
ေယာက်္ားေလးေတြဟာမိနး္ကေလးေတြနဲ႔အခ်စ္ကိုေဖာ္ျပပံုခ်င္းမတူပါဘူး။မိန္းကေလးေတြလိုခံစားခ်က္ကိုအေသးစိတ္က်က်မေဖာ္ျပတတ္ဘူးဆိုေပမယ့္သူတုိ႔တကယ္ခ်စ္လား၊မခ်စ္လားဆိုတာကိုေတာ့သူတို႔ရဲ႕အျပဳအမူကေနတစ္ဆင့္သိလို႔ရပါတယ္။သင့္ကိုရူးမတတ္ခ်စ္တဲ့ခ်စ္သူဆုိတာဒီ(၇)ခ်က္စလံုးနဲ႔မဟုတ္ရင္ေတာင္ေတာ္ေတာ္မ်ားမ်ားနဲ႔တိုက္ဆိုင္ေနမွာျဖစ္ျပီးဒီလိုခ်စ္သူမ်ိဳးကုိပို္င္ဆိုင္ထားတယ္ဆိုရင္ေတာ့သင္ဟာတကယ္ကိုကံေကာင္းတဲ့မိန္းကေလးတစ္ေယာက္ပါ။
(၁) သင့္ကုိအျမဲအခ်ိန္ေပးတယ္
သင့္ခ်စ္သူဟာ သင့္ကို အျမဲတမ္းအခ်ိန္ေပးတဲ့သူမ်ိဳးပါ။ သူဘယ္ေလာက္ပဲ အလုပ္မ်ားမ်ား၊ ဘယ္ေလာက္ပဲ အဆင္မေျပေနပါေစ သင့္ကိုေတာ့ ရေအာင္အခ်ိန္ေပးမယ့္သူပါ။ သင့္အနားမွာ ရွိမေနႏိုင္သည့္တိုင္ေအာင္ ဖုန္းဆက္တာ၊ စာပို႕တာမ်ိဳးေလးေတြနဲ႔တစ္ဆင့္ သင့္ကိုသူသတိရေၾကာင္း၊ လြမး္ေၾကာင္း ေဖာ္ျပေပးမယ့္သူမ်ိဳးပါ။
(၂) သင့္ကိုဦးစားေပးတယ္
သင့္ခ်စ္သူဟာ သင့္ကိုအျမဲေပ်ာ္ေနေစခ်င္တဲ့သူပါ။သင္ေပ်ာ္ရႊင္ေစဖို႔အတြက္သူတတ္ႏိုင္သမွ်ၾကိဳးစားမယ့္သူမ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္သူအနားမွာေနရရင္သင္ဟာအျမဲတမး္ေပ်ာ္ေနရမွာျဖစ္ျပီးစိတ္ညစ္တဲ့အခ်ိန္ေတြမွာေတာင္သင့္ကိုစိတ္သက္သာရာရေစမယ့္သူမ်ိဳးျဖစ္ပါတယ္။
(၃) မ်က္လံုးကေနတစ္ဆင့္သိႏိုင္တယ္
သင့္ကိုတကယ္ခ်စ္တဲ့ေယာက်္ားေလးတစ္ေယာက္ဟာသင့္ကိုၾကည့္တဲ့အၾကည့္ေတြမွာျမတ္ႏိုး္ျခငး္၊တြယ္တာျခင္း၊ေလးစားျခင္းေတြပါဝင္ေနမွာပါ။သင့္ကိုသူၾကည့္လုိက္တဲ့အခ်ိန္တိုင္းမွာသင့္ကိုသူတကယ္ခ်စ္တယ္ဆိုတာကိုအလိုလိုခံစားမိေနမွာပါ။
(၄) သင္နဲ႔ေတြ႕ဆံုႏိုင္ဖုိ႔ အျမဲၾကိဳးစားတယ္
သင့္ခ်စ္သူဟာ သင့္အနားမွာ၊ သင္နဲ႔ အနီးဆံုးမွာအျမဲတမး္ေနခ်င္တဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္နဲ႔ ေတြ႕ဆံုႏိုင္ဖို႔အတြက္ အျမဲၾကိဳးစားေနမယ့္သူျဖစ္ပါတယ္။ဘယ္ေလာက္ပဲမအားရင္ေတာင္သင္နဲ႔ခဏေလာက္ျဖစ္ျဖစ္ေတြ႕ခြင့္ကိုၾကိဳးစားဖန္တီးမယ့္သူျဖစ္ပါတယ္။
(၅) သင့္ကိုရင္ဖြင့္တယ္
သင့္ခ်စ္သူဟာ သူ႔ရဲ႕ ဝါသနာေတြ၊ အစီအစဥ္ေတြ၊ စိတ္ကူးအိပ္မက္ေတြကို သင့္ကိုအျမဲတမ္းေျပာျပမယ့္သူပါ။ ဒါ့အျပင္ သူ႔ရဲ႕ခံစားခ်က္ေတြ၊ သူ႔အေၾကာင္းေတြကို အျမဲေျပာျပတတ္တဲ့သူပါ။အေၾကာင္းကေတာ့သူ႔အေၾကာင္းကုိအရင္ကထက္ပိုျပီး နားလည္လာရံုသာမက သင္နဲ႔သူ႕ၾကားမွာ ဖုံးကြယ္ထားတဲ့အရာေတြ မရွိေစခ်င္လို႔ပါ။
(၆) အလွျပင္တယ္
အလွျပင္တယ္ဆိုလို႔ မိတ္ကပ္ေတြလိမ္း၊ ႏႈတ္ခမး္နီေတြဆိုးတာကို ဆိုလိုတာမဟုတ္ပါဘူး။အဝတ္အစားေတြသပ္သပ္ရပ္ရပ္ ဝတ္ဆင္တာ၊ သန္႔သန္႔ျပန္႔ျပန္႔ေနတာ၊ သင္နဲ႔ေတြ႕တဲ့အခါ ျဖစ္သလို ဘယ္ေတာ့မွ မေနတာေတြဟာသင့္ကိုအရမး္ခ်စ္လို႔ပါ။ သင့္အျမင္မွာ သူဟာ အျမဲတမး္ ဆြဲေဆာင္မႈရွိတဲ့သူျဖစ္ခ်င္ျပီး ဘယ္ေတာ့မွ သူ႔ကိုရိုးအီမသြားေစခ်င္လို႔ပါ။
(၇) သူ႕ရဲ႕အနာဂတ္တုိင္းမွာ သင္ပါတယ္
သင့္ခ်စ္သူအတြက္ သင္ဟာ ေလာေလာဆယ္အတြက္ပဲ မဟုတ္ပါဘူး။ ဘဝတစ္သက္စာအတြက္ျဖစ္ပါတယ္။ သင္နဲ႔ အတူတူအနာဂတ္ကိုတည္ေဆာက္ဖုိ႔အျမဲတမး္စဥ္းစားေနတဲ့သူျဖစ္ပါတယ္။ဒါေၾကာင့္သူ႔ရဲ႕ေရွ႕ေရး၊အနာဂတ္အေၾကာင္းေျပာတဲ့အခါတုိင္း သင္လည္း ပါဝင္ေနမွာျဖစ္ပါတယ္။
CRD-Aunty May
UNICODE
ယောကျ်ားလေးတွေဟာ မိန်းကလေးတွေနဲ့ အချစ်ကို ဖော်ပြပုံချင်းမတူပါဘူး။ မိန်းကလေးတွေလို ခံစားချက်ကို အသေးစိတ်ကျကျ မဖော်ပြတတ်ဘူးဆိုပေမယ့် သူတို့တကယ်ချစ်လား၊ မချစ်လားဆိုတာကိုတော့ သူတို့ရဲ့ အပြုအမူကနေတစ်ဆင့် သိလို့ရပါတယ်။ သင့်ကိုရူးမတတ်ချစ်တဲ့ ချစ်သူဆိုတာ ဒီ (၇) ချက်စလုံးနဲ့ မဟုတ်ရင်တောင် တော်တော်များများနဲ့ တိုက်ဆိုင်နေမှာဖြစ်ပြီး ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ တကယ်ကိုကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ။
(၁) သင့်ကိုအမြဲအချိန်ပေးတယ်
သင့်ချစ်သူဟာ သင့်ကို အမြဲတမ်းအချိန်ပေးတဲ့သူမျိုးပါ။ သူဘယ်လောက်ပဲ အလုပ်များများ၊ ဘယ်လောက်ပဲ အဆင်မပြေနေပါစေ သင့်ကိုတော့ ရအောင်အချိန်ပေးမယ့်သူပါ။ သင့်အနားမှာ ရှိမနေနိုင်သည့်တိုင်အောင် ဖုန်းဆက်တာ၊ စာပို့တာမျိုးလေးတွေနဲ့တစ်ဆင့် သင့်ကိုသူသတိရကြောင်း၊ လွမ်းကြောင်း ဖော်ပြပေးမယ့်သူမျိုးပါ။
(၂) သင့်ကိုဦးစားပေးတယ်
သင့်ချစ်သူဟာ သင့်ကိုအမြဲပျော်နေစေချင်တဲ့သူပါ။ သင်ပျော်ရွှင်စေဖို့အတွက် သူတတ်နိုင်သမျှ ကြိုးစားမယ့်သူမျိုးဖြစ်ပါတယ်။ ဒါကြောင့်သူအနားမှာ နေရရင် သင်ဟာ အမြဲတမ်းပျော်နေရမှာဖြစ်ပြီး စိတ်ညစ်တဲ့အချိန်တွေမှာတောင် သင့်ကိုစိတ်သက်သာရာရစေမယ့်သူမျိုးဖြစ်ပါတယ်။
(၃) မျက်လုံးကနေတစ်ဆင့်သိနိုင်တယ်
သင့်ကိုတကယ်ချစ်တဲ့ ယောကျ်ားလေးတစ်ယောက်ဟာ သင့်ကိုကြည့်တဲ့အကြည့်တွေမှာ မြတ်နိုးခြင်း၊ တွယ်တာခြင်း၊ လေးစားခြင်းတွေ ပါဝင်နေမှာပါ။ သင့်ကိုသူကြည့်လိုက်တဲ့အချိန်တိုင်းမှာ သင့်ကိုသူတကယ်ချစ်တယ်ဆိုတာကို အလိုလိုခံစားမိနေမှာပါ။
(၄) သင်နဲ့တွေ့ဆုံနိုင်ဖို့ အမြဲကြိုးစားတယ်
သင့်ချစ်သူဟာ သင့်အနားမှာ၊ သင်နဲ့ အနီးဆုံးမှာအမြဲတမ်းနေချင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ တွေ့ဆုံနိုင်ဖို့အတွက် အမြဲကြိုးစားနေမယ့်သူဖြစ်ပါတယ်။ ဘယ်လောက်ပဲ မအားရင်တောင် သင်နဲ့ ခဏလောက်ဖြစ်ဖြစ် တွေ့ခွင့်ကို ကြိုးစားဖန်တီးမယ့်သူဖြစ်ပါတယ်။
(၅) သင့်ကိုရင်ဖွင့်တယ်
သင့်ချစ်သူဟာ သူ့ရဲ့ ဝါသနာတွေ၊ အစီအစဉ်တွေ၊ စိတ်ကူးအိပ်မက်တွေကို သင့်ကိုအမြဲတမ်းပြောပြမယ့်သူပါ။ ဒါ့အပြင် သူ့ရဲ့ခံစားချက်တွေ၊ သူ့အကြောင်းတွေကို အမြဲပြောပြတတ်တဲ့သူပါ။ အကြောင်းကတော့ သူ့အကြောင်းကို အရင်ကထက်ပိုပြီး နားလည်လာရုံသာမက သင်နဲ့သူ့ကြားမှာ ဖုံးကွယ်ထားတဲ့အရာတွေ မရှိစေချင်လို့ပါ။
(၆) အလှပြင်တယ်
အလှပြင်တယ်ဆိုလို့ မိတ်ကပ်တွေလိမ်း၊ နှုတ်ခမ်းနီတွေဆိုးတာကို ဆိုလိုတာမဟုတ်ပါဘူး။ အဝတ်အစားတွေ သပ်သပ်ရပ်ရပ် ဝတ်ဆင်တာ၊ သန့်သန့်ပြန့်ပြန့်နေတာ၊ သင်နဲ့တွေ့တဲ့အခါ ဖြစ်သလို ဘယ်တော့မှ မနေတာတွေဟာ သင့်ကိုအရမ်းချစ်လို့ပါ။ သင့်အမြင်မှာ သူဟာ အမြဲတမ်း ဆွဲဆောင်မှုရှိတဲ့သူဖြစ်ချင်ပြီး ဘယ်တော့မှ သူ့ကိုရိုးအီမသွားစေချင်လို့ပါ။
(၇) သူ့ရဲ့အနာဂတ်တိုင်းမှာ သင်ပါတယ်
သင့်ချစ်သူအတွက် သင်ဟာ လောလောဆယ်အတွက်ပဲ မဟုတ်ပါဘူး။ ဘဝတစ်သက်စာအတွက်ဖြစ်ပါတယ်။ သင်နဲ့ အတူတူအနာဂတ်ကိုတည်ဆောက်ဖို့ အမြဲတမ်း စဉ်းစားနေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ရှေ့ရေး၊ အနာဂတ်အကြောင်းပြောတဲ့အခါတိုင်း သင်လည်း ပါဝင်နေမှာဖြစ်ပါတယ်။
CRD-Aunty May
Share From Global Myanmar Media