သူမရဲ့ ပရိသတ်ကို မကောင်းပြောတာမခံနိုင်လို့ ပြန်လည်တုံ့ပြန်လိုက်တဲ့ သံသာမိုးသိမ့်




SOurce: Than thar moe theint,CRD-Shwemom

UNICODE

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ မင်းသမီးလေးဖြစ်တဲ့ သံသာမိုးသိမ့်ကတော့ ဒီကနေ့မှာ သူမရဲ့ ပရိသတ်တစ်ယောက်ဆီကနေ Surpriseတစ်ခုရရှိခဲ့ပါတယ်။ အဲဒီ Surprise ကတော့ သံသာမိုးသိမ့်ကိုတောင် မျက်ရည်ဝဲသွားစေခဲ့ပါတယ်။

သံသာမိုးသိမ့်ရဲ့ ပရိသတ်ကတော့ သံသာမိုးသိမ့်ရဲ့ နာမည်ကို သူ့ရဲ့ တက်တူးထိုးခဲ့တာဖြစ်ပါတယ်။ သံသာမိုးသိမ့်ကတော့ သူရဲ့ ပရိသတ်ကပေးတဲ့ Surpriseလေးကို ဓါတ်ပုံနဲ့တကွ ဖေစ်ဘုတ်ပေါ်မှာ တင်ထားပြီး “အမဘယ်ရောက်ရောက် ရအောင်လာသူသူချစ်ကြောင်းကို သူ့အသားအနာခံပြီးပြခဲ့သူ💙 အမတကယ် ဝမ်းနည်းလို့မျက်ရည်ပါလည်ရတယ်ကွယ်” လို့ရေးထားတာဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတစ်ယောက်ကတော့ သံသာမိုးသိမ့်ရဲ့ ပိုစ့်အောက်မှာ အရည်မရ အဖတ်မရတွေလို့ ကွန်းမန့်ရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကို မကောင်းပြောတာ မခံနိုင်တဲ့ သံသာမိုးသိမ့်ကတော့ အခုလိုပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သံသာမိုးသိမ့်ရဲ့ ပရိသတ်တွေကတော့ ပိုပြီးတော့တောင် အချစ်ပိုနေကြပါပြီ။

Share From Global Myanmar Media