ဧရာမမြွေကြီးနဲ့ ရိုက်ကူးရေးလုပ်နေရလို့ အရမ်းကြောက်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယို

အနုပညာအလုပ်ဆိုတာ အပေါ်ယံကြည့်ရင် လွယ်တယ် ထင်ရပေမယ့် တကယ်တမ်း ပုံဖော်နေကြသူတွေအဖို့တော့ စိတ်ရော၊ ကိုယ်ရောနှစ်ပြီး လုပ်ရတဲ့အပြင် တစ်ခါတစ်လေမှာလည်း ကိုယ်မကြိုက်တာကိုလည်း သည်းခံပြီး လုပ်ပြရတာမျိုးတွေ ရှိပါတယ်။ ဒီနေ့မှာလည်း သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ် ကြိုးစားနေတဲ့ နေခြည်ဦးက သူမပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်လမ်းထဲမှာ ဧရာမမြွေကြီးနဲ့ ရိုက်ကူးရမယ့်အခန်းပါလို့ ကြောက်ရွံ့နေပေမယ့် အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ သာမန်မိန်းကလေးဆို မလုပ်ရဲနိုင်လောက်တဲ့ အခန်းကို အရဲစွန့်ပြီး လုပ်နေတဲ့ နေခြည်ဦးကတော့ တကယ့်ကို စိတ်ဓါတ်မာသူတစ်ဦးပဲ ဖြစ်ပါတယ်

ပရိသတ်တွေအတွက် ဧရာမမြွေကြီးနဲ့ ရိုက်ကူးရေးလုပ်နေရလို့ အရမ်းကြောက်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။နေခြည်ဦးကတော့ မင်းသားချောလေး နေတိုးနဲ့အတူ အရမ်းကို ရိုမန့်တစ်ဆန်လွန်းတဲ့ ‘အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်နေတာပဲ ဖြစ်ပါတယ်။

နေတိုးနဲ့ နေခြည်ဦးတို့ သရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကြီးကိုတော့ ပရိသတ်တွေကလည်း အရမ်းစိတ်ဝင်စားနေကြတာပါ။ အလုပ်တစ်ခုကို စတင်လိုက်ကတည်းက ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို မလျှော့ပဲ ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ချီလီလေးတွေက အကယ်ဒမီရ မင်းသမီးတစ်ဦးအနေနဲ့ မြင်ချင်နေကြပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြွေကြီးကို ကြောက်နေတဲ့ အရမ်းကို ချစ်ဖို့ကောင်းတဲ့ ​နေခြည်ဦးရဲ့ဗီဒီယိုလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

credit – momolay
Share From Lucky Myanmar