သရုပ်ဆောင် ကစ်ကစ်ကွယ်လွန်သွားပြီ ဆိုတာသတင်းအမှားကြီးဖြစ်ပါတယ်

ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်ခြင်းမှာ မဟုတ်မှန်ကြောင်း သရုပ်ဆောင် ခင်သဇင်ပြောကြား

ဟာသသရုပ်ဆောင် ကစ်ကစ်သည် ယနေ့ (မေ ၂၃) ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သရုပ်ဆောင် ခင်သဇင်အား ဆက်သွယ်မေးမြန်းရာတွင် ကွယ်လွန်သည့် သတင်းမှာ မဟုတ်မှန်ကြောင်း ၎င်းင်းကပြောကြားခဲ့သည်။

“ မဆုံးပါဘူး မောင်လေးရယ် အစ်မလည်းအခု Post တင်တော့မလို့ပါ” ဟု သရုပ်ဆောင် ခင်သဇင်က မေ ၂၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ တွင် ပြောကြားခဲ့သည်။

သရုပ်ဆောင် ခင်သဇင်မှာ ဟာသသရုပ်ဆောင် ကစ်ကစ်အား အနီးကပ်ပြုစု စောင့်ရှောက်နေသူ တစ်ဦးဖြစ်သည်။

ဟာသသရုပ်ဆောင် ကစ်ကစ်မှာ ကျောက်ကပ်ရောဂါ ခံစားနေရသူတစ်ဦးလည်း ဖြစ်သည်။

Source : eleven news

“သတင်းအမှားပါ။ဆုံးပြီဆိုတဲ့ သတင်းတွေ ထွက်နေတော့ စိတ်မကောင်းဘူး။ လက်ရှိကျန်းမာရေး အခြေအနေက သိပ်မကောင်းဘူး။

အမြန်ဆုံး သက်သာလာအောင် ပရိသတ်တွေ ဆုတောင်းပေးကြပါ”လို့ ကစ်ကစ်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်က ည ၁၁:၄၂ က Duwun Media ကိုပြောပါတယ်။

ထိ

ဇာတ်ရံ၊ ဟာသ သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်သွားပြီ လို့ Online မီဒီယာတစ်ချို့က မှားယွင်းစွာ ရေးသား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး

“ကစ်ကစ် ကွယ်လွန်တယ် ဆိုတာ မဟုတ်ပါဘူး” လို့ ပြောလာတဲ့ အနီးကပ် ကူညီထောက်ပံ့ ကုသပေးနေသူ၊ သရုပ်ဆောင် ခင်သဇင် ။

Source : mc