ချစ်သဲမေ CeleGabar
ယူနီကုတ်ဖြင့်ဖတ်ရန်
သမီးလေးပျော်နေမယ်ဆိုရင် ဘာမဆိုဖြည့်ဆည်းဖို့အသင့်ပဲဆိုတဲ့ မျိုးစန္ဒီကျော်
သူကတော့ ပရိသတ်အားပေးမှုကိုလက်ခံရရှိထားတဲ့ အနုပညာရှင်မင်းသမီးတွေထဲက ဝါရင့်မင်းသမီးတစ်ယောက်လို့ဆိုနိုင်ပါတယ်။ အကြောင်းမတိုက်ဆိုင်လို့အိမ်ထောင်ရေး နားလည်မှုလွဲကာ လမ်းခွဲခဲ့ရတယ်။ ခုတော့ သမီးလေးနဲ့ ပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ် ။ သမီးလေးပျော်နေမယ်ဆိုရင် ဘာမဆိုဖြည့်ဆည်းဖို့အသင့်ပဲဆိုတဲ့ အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။
သူအိမ်ထောင်ရေးနဲ့ပတ်သက်ပြီး“ အမေနဲ့နေတဲ့အတွက်သူမှာအဖေမရှိဘူး အဖေနဲ့လည်းအဆင်မပြေတဲ့အတူမရှိဘူး။ ဒါကတော့ အတူတူနေပြီးတော့ကလေးစိတ်ဒဏ်ရာ ရမှာထက်စာရင် ခုတော့သူကအရမ်းပျော်ရွှင်တဲ့ဘဝကိုဖြတ်သန်းနေတာ လိုတယ်မရှိအောင်ဖြည့်ဆည်းပေးထားတယ်။ သူကိုကြည့်လိုက်ရင်စိတ်ဆင်းရဲရတာမရှိဘူး ။အမကသာ သူကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရတာ။ သမီးလေးပျော်နေရင်အမ ဘာမဆိုဖြည့်ဆည်းဖို့အသင့်ပဲဆိုတော့ ကျန်တဲ့စိတ်ဆင်းရဲမှုတော့မရှိပါဘူး လို့ပြောပြထားပြီးတော့
သမီးလေးအကြောင်းကိုလည်း “သမီးလေးကမေးတာတွေဘာတွေတော့မရှိဘူး ဒါပေမယ့် အိမ်မှာ အစ်မညီမကမွေးတဲ့ တူလေးတစ်ယောက်ရှိတယ်။ သူက သူ့အကိုကို တအားချစ်တာ အစ်မဆိုင်လာတယ် ရှုတင်ရှိလို့လာတယ်ဆိုရင် နေတယ် အဖိုးအဘွာ းတွေနဲ့လည်းနေတယ်။ သူရဲ့သိတတ်တဲ့စိတ်ကလေးကိုတခါတလေတော့သနားတယ်။ အစ်မကပြောထားတယ် မေမေအပြင်သွားတာသွားချင်လို့သွားတာမဟုတ်ဘူး ရှုတင်သွား.ချင်လို့မဟုတ်ဘူး။
သမီးလေးအတွက်ပေါ့နော် အလုပ်လုပ်တော့မှမေမေကပိုက်ဆံရမှာ ပိုက်ဆံရမှ သမီးလေးလိုချင်တာတွေဝယ်ပေးနိုင်မှာ သမီးနေချင်တဲ့ကျောင်းမှာထားပေးနိုင်မှာ နားလည်အောင်ပြောပြထားတယ်။ သူကနားလည်တယ် အပြင်ကိုခေါ်လို့ရရင်တော့ခေါ်သွားတယ်။
သမီးလေးကကိုယ့်အားကိုကိုးချင်တဲ့စိတ်ရှိတယ် အစ်မအဲဒါကိုတော့သဘောကျတယ်။ စိတ်မြန်တာတစ်ခုကတော့အစ်မနဲ့တူတယ်။ ကျောင်းကပြန်လာလို့ အင်္ကျီ လဲပေးမယ်ဆိုလည်း မလဲပေးနဲ့ မီးမီးဘာမီးမီးလဲမယ်အဲလို သူကဦးဆောင်ချင်စိတ်ရှိတယ်“ ဆိုပြီးတော့ မှတ်ချက်ပေးခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဦးဆောင်ချင်စိတ်ရှိတဲ့ သမီးလေးအတွက် မေမေ မျိုးစန္ဒီကျော်ကဘာမဆိုဖြည့်ဆည်းဖို့အသင့်ပဲဆိုတဲ့ အပေါ်မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar
Share From CeleGabar