက္ျပန္လုပ္ေပးပါ။
အနာသက္သာသြားသည္အထိ တေန႕လွ်င္ မႀကာမႀကာလုပ္ေပးပါ။

ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္က အသားအေရရဲ႕ pH levels ကို ထိန္းညိွေပးလို႕ ယားယံမႈနဲ႕ က်ိန္းစပ္စပ္ျဖစ္ျခင္းကို ေလ်ာ့က်ေစပါတယ္။
ပန္းသီးရွာလကာရည္အနည္းငယ္ကို ပန္းကန္လံုးအေသးထဲထည့္ၿပီး ဂြမ္းလံုးကိုႏွစ္ေပးပါ။ ၿပီးရင္ ေရယုန္ေပါက္ေနတဲ့ အသားအေရေနရာေပၚမွာ သုတ္လိမ္းေပးၿပီး မိနစ္အနည္းထားေပးပါ။

ၿပီးလွ်င္ေတာ့ ေရေႏြးေႏြးေလးနဲ႕သန္႕စင္ၿပီး အသားအေရကို ေျခာက္ေအာင္သုတ္ေပးပါ။ တစ္ေန႕လွ်င္ သံုးႀကိမ္- ေလးႀကိမ္လုပ္ေဆာင္ေပးပါ။

ႀကက္သြန္ျဖဴ

Antimicrobial, Antiviral ႏွင့္ Anti-inflammatory ဓာတ္သတၱိတုိ႕ႀကြယ္၀တဲ့ ႀကက္သြန္ျဖဴကိုလည္း ေရယုန္နဲ႕ အျခားေပါက္နာမ်ားအတြက္ အသံုးျပဳေပးႏုိင္ပါတယ္။
ႀကက္သြန္ျဖဴ ၂ ၿမႊာကို ေႀကေအာင္ေထာင္းေပးၿပီး ေရယုန္အနာေပၚမွာ ၁၅ မိနစ္ခန္႕ထားေပးပါ။ အခ်ိန္ျပည့္လွ်င္ ဖယ္လိုက္ၿပီး အရွင္းေပ်ာက္ကင္းသြားသည္အထိ တေန႕လွ်င္ ၂ ႀကိ္မ္ မွ ၃ ႀကိမ္ အထိ လုပ္ေဆာင္ေပးပါ။

ႏြယ္ခ်ဳိျမစ္

ႏြယ္ခ်ဳိျမစ္ထဲမွ Glycyrrhizin ဓာတ္က ေရယုန္ကိုျဖစ္ေစႏိုင္တဲ့ ဗုိင္းရပ္စ္ပိုးေတြကို ကုသရန္ကုညီေပးၿပီး ကိုယ္ခံအားလည္းျမွင့္တင္ေပးပါတယ္။
ႏြယ္ခ်ိဳအမႈန္႕ လက္ဖက္ရည္ဇြန္း ၁ ဇြန္းကို ေရ လက္ဖက္ရည္ဇြန္း တ၀က္ခန္႕နဲ႕ ေရာစပ္ၿပီး အႏွစ္ရေအာင္ေမႊေပးပါ။ ၿပီးသြားလွ်င္ ေရယုန္ေပါက္ေနသည့္ေနရာေပၚမွာ သုတ္လိမ္းေပးၿပီး

နာရီအနည္းငယ္ႀကာေအာင္ ထားထားေပးပါ။ အခ်ိန္ျပည့္သြားလွ်င္ ေရနဲ႕သစ္ေဆးၿပီး ေျခာက္ေအာင္ သုတ္ေပးပါ။ အရွင္းေပ်ာက္သြားသည္အထိ တေန႕လွ်င္ ၄ႀကိမ္ေလာက္ လုပ္ေဆာင္ေပးပါ။
Credit to My Health

Unicodeဖြင့်ဖတ်ရန်

ရေယုန်ပေါက်တာကို ယူပစ်သလို ပျောက်ကင်းစေနိုင်မယ့် အလွန်ထိရောက်တဲ့ နည်းလမ်းကောင်းများ
ရေယုန်ဆိုတဲ့ရောဂါဟာ လူတစ်ဦးနဲ့တစ်ဦး နီးနီးစပ်စပ်နေတဲ့အခါမှာ အလွယ်တကူကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။

အမျိုးသားရော အမျိုးသမီးမှာပါ ရေယုန်ပေါက်တတ်ပြီး လူတစ်ဦးနဲ့တစ်ဦးထိတွေ့တာအပြင် နေရောင်ခြည်နဲ့ထိတွေ့မှုလွန်ကဲခြင်း၊ ဟော်မုန်းညီမျှမှုမရှိခြင်း၊ စိတ်ဖိစီးမှုများခြင်း၊

အစားအသောက်မတည့်ခြင်း၊ တံတွေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီလိုနေမသိထိုင်မသာဖြစ်စေမယ့် ရေယုန်ရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ရေခဲကပ်ခြင်း

အပူဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် ကပ်ပေးခြင်းက ရေယုန်ပေါက်ခြင်းကြောင့် ဖြစ်လာရတဲ့ နာကျင်ယောင်ရမ်းမှုနဲ့ အခြားမသက်မသာဖြစ်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

ရေခဲတုံးအနည်းငယ်ကို အဝတ်ပါးပါးတစ်ခုထဲ ထည့်ချည်ပြီး ရေယုန်ဖြစ်နေတဲ့ နေရာတွေကို ညှင်သာစွာ ဖိပေးပါ။ ၁၅ မိနစ်လောက်ထားပေးပြီးရင် ခဏနား၍ နောက်တစ်ခေါက်ပြန်လုပ်ပေးပါ။
အနာသက်သာသွားသည်အထိ တနေ့လျှင် မကြာမကြာလုပ်ပေးပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အသားအရေရဲ့ pH levels ကို ထိန်းညှိပေးလို့ ယားယံမှုနဲ့ ကျိန်းစပ်စပ်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။
ပန်းသီးရှာလကာရည်အနည်းငယ်ကို ပန်းကန်လုံးအသေးထဲထည့်ပြီး ဂွမ်းလုံးကိုနှစ်ပေးပါ။ ပြီးရင် ရေယုန်ပေါက်နေတဲ့ အသားအရေနေရာပေါ်မှာ သုတ်လိမ်းပေးပြီး မိနစ်အနည်းထားပေးပါ။

ပြီးလျှင်တော့ ရေနွေးနွေးလေးနဲ့သန့်စင်ပြီး အသားအရေကို ခြောက်အောင်သုတ်ပေးပါ။ တစ်နေ့လျှင် သုံးကြိမ်- လေးကြိမ်လုပ်ဆောင်ပေးပါ။
ကြက်သွန်ဖြူ

Antimicrobial, Antiviral နှင့် Anti-inflammatory ဓာတ်သတ္တိတို့ကြွယ်ဝတဲ့ ကြက်သွန်ဖြူကိုလည်း ရေယုန်နဲ့ အခြားပေါက်နာများအတွက် အသုံးပြုပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ ၂ မြွှာကို ကြေအောင်ထောင်းပေးပြီး ရေယုန်အနာပေါ်မှာ ၁၅ မိနစ်ခန့်ထားပေးပါ။ အချိန်ပြည့်လျှင် ဖယ်လိုက်ပြီး အရှင်းပျောက်ကင်းသွားသည်အထိ တနေ့လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ လုပ်ဆောင်ပေးပါ။

နွယ်ချိုမြစ်
နွယ်ချိုမြစ်ထဲမှ Glycyrrhizin ဓာတ်က ရေယုန်ကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကုသရန်ကုညီပေးပြီး ကိုယ်ခံအားလည်းမြှင့်တင်ပေးပါတယ်။
နွယ်ချိုအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း တဝက်ခန့်နဲ့ ရောစပ်ပြီး အနှစ်ရအောင်မွှေပေးပါ။ ပြီးသွားလျှင် ရေယုန်ပေါက်နေသည့်နေရာပေါ်မှာ သုတ်လိမ်းပေးပြီး

နာရီအနည်းငယ်ကြာအောင် ထားထားပေးပါ။ အချိန်ပြည့်သွားလျှင် ရေနဲ့သစ်ဆေးပြီး ခြောက်အောင် သုတ်ပေးပါ။ အရှင်းပျောက်သွားသည်အထိ တနေ့လျှင် ၄ကြိမ်လောက် လုပ်ဆောင်ပေးပါ။
Credit to My Health

Leave a Reply

Your email address will not be published. Required fields are marked *