You are here
Home > Horo > ..တနလၤာသားသမီးမ်ား အတြက္ (၁)ႏွစ္လံုးစာေဟာတမ္း(၂၀၁၉),

..တနလၤာသားသမီးမ်ား အတြက္ (၁)ႏွစ္လံုးစာေဟာတမ္း(၂၀၁၉),

တနလၤာသားသမီးမ်ား အတြက္ ၁၃၈၁-ခုႏွစ္၊ တစ္ႏွစ္စာ ေဟာစာတမ္း

ဘ၀တစ္ခုလံုးအတြက္ ႀကီးမားေသာအေျပာင္းအလဲမ်ားႀကံဳေတြ႕ရလတၱံ႔။ အမွန္ဘက္ကေန စကားေျပာျငင္းခုန္ရျခင္း၊ ေဆးရံုေဆးခန္း၊အမႈအခ်ဳပ္၊ေထာင္ဂတ္မ်ားႏွင့္ပက္သက္ရျခင္း၊အနား၀န္းက်င္တြင္ မီးလန္႔ေရွာ့ျဖစ္ႀကံဳရတတ္ျခင္း ၊ သူမ်ားျပႆနာၾကား၀င္ ေခါင္းခံေျဖရွင္းေပးရျခင္းတို႔ ႀကံဳရလတၱံ႔။ အလုပ္ေနရာ၊အိမ္ေနရာအေျပာင္းအလဲမ်ားႀကံဳရလတၱံ႔။ မိမိ၏ ဘ၀ခံယူခ်က္မ်ား ၊ အေတြးအေခၚအယူအဆမ်ား ၊ ကိုယ္က်င့္တရားမ်ား ၊ လုပ္နည္းလုပ္ဟန္မ်ားလည္း ေျပာင္းလဲအံ့။

စိတ္တိုလြယ္ ေဒါသထြက္လြယ္ ၊ စိတ္လိုက္မာန္ပါ ေျပာဆိုလုပ္ကိုင္တာေတြေရွာင္ပါ။ စိတ္ခံစားမႈကိုအလိုမလိုက္ပဲ ဦးေႏွာက္ဥာဏ္မ်ားမ်ားသံုးသင့္။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုဦးစားေပးပါ။ မထင္မွတ္တာေတြျဖစ္လာတတ္။ လူအား ၊ ဥာဏ္အား ၊ ၀ီရိယအား စိုက္ထုတ္ၿပီး မ်ားမ်ားႀကိဳးစားသင့္။
အလုပ္သစ္လုပ္ရအံ့။ေနရာထိုင္ခင္းျပဳျပင္ရတတ္။အသစ္ရတတ္။အိုးပိုင္အိမ္ပိုင္မရွိေသးသူမ်ား အိုးပိုင္အိမ္ပိုင္ရတတ္။လူႀကီး အလုပ္ ေနရာထိုင္ခင္ အိမ္တြင္းေရးအတြက္ အနည္းငယ္စိတ္ပူရအံ့။

စိတ္ပူစရာ စိတ္အေႏွာက္အယွက္ျဖစ္စရာမ်ား ၊ အတိုက္အခံအခက္အခဲမ်ား ၊ မနာလို ရန္လုပ္သူမ်ားၾကားမွ မိမိ၏အႀကံအစည္ရည္ရြယ္ခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္မည့္ႏွစ္ျဖစ္အံ့။ အခက္အခဲ စိန္ေခၚမႈမ်ားကို တည္ၿငိမ္စြာျဖင့္ ေက်ာ္ျဖတ္ အႏိုင္ယူသင့္။
ကံတရား၏ မ်က္ႏွာသာေပးျခင္း ၊ အကူအညီ အပံ့အပိုးေပးျခင္းကို မခံရပဲ ၊ မိမိ၏ ကုိယ္ပုိင္ဥာဏ္ ကိုယ္ပိုင္ဟန္ ကုိယ္ပိုင္အစြမ္းအစမ်ားျဖင့္ ႀကီးပြားတိုးတက္ ေအာင္ျမင္ခ်မ္းသာမည့္ႏွစ္ျဖစ္အံ့။

ေငြေရးေၾကးေရး – ေငြအ၀င္နည္းၿပီး ၀င္သေလာက္ျပန္ထြက္ေနအံ့။ ေငြ မၿမဲအံ့။ ေငြေၾကးကိစၥမ်ား စိတ္ပူ ထစ္ေငါ့ၿပီးမွ ေအာင္ျမင္အံ့။ ေငြရင္းႏွီးရေသာအလုပ္မ်ား သတိထားၿပီးလုပ္ပါ။ အႀကီးအကဲကူညီမစျခင္းေၾကာင့္ေသာ္၄င္း ၊ စပ္တူရွယ္ယာလုပ္ငန္းမ်ားေၾကာင့္ေသာ္၄င္း ေငြေၾကးမ်ားရရွိလတၱံ႔။

ေငြေရးေၾကးေရး အထူးယၾတာ – ေငြၿမဲရန္ မၾကာခဏ ငါေသတၱာဗူးေပၚတြင္ ဖေယာင္းတိုင္ထြန္းၿပီး ဆုေတာင္းပါ ။ေငြေၾကးကံေကာင္းရန္ မၾကာခဏ လမ္းမွာရွိတဲ့ ခ်ဳိင့္ခြက္ကို ေက်ာက္ခဲ ဖို႔ေပးပါ ။

( ၄င္းယၾတာမ်ားသည္ လုပ္ရသည္မွာလြယ္ကူေသာ္လည္း အင္မတန္ထိေရာက္ေအာင္ျမင္ေသာ ယၾတာမ်ားျဖစ္သည္။ေငြေၾကးကံေကာင္းၿပီး ဘ၀တစ္ဆစ္ခ်ဳိးေျပာင္းလဲျမင့္တက္ခ်မ္းသာသြားသည္မ်ားကို မၾကာခဏေတြ႕ႀကံဳဖူးပါသည္။ ထို႔ေၾကာင့္ ယံုယံုၾကည္ၾကည္ ေလးေလးနက္နက္ ေဆာင္ရြက္ေစလိုပါသည္။)

 

ထီထိုးကံစမ္းရန္ – လက္ဖက္ရည္ႏွင့္ ေပါင္မုန္႔ဘုရားလွဴပါ ၊ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ။ ၿပီးလွ်င္ ပ ဖ ဘ ဗ မ ၊ ရ ယ လ ၀ ပါေသာထီဆိုင္တြင္ (၄) ႏွင့္ (၅) မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ။ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …။

အခ်စ္ေရး – ႀကီးမားေသာ အေျပာင္းအလဲမ်ားျဖစ္အံ့။ ယခင္ကထက္ တအားလည္းေကာင္းလာႏိုင္သလို တအားလည္းဆိုးသြားတတ္။ သတိထားသင့္။ အပ်ဳိလူပ်ဳိမ်ား အခ်စ္ေရးတြင္ မၾကာခဏဆိုသလို စကားေျပာျငင္းခုန္ေျဖရွင္းရျခင္း ၊ ပူပန္ေသာကေရာက္ရျခင္း တို႔ႀကံဳရအံ့။ စိတ္ပူစရာမ်ား သ၀န္တိုစရာမ်ားလည္း ေရာေထြးေနအံ့။

အိမ္ေထာင္ေရး – မၾကာခဏဆိုသလို အေသးအဖြဲကိစၥေလးမွအစ ကေတာက္ကဆျဖစ္ရျခင္း တို႔ ႀကံဳေတြ႔ရလတၱံ႔။ ေဘးပေယာဂမ်ား ၀င္လာတတ္။ ၾကားလူေႏွာက္ယွက္တတ္။ သတိထားသင့္။ ဆိုးဆိုး၀ါး၀ါးမရွိပါ။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ျဖစ္ေနလတၱံ႔။ မၾကာခဏ အိပ္ယာခြဲအိပ္ေပးပါ။

အခ်စ္ေရးအိမ္ေထာင္ေရးတြင္ တနလၤာသားသမီးမ်ား ၊ နာမည္တြင္ က ခ ဂ ဃ င ပါေသာသူမ်ား ေငြ ၊ ၿခံ ၊ ကား ၊ေက်ာက္ ၊ ကုန္သည္ ၊ ကြန္ျပဴတာ ၊ ကင္မရာႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္။

အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – ႏွစ္ေယာက္ဓါတ္ပံုကို မ်က္ႏွာခ်င္းဆိုင္ကပ္ပါ ။ ဓါတ္မွန္ျပားနဲ႔ညွပ္ပါ ။ ဓါတ္ဗူးအလြတ္ထဲမွာထည့္ၿပီး လံုေအာင္ပိတ္ထားပါ။ ( ၃ ရက္တစ္ခါေလာက္ အဖံုးလွပ္ေပးပါ)

ပညာေရး – မိမိရည္မွန္းထားသေလာက္သာ ေအာင္ျမင္ႏုိင္လတၱံ႔။ ကံတရား၏ အကူအညီေပးျခင္း ၊ ေႏွာက္ယွက္ျခင္းကို မခံရပဲ မိမိရည္မွန္းထားသေလာက္ ေအာင္ျမင္လတၱ႔ံ။ စိတ္ပူစရာအခ်ဳိ႕ရွိေသာ္လည္း ပညာေရးရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္လတၱံ႔။

ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ သစ္သီး(၆)လံုး ၊ ႏွင္းဆီ(၇)ပြင့္၊ ေသာက္ေတာ္ေရ(၃)ခြက္၊ ဖေယာင္းတိုင္(၃)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ဳိးမယ့္ေရထဲမွာ ႏွင္းဆီ(၃)ပြင့္ထည့္ၿပီးေရးခ်ဳိးရင္းလည္းဆုေတာင္းပါ။
( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)

က်န္းမာေရး – ေျခေထာက္ ၊ ခါး ၊ အာရံုေၾကာ ၊ က်ီးေပါင္း ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္။(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ ။ သတိထားရန္ျဖစ္သည္)

က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – တနလၤာေန႔ည …။ ေကာ္ဗူးအစုတ္ထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …။ အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …။ ဆန္လက္တစ္ဆုပ္ထည့္ပါ …။ အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ …။ ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …။ မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …။

အထူးလိုုက္နာရန္ … ေကာင္းေသာအေျပာင္းအလဲမ်ားျဖစ္ရန္ ဘာသာေရးပိုလုပ္သင့္၊ေမတၱာစိတ္ေမြးသင့္၊မၾကာခဏအိပ္ယာေျပာင္းအိပ္သင့္။ခရီးခဏခဏထြက္သင့္။

အခက္အခဲႀကီးႀကီးမားမားမ်ား ႀကံဳေတြ႔ရပါလွ်င္ …. တနလၤာေန႔ည၀တ္အိပ္ထားေသာ အ၀တ္ေဟာင္းတစ္စံုကို ေနာက္ေန႔မနက္ေစာ လမ္းတြင္သြားစြန္႔ပါ။ (ငါ့မွာရွိေနတဲ့မေကာင္းတဲ့အခိုက္အညံ့ေတြအားလံုး ပါသြားပါေစလို႔ဆုေတာင္းပါ) (၂)လတစ္ခါလုပ္ပါ။အေရးအေၾကာင္းကိစၥေပၚလွ်င္ထပ္လုပ္ပါ။

ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို အနီေရာင္ပန္း(၆)ပြင့္နဲ႔ရုိက္ေပးပါ …။ ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …။ ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …။

ယၾတာ။ ။မည္သည့္ေန႔တြင္မဆို မနက္(၇)နာရီ(၆)မိနစ္တိတိတြင္ သစ္သီး (၆) လံုး ၊ ႏွင္းဆီ(၃)ပြင့္ ၊ ဆြမ္းပူပူ (၃)ပြဲ ၊ ေသာက္ေတာ္ေရ (၁)ခြက္ ၊ ဖေယာင္းတိုင္ (၇) တိုင္ ၊ ကို မိမိေနအိမ္ဘုရားတြင္ မၾကာခဏ လွဴဒါန္းဆုေတာင္းျခင္းျဖင့္္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔။(အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)

Unicodeဖြင့်ဖတ်ရန်
★★★

တနင်္လာသားသမီးများ အတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း

ဘဝတစ်ခုလုံးအတွက် ကြီးမားသောအပြောင်းအလဲများကြုံတွေ့ရလတ္တံ့။ အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရခြင်း၊ ဆေးရုံဆေးခန်း၊အမှုအချုပ်၊ထောင်ဂတ်များနှင့်ပက်သက်ရခြင်း၊အနားဝန်းကျင်တွင် မီးလန့်ရှော့ဖြစ်ကြုံရတတ်ခြင်း ၊ သူများပြဿနာကြားဝင် ခေါင်းခံဖြေရှင်းပေးရခြင်းတို့ ကြုံရလတ္တံ့။ အလုပ်နေရာ၊အိမ်နေရာအပြောင်းအလဲများကြုံရလတ္တံ့။ မိမိ၏ ဘဝခံယူချက်များ ၊ အတွေးအခေါ်အယူအဆများ ၊ ကိုယ်ကျင့်တရားများ ၊ လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲအံ့။

စိတ်တိုလွယ် ဒေါသထွက်လွယ် ၊ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်တာတွေရှောင်ပါ။ စိတ်ခံစားမှုကိုအလိုမလိုက်ပဲ ဦးနှောက်ဉာဏ်များများသုံးသင့်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးပါ။ မထင်မှတ်တာတွေဖြစ်လာတတ်။ လူအား ၊ ဉာဏ်အား ၊ ဝီရိယအား စိုက်ထုတ်ပြီး များများကြိုးစားသင့်။
အလုပ်သစ်လုပ်ရအံ့။နေရာထိုင်ခင်းပြုပြင်ရတတ်။အသစ်ရတတ်။အိုးပိုင်အိမ်ပိုင်မရှိသေးသူများ အိုးပိုင်အိမ်ပိုင်ရတတ်။လူကြီး အလုပ် နေရာထိုင်ခင် အိမ်တွင်းရေးအတွက် အနည်းငယ်စိတ်ပူရအံ့။

စိတ်ပူစရာ စိတ်အနှောက်အယှက်ဖြစ်စရာများ ၊ အတိုက်အခံအခက်အခဲများ ၊ မနာလို ရန်လုပ်သူများကြားမှ မိမိ၏အကြံအစည်ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်မည့်နှစ်ဖြစ်အံ့။ အခက်အခဲ စိန်ခေါ်မှုများကို တည်ငြိမ်စွာဖြင့် ကျော်ဖြတ် အနိုင်ယူသင့်။
ကံတရား၏ မျက်နှာသာပေးခြင်း ၊ အကူအညီ အပံ့အပိုးပေးခြင်းကို မခံရပဲ ၊ မိမိ၏ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အစွမ်းအစများဖြင့် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမည့်နှစ်ဖြစ်အံ့။

ငွေရေးကြေးရေး – ငွေအဝင်နည်းပြီး ဝင်သလောက်ပြန်ထွက်နေအံ့။ ငွေ မမြဲအံ့။ ငွေကြေးကိစ္စများ စိတ်ပူ ထစ်ငေါ့ပြီးမှ အောင်မြင်အံ့။ ငွေရင်းနှီးရသောအလုပ်များ သတိထားပြီးလုပ်ပါ။ အကြီးအကဲကူညီမစခြင်းကြောင့်သော်၎င်း ၊ စပ်တူရှယ်ယာလုပ်ငန်းများကြောင့်သော်၎င်း ငွေကြေးများရရှိလတ္တံ့။

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ငွေကြေးကံကောင်းရန် မကြာခဏ လမ်းမှာရှိတဲ့ ချိုင့်ခွက်ကို ကျောက်ခဲ ဖို့ပေးပါ ။

( ၎င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိရောက်အောင်မြင်သော ယတြာများဖြစ်သည်။ငွေကြေးကံကောင်းပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ချမ်းသာသွားသည်များကို မကြာခဏတွေ့ကြုံဖူးပါသည်။ ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက်စေလိုပါသည်။)

ထီထိုးကံစမ်းရန် – လက်ဖက်ရည်နှင့် ပေါင်မုန့်ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် ပ ဖ ဘ ဗ မ ၊ ရ ယ လ ၀ ပါသောထီဆိုင်တွင် (၄) နှင့် (၅) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – ကြီးမားသော အပြောင်းအလဲများဖြစ်အံ့။ ယခင်ကထက် တအားလည်းကောင်းလာနိုင်သလို တအားလည်းဆိုးသွားတတ်။ သတိထားသင့်။ အပျိုလူပျိုများ အချစ်ရေးတွင် မကြာခဏဆိုသလို စကားပြောငြင်းခုန်ဖြေရှင်းရခြင်း ၊ ပူပန်သောကရောက်ရခြင်း တို့ကြုံရအံ့။ စိတ်ပူစရာများ သဝန်တိုစရာများလည်း ရောထွေးနေအံ့။

အိမ်ထောင်ရေး – မကြာခဏဆိုသလို အသေးအဖွဲကိစ္စလေးမှအစ ကတောက်ကဆဖြစ်ရခြင်း တို့ ကြုံတွေ့ရလတ္တံ့။ ဘေးပယောဂများ ဝင်လာတတ်။ ကြားလူနှောက်ယှက်တတ်။ သတိထားသင့်။ ဆိုးဆိုးဝါးဝါးမရှိပါ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပေးပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် တနင်္လာသားသမီးများ ၊ နာမည်တွင် က ခ ဂ ဃ င ပါသောသူများ ငွေ ၊ ခြံ ၊ ကား ၊ကျောက် ၊ ကုန်သည် ၊ ကွန်ပြူတာ ၊ ကင်မရာနှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကို မျက်နှာချင်းဆိုင်ကပ်ပါ ။ ဓါတ်မှန်ပြားနဲ့ညှပ်ပါ ။ ဓါတ်ဗူးအလွတ်ထဲမှာထည့်ပြီး လုံအောင်ပိတ်ထားပါ။ ( ၃ ရက်တစ်ခါလောက် အဖုံးလှပ်ပေးပါ)

ပညာရေး – မိမိရည်မှန်းထားသလောက်သာ အောင်မြင်နိုင်လတ္တံ့။ ကံတရား၏ အကူအညီပေးခြင်း ၊ နှောက်ယှက်ခြင်းကို မခံရပဲ မိမိရည်မှန်းထားသလောက် အောင်မြင်လတ္တံ့။ စိတ်ပူစရာအချို့ရှိသော်လည်း ပညာရေးရည်မှန်းချက်များ ပြည့်မြောက်အောင်လတ္တံ့။

ပညာရေးကံကောင်းစေရန် – မနက်စောစော သစ်သီး(၆)လုံး ၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊ ဖယောင်းတိုင်(၃)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ နှင်းဆီ(၃)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။
( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – ခြေထောက် ၊ ခါး ၊ အာရုံကြော ၊ ကျီးပေါင်း နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – တနင်္လာနေ့ည …။ ကော်ဗူးအစုတ်ထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

အထူးလိုက်နာရန် … ကောင်းသောအပြောင်းအလဲများဖြစ်ရန် ဘာသာရေးပိုလုပ်သင့်၊မေတ္တာစိတ်မွေးသင့်၊မကြာခဏအိပ်ယာပြောင်းအိပ်သင့်။ခရီးခဏခဏထွက်သင့်။

အခက်အခဲကြီးကြီးမားမားများ ကြုံတွေ့ရပါလျှင် …. တနင်္လာနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို အနီရောင်ပန်း(၆)ပွင့်နဲ့ရိုက်ပေးပါ …။ ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည်သည့်နေ့တွင်မဆို မနက်(၇)နာရီ(၆)မိနစ်တိတိတွင် သစ်သီး (၆) လုံး ၊ နှင်းဆီ(၃)ပွင့် ၊ ဆွမ်းပူပူ (၃)ပွဲ ၊ သောက်တော်ရေ (၁)ခွက် ၊ ဖယောင်းတိုင် (၇) တိုင် ၊ ကို မိမိနေအိမ်ဘုရားတွင် မကြာခဏ လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

Top
//dolatiaschan.com/4/3018672