စရုိက္ကားမွာ ငါ့အေမဘယ္လုိမ်ားလုပ္လဲ မသိဘူးလုိ႕ေတာင္ စဥ္းစားမိတယ္ဆိုတဲ့ စံထိပ္ထားဦး

မၾကာေသးမီကမွ ရံုတင္ျပသခဲ့တဲ့ စရိုက္ ဆိုတဲ့ ရုပ္ရွင္ကားၾကီးမွာ ေက်ာ္ထက္ေအာင္နဲ႕ ခုိင္သင္းၾကည္ ၊ ထြန္းအိျႏၵာဗိုလ္တို႕က အဓိက ပါ၀င္ သရုပ္ေဆာင္ထားျပီး ရပ္ကြက္ထဲက စရုိက္ၾကမ္းတဲ့ အမ်ိဳးသမီးတစ္ေယာက္အျဖစ္ မခုိင္ေလးကို ျမင္ေတြ႕ရမွာပါ ။ ခပ္စြာစြာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကာရို္က္တာနဲ႕ လိုက္ဖက္တဲ ့မခုိင္ေလးက ဒီကားမွာ စရိုက္ၾကမ္းျပီး စြာလြန္းတဲ့ သူတစ္ေယာက္အျဖစ္ပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္ ။ ဒီကားနဲ႕ပတ္သက္ျပီး ထိပ္ထိပ္ေလးကိုယ္တို္င္ မခုိင္ေလးဘယ္လိုရိုက္ထားလည္းဆိုျပီး အံ့ၾသခဲ့ရတယ္လုိ႕ ေျပာလာပါတယ္ ။

ဒရမ္မာ ၊ ဟာသ ၊ အလြမ္း ၊ အေဆြးအားလံုးပါ၀င္ေနတဲ့ ဒီကားေလးမွာ ေမေမက အရမ္းသရုပ္ေဆာင္ ေကာင္းတယ္လုိ႕ စံထိပ္ထားဦးက ေျပာျပခဲ့ပါတယ္ ။ ဒီကားေလးကို ၾကည္႕ေနရင္းနဲ႔ ေမေမဘယ္လိုမ်ားလုပ္လဲမသိဘူး အျပင္မွာက်ေတာ့ ေမေမက ေအာ္ၾကီးဟစ္က်ယ္လည္း တစ္ခါမွ မေျပာဖူးဘူး ဆိုေတာ့ ေၾသာ္ .. ငါ့အေမ ဘယ္လိုမ်ားသရုပ္ေဆာင္ခဲ့လည္းမသိဘူးဆိုျပီး ေတာ့ေတာင္ ေတြးမိတဲ့အထိ မခုိင္ေလးက သရုပ္ေဆာင္ပီျပင္ျပီး တကယ္ကို ေကာင္းတဲ့ ကားေလးျဖစ္တယ္လုိ႕သိရပါတယ္ ။ CeleGabar ပရိသတ္ၾကီးလည္း မခုိင္ေလး အမိုက္စား ပီျပင္ေအာင္သရုပ္ေဆာင္ထားတဲ့ ဒီစရုိက္ကားေလးကို သြားၾကည္႕ျဖစ္ေအာင္ သြားၾကည္႕လိုက္ပါဦးေနာ္ ။

Source : Sunday
Molly CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

စရိုက်ကားမှာ ငါ့အမေဘယ်လိုများလုပ်လဲ မသိဘူးလို့တောင် စဉ်းစားမိတယ်ဆိုတဲ့ စံထိပ်ထားဦး

မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ စရိုက် ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ကျော်ထက်အောင်နဲ့ ခိုင်သင်းကြည် ၊ ထွန်းအိန္ဒြာဗိုလ်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ရပ်ကွက်ထဲက စရိုက်ကြမ်းတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မခိုင်လေးကို မြင်တွေ့ရမှာပါ ။

ခပ်စွာစွာ အမျိုးသမီးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ လိုက်ဖက်တဲ့မခိုင်လေးက ဒီကားမှာ စရိုက်ကြမ်းပြီး စွာလွန်းတဲ့ သူတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ ဒီကားနဲ့ပတ်သက်ပြီး ထိပ်ထိပ်လေးကိုယ်တိုင် မခိုင်လေးဘယ်လိုရိုက်ထားလည်းဆိုပြီး အံ့သြခဲ့ရတယ်လို့ ပြောလာပါတယ် ။

ဒရမ်မာ ၊ ဟာသ ၊ အလွမ်း ၊ အဆွေးအားလုံးပါဝင်နေတဲ့ ဒီကားလေးမှာ မေမေက အရမ်းသရုပ်ဆောင် ကောင်းတယ်လို့ စံထိပ်ထားဦးက ပြောပြခဲ့ပါတယ် ။

ဒီကားလေးကို ကြည့်နေရင်းနဲ့ မေမေဘယ်လိုများလုပ်လဲမသိဘူး အပြင်မှာကျတော့ မေမေက အော်ကြီးဟစ်ကျယ်လည်း တစ်ခါမှ မပြောဖူးဘူး ဆိုတော့ သြော် .. ငါ့အမေ ဘယ်လိုများသရုပ်ဆောင်ခဲ့လည်းမသိဘူးဆိုပြီး တော့တောင် တွေးမိတဲ့အထိ မခိုင်လေးက သရုပ်ဆောင်ပီပြင်ပြီး တကယ်ကို ကောင်းတဲ့ ကားလေးဖြစ်တယ်လို့သိရပါတယ် ။ CeleGabar ပရိသတ်ကြီးလည်း မခိုင်လေး အမိုက်စား ပီပြင်အောင်သရုပ်ဆောင်ထားတဲ့ ဒီစရိုက်ကားလေးကို သွားကြည့်ဖြစ်အောင် သွားကြည့်လိုက်ပါဦးနော် ။

Source : Sunday
Molly CeleGabar