You are here
Home > CELE > Single Mother အဖြစ် အကောင်းဆုံးရပ်တည်နိုင်ခဲ့ပြီး Fashion Shop တောင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ မျိုးစန္ဒီကျော်

Single Mother အဖြစ် အကောင်းဆုံးရပ်တည်နိုင်ခဲ့ပြီး Fashion Shop တောင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့ မျိုးစန္ဒီကျော်

Single Mother အဖြစ်နဲ့ သမီးလေးကို အကောင်းဆုံးပျိုးထောင်နိုင်တဲ့ မေမေ မျိုးစန္ဒီကျော် တစ်ယောက် လက်ရှိ US နဲ့ Europe နိုင်ငံပေါင်း များစွာမှာ အောင်မြင်နေတဲ့ brand တခုကို မြန်မာနိုင်ငံတဦးတည်း ကိုယ်စားလှယ်အနေနဲ့ စတင်တင်သွင်းဖြန့်ချိလိုက်တာပဲ ဖြစ်ပါတယ်။ ဆိုင်ခွဲတွေလည်းထပ်ဖွင့်ဖို့ရှိသလို လုပ်ငန်းတွေလည်း ထပ်ချဲ့သွားဖို့ရှိ တယ်လို့ဆိုပါတယ်။ အမျိုးသမီးတစ်ယောက်တည်းပေမယ့် သူမက အရည်အချင်း ပြည့်ဝ တဲ့ မိခင်တစ်ယောက်အဖြစ် အကောင်းမွန်ဆုံး ရပ်တည်နေပြီပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိနေ ဆဲပါပဲ။ အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ သူမရဲ့သမီးလေး အိမ်စည်မြင့်မိုရ်ကျော်ဟာ လည်း အမေတူသမီးလေးမို့ အသည်းယားစရာကောင်းလွန်းပြီး ပရိသတ်တွေရဲ့အချစ်တော် လေး ဖြစ်လို့နေပါတယ်။ ပထမဆုံးဦး စီးပွားရေးအဖြစ်နဲ့ ဒီအလုပ်ကို စလုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းလည်း လုပ်ငန်းတွေထပ်တိုးချဲ့ဦးမှာဆိုတော့ အောင်မြင်ပါစေလို့ ဆုမွန် ကောင်းတောင်းပေးပါတယ်နော်။

သူမရဲ့ဆိုင်ဖွင့်ပွဲပုံရိပ်လေးတွေကို ” ပထမဆုံး စီးပွားရေးလုပ်ငန်းတခုအနေနဲ့ လက်ရှိ US နဲ့ Europe နိုင်ငံပေါင်းများစွာမှာ အောင်မြင်နေတဲ့ brand တခုကို မြန်မာနိုင်ငံတဦးတည်း ကိုယ်စားလှယ်အနေနဲ့ စတင်တင်သွင်းဖြန့်ချီ လိုက်ပါပြီ ဆိုင်ခွဲတွေထပ်မံဖွင့်သွားဖို့ အစီစဉ်ရှိသလို လုပ်ငန်းထပ်တိုးချဲ့သွားဖို့လည်းရှိပါတယ် အလုပ်တွေမအားတဲ့ကြားက ဆိုင်ဖွင့်ပွဲတက်ရောက်လာကြတဲ့ အနုပညာရှင်ညီအကိုမောင်နှမများ ခင်မင်ရတဲ့ သူငယ်ချင်းများ

ဆွေမျိုးများ စာနယ်ဇင်းမီဒီယာမှစာနယ်ဇင်းဆရာများ Facebook မှ သူငယ်ချင်းများနဲ့ online မှာတွေ့ပြီး ဆိုင်ထိတကူးတကလာအားပေးကြတဲ့ တစ်ယောက် ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် လူအရမ်းများပြီးဆိုင်ထဲမှာပြည့်ကျပ် နေလို့ အဆင်မပြေဖြစ်ခဲ့တာရှိရင်လည်းတောင်းပန်ပါတယ် ဆိုင်ဖွင့်ပွဲလက်ဆောင်ပေးတဲ့ သူများနဲ့ လူကိုယ်တိုင်မလာနိုင်ပေမယ့် လက်ဆောင်များလှမ်းပို့ပေးကြသောမိတ်ဆွေ များနဲ့ အားပေးကူညီသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ် ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo – Myo Sandi Kyaw,credit – myanmarload

Share From Lucky Myanmar

Top
//itespurrom.com/4/3018672