မိဘနှစ်ပါးကို သူမရဲ့ လုပ်အားခနဲ့ (၃၀)သိန်းကျပ် ကန်တော့ခဲ့တဲ့ ဖြူဖြူထွေး






Source: Phyu Phyu Htwe
Khin Mi MiCeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်

ကျောင်းကပွဲမှာ ဖျော်ဖြေရင်း အွန်လိုင်းပေါ်မှာ လူသိများလာခဲ့သူ ဆယ်လီတစ်ယောက်အဖြစ်ကနေ အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တဲ့ ဖြူဖြူထွေးကတော့ ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဘူမိကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။

ဟာသသရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေး ဟာဆိုရင် ဟာသတွေနဲ့ ပရိသတ်တွေ ကျေနပ်နှစ်သက်မှုရှိအောင် ဖျော်ဖြေတင်ဆက် ပေးနေဆဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ စကားပြောဆိုရာမှာလည်း အရမ်းရိုးသားပြီး ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့်ပါ ပရိသတ်အများက သဘောကျ အချစ်ပိုနေခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။

တကယ်ကို စိတ်ထားရိုးသားဖြူစင်ပြီး ရိုးသားပွင့်လင်းတဲ့ ရွာသူလေးတစ်ယောက်ဖြစ်တဲ့ပြင် သူမနာမည်ကြီးအောင်မြင်လာခဲ့တဲ့ တလျှောက် မာန်မာနဆိုတာ မရှိသလို သူမရဲ့ ရိုးသားတဲ့ ဂုဏ်လေးကို ယနေ့တိုင် ထိန်းသိမ်းထားနိုင်ပြီး ပရိသတ်တွေရဲ့အချစ်ကို တနေ့ထက် တနေ့ ပိုင်ဆိုင်လာရသူတစ်ဦးလည်းဖြစ်ပါတယ်။

ပရိသတ်တွေ အချစ်ပိုနေရတဲ့ သူမကတော့ လတ်တလောမှာလည်း သူမရဲ့ လုပ်အားခနဲ့ မိဘနှစ်ပါးကို (၃၀)သိန်းကျပ် ကန်တော့ခဲ့တဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ မိဘနှစ်ပါးကို သူမရဲ့ လုပ်အားခတွေနဲ့ ကန်တော့နေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ကြော်ငြာ၊ သရုပ်ဆောင် နဲ့ အနုပညာအလုပ်တွေ ကို ရိုးရိုးသားသားလုပ်ကိုင်ခဲ့ပြီး သူမကိုယ်တိုင် ရှာဖွေထားတဲ့ အနုပညာကြေးငွေလေးတွေကို စုဆောင်းကာ ကိုယ်ပိုင်ကား လည်း စီးနိုင်ခဲ့ပြီ ဖြစ်သလို သူမရဲ့ ကျေးဇူးရှင်နှစ်ယောက် ဖြစ်တဲ့ ရွာက အဖေ နဲ့ အဖေကို လည်း သိန်းဆယ်ချီတဲ့ ငွေတွေနဲ့ ပြန်လည်ကန်တော့ခဲ့တာဖြစ်ပြီး မိဘကျေးဇူးဆပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတဲ့ ဖြူဖြူထွေးလို့ အနုပညာရှင်မျိုးလေးအတွက် ချီးကျူးစကားလေးများ ဆိုခဲ့ကြပါဦး.. ဆယ်လီကမ္ဘာပရိသတ်ကြီးရေ….

Source: Phyu Phyu Htwe
Khin Mi MiCeleGabar

Share From CeleGabar