ဇြဲကပင္ေျမ မွ ဓါတ္နန္းရွင္ ေမာင္ႏွမ ႏွစ္ဦး၏ သမုိင္းပုံျပင္

တစ္ခါက ကရင္ရြာေလးတစ္ရြာမွ ကရင္အမ်ိဳးသားၾကီး စ၀္ဖါ့သန္႔(သုိင့္)ႏွင့္ ဇနီးျဖစ္သူ နန္ေဖါ့ယာ့္တုိ႕တြင္ စံေစ့ဖုိးႏွင့္ နန္မူးဖါန္ဟုေခၚေသာ သားသမီး(၂)ဦး ရွိေလသည္။

အႏွစ္ႏွစ္အလလက ျခဳိးျခံေခၽြတာျပီး ရုိးရုိးသားသား ၾကဳိးစားစုေဆာင္း ခဲ့သမွ် သားကေလး ရွင္သာမေဏ ေလာင္းျဖစ္ဖုိ႔ အလွဴၾကီးလုပ္ရန္ ေတာင္ယာထဲတြင္ အလုပ္ၾကိဳးစားေနရင္း ဖခင္ျဖစ္သူ စ၀္ဖါ့သန္႔(သုိင့္)မွာ က်ားကုိက္ရင္း ေတာင္ယာထဲတြင္ ဆုံးရွာေလသည္။

ဖခင္ၾကီး ဆုံးပါးသြားသည့္ေနာက္ပုိင္းတြင္ မုဆုိးမ နန္းေဖါ့ယာ့တုိ႔ သားအမိကုိ ဘ၀ဆုိးမွ လြတ္ေျမာက္ ေစလုိပါသည္၊ မိမိဘ၀ကုိ သနားကရုဏာ သက္လွပါ သည္။ ကေလးေတြကုိလည္း ရင္ေသြး အရင္အခ်ာ မ်ားႏွယ္ စာနာညွာတာစြာျဖင့္ ခ်စ္ခင္ပါသည္ဆုိေသာ တစ္ရြာတည္း မုဆုိးဖုိျဖစ္သူ ေစာဖါ့ပ်ဳဂ္ႏွင့္ ေနာက္အိမ္ေထာင္ ျပဳလုိက္သည္။ ထုိအခါ အျပစ္မဲ့ေသာ စံေစ့ဖုိးႏွင့္ နန္းမူးဖါန္တုိ႔ လူမမယ္ ေမာင္ႏွမႏွစ္ေယာက္၏ ျဖဴစင္ေသာ ႏွလုံးသား ေလးေတြမွာ စိုးရိမ္ထိတ္လန္႔ျခင္း၊ ပူပင္ေသာက ေ၀ဒနာအေရာင္တုိ႔ လႊမ္းမုိးလာခဲ့သည္။

ျငိမ္သက္ခဲ့ေသာ အိမ္ကေလးမွာ ေန႕တုိင္းလုိလုိ ဆဲဆုိသံ၊ ေငါက္ငန္း မာန္မဲသံျဖင့္ ဆူညံလာေတာ့သည္။ ပေထြး၏ ေဒါသႏွင့္ ယုတ္မာေသာ၊ ရင့္သီးေသာ ဆဲဆုိၾကိမ္းေမာင္းသံမ်ား ေအာက္မွာ ေမာင္ႏွမ ႏွစ္ေယာက္ မ်က္ရည္ေပါက္ေပါက္ က်ခဲ့ရရွာသည္။

ေနာက္ဆုံးတြင္ နန္းေဖါ့ယာ့ခမ်ာ ဥမမယ္ အရြယ္မေရာက္ သားသမီးႏွစ္ေယာက္ကုိ ေတာအုံေခ်ာက္ၾကား ႏြားေက်ာင္းတဖုံ စပါးေထာင္းတစ္လွည့္ မခုိင္းရက္ ခုိင္းရက္ျဖင့္ ခုိင္းခဲ့ရွာရ ေလေတာ့သည္။

တစ္ေန႔တြင္ ပေထြးျဖစ္သူမွ ေမာင္ႏွမႏွစ္ဦးအား ယာခင္းသုိ႔ေခၚကာ ယာခင္းသြားရာလမ္းတြင္ ျမင့္မားမတ္ေစာက္ ေသာ ေတာင္ကမ္းပါးၾကီးေပၚမွတြန္းခ်ကာ တစ္ဦးတည္း အိမ္ျပန္လာခဲ့ေလသည္။

ေမာင္ႏွမႏွစ္ဦးမွာ ေတာင္ေပၚမွ အက်တြင္ ဇြဲကပင္ဘုရားကုိ အာရုံျပဳကာ ကယ္တင္ဖုိ႔ ဆုေတာင္းမိလုိက္ၾကသည္။ ကမ္းပါးေအာက္ ၀ါးရုံေပၚတင္ေနလုိ႔ အသက္ ခ်မ္းသာရာ ရခဲ့ၾကပါသည္။

ညဥ့္နက္သည္အထိ ဘုရားကုိ ၾကည္ညဳိရင္း အရုဏ္က်င္းလုကာမွ မိခင္ထံျပန္လာကာ အက်ဳိး အေၾကာင္း ေျပာျပေလသည္။ ကေလးႏွစ္ေယာက္ကုိ က်စ္ေနေအာင္ ဖက္ထားရင္း နန္းေဖါ့ယာ့ မခ်ိတင္ကဲ ခံစားရေတာ့သည္။ သုိ႔ေသာ္ ကေလးႏွစ္ေယာက္ကုိ အိမ္မွာ ျပန္လည္၍ ေခၚထားဖုိ႔ေတာ့ လုံး၀မျဖစ္ႏုိင္တဲ့ အခါ ရင္ေသြးႏွစ္ေယာက္ အသက္မေသ လုံျခဳံေအာင္ မိမိႏွင့္လည္း အလွမ္းမေ၀းရေအာင္ ဇြဲကပင္ေတာင္ ေပၚက ေတာအုပ္အငူ လုိဏ္ဂူထဲတြင္ ထားခဲ့ေလသည္။

ေမာင္ႏွမႏွစ္ေယာက္ အေမထားခဲ့ေသာ ေတာအုပ္အငူ လုိဏ္ဂူထဲကလည္း ေ၀းေ၀းလံလံကုိ မသြား၀့ံ။ ၾကည့္ေလ ရာရာ ေတာအုပ္ၾကီးက ပိန္းပိတ္ညဳိေမွာင္ေနသည္။ တစ္ခါမွ မေရာက္ဖူးသည့္ေနရာ၊ လူသူကင္းေ၀း၍ သားရဲတိရစၧာန္တုိ႔ အသံမ်ားကုိသာ ၾကားရသည့္ ေနရာမွာ မိခင္က လာပုိ႔ထားခဲ့သည္။

ပေထြးရန္ကုိ ေၾကာက္လြန္းလို႔သာ ေနခဲ့ရေပမယ့္ အေမ့ကုိ မခြဲခ်င္ၾက၊ လြမ္းေပမယ့္လည္း လမ္းကမသိ၊ ေတာတိရစၧာန္တုိ႔ ရန္ကရွိေသးသည္။ အနီးအပါးက ရသမွ် ေတာသီးႏွံေလးမ်ားကုိ ခူးဆြတ္ စားေသာက္ရင္း ဥတုရာသီႏွင့္ ေတာဒဏ္ကုိ ၾကံ့ၾကံ့ခံေနၾကရရွာသည္။

ႏွမငယ္ကေလးက ဘာမွ်မသိရွာေသးေတာ့ အစ္ကုိျဖစ္သူမွာ ဂရုစုိက္ရသည္။ မ်က္စိေအာက္က အေပ်ာက္မခံရဲ၊ အေဖကုိတမ္းတ၊ အေမ့ကုိ လြမ္းရေသာ ေ၀ဒနာတုိ႔ကုိ ၾကိတ္မွတ္ခံစားရင္း ဒုကၡမုန္တုိင္းဒဏ္ကုိ အလူးအလဲ အံတုေနၾကရွာသည္။

ရံဖန္ရံခါတြင္ ဇြဲကပင္ ေတာင္သုိ႔ ဘုရားဖူး လာၾကသူမ်ား ေရာက္လာၾကပါ၏။ ၎တုိ႔ေပးသြားေသာ စားေရရိကၡာ မစုိ႔မပုိ႔ေလးႏွင့္ မွ်တစားရသည့္အခါလည္း ရွိသည္။

ငယ္ရြယ္သူ ႏွမေလးကုိ ငဲ့ညွာရလြန္းေတာ့ အစ္ကုိ လုပ္သူမွာ ဝလင္သည္ဟုပင္ မရွိခဲ့ေပ။တစ္ေန႔ေသာ နံနက္တြင္ ခ်မ္းေအးလွေသာ ရာသီဥတုကုိ မီးပုံဖုိျပီး ေမာင္ႏွမႏွစ္ေယာက္ အံတုရင္ဆုိင္ေနၾကစဥ္ ခံ့ညားေသာ ရေသ့အုိၾကီးတစ္ပါး သူတုိ႕ေမာင္ႏွမႏွစ္ေယာက္ထံ ေရာက္လာသည္။

ရေသ့ၾကီးမွ ငယ္ရြယ္လွေသာ သနားဖြယ္ ေမာင္ႏွမႏွစ္ဦးအား ေရႊေရာင္ဝင္းေနသည့္ ေဆးလုံး သုံးလုံးေပးကာ မီးဖုိအတြင္းသုိ႕ ဆင္းခုိင္းသည္။ ခုန္ဆင္း လုိက္ေသာအခါ ငယ္ရြယ္ႏုပ်ိဳေသာ လုလင္ပ်ဳိႏွင့္ လုံမပ်ဳိေလး ႏွစ္ဦးအျဖစ္သုိ႔ ေျပာင္းလဲသြားေလသည္။

ေမာင္ႏွမႏွစ္ဦးမွ ရေသ့ၾကီးေပးခဲ့ေသာ သုံးမကုန္ႏုိင္တဲ့ အစြမ္းေတြ၊ ဣဒၶိပါဒ္တန္ခုိးေတြ ရၾကျပီး ရေသ့ၾကီးအား ေပးခဲ့ေသာ ကတိစကားအတုိင္း

“သာသနာေတာ္အတြက္ လုံ႔လ၀ီရိယ စုိက္ၾကေပေတာ့၊ သာသနာေတာ္ကုိ ၾကည္ညဳိ သူေတြ၊ ေဟာဒီ ဇြဲကပင္ေတာင္ကုိ ဘုရားဖူး လာၾကသူေတြ မွန္သမွ် စီးပြားေရး လာဘ္လာဘ တုိးေအာင္၊ က်န္းမာရႊင္ လန္းေအာင္ မင္းတုိ႔ေမာင္ႏွမ ေစာင့္ေရွာက္ ရစ္ၾကေပေတာ့”

ဟူေသာ အမွာစကားအတုိင္း သစၥာျပဳကာ ဇြဲကပင္ေတာင္ေတာ္ႏွင့္ ဆံေတာ္ရွင္ျမတ္အား ေစာင့္ေရွာက္ ေနခဲ့ပါသည္။

ဇြဲကပင္ေတာင္ေျခမွ လြမ္းဆြတ္ေၾကကြဲဖြယ္ရာ၊ ဂရုဏာသက္ဖြယ္ ဓါတ္နန္းရွင္ေမာင္ႏွမ ဓာတ္နန္းရွင္ စခန္းမွာ လြန္ခဲ့ေသာ ႏွစ္ေပါင္း(၅၀)ခန္႔က ေနာင္းအိမ္ဆုိင္ ဆရာေတာ္ ဦးေကတု ဦးေဆာင္ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ဇြဲကပင္ ဆရာေတာ္ ဦးက၀ိဓဇက ဘုရားဖူးမ်ား အပန္းအျဖစခန္းလည္းျဖစ္၊ သတိရ ေအာက္ေမ့ရာလည္းျဖစ္ေအာင္ ထပ္မံမြမ္းမံ ခဲ့ျခင္း ျဖစ္သည္ဟု သိရွိရပါသည္။

Credit to စစ္မာန္ဟုန္

Unicode

တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။

အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။

ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘဝကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သော နှလုံးသား လေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုးလာခဲ့သည်။

ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ နေ့တိုင်းလိုလို ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာတော့သည်။ ပထွေး၏ ဒေါသနှင့် ယုတ်မာသော၊ ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများ အောက်မှာ မောင်နှမ နှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။

နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တောအုံချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရ လေတော့သည်။

တစ်နေ့တွင် ပထွေးဖြစ်သူမှ မောင်နှမနှစ်ဦးအား ယာခင်းသို့ခေါ်ကာ ယာခင်းသွားရာလမ်းတွင် မြင့်မားမတ်စောက် သော တောင်ကမ်းပါးကြီးပေါ်မှတွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့လေသည်။

မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆုတောင်းမိလိုက်ကြသည်။ ကမ်းပါးအောက် ၀ါးရုံပေါ်တင်နေလို့ အသက် ချမ်းသာရာ ရခဲ့ကြပါသည်။

ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုး အကြောင်း ပြောပြလေသည်။ ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့တော့ လုံးဝမဖြစ်နိုင်တဲ့ အခါ ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင် ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ထားခဲ့လေသည်။

မောင်နှမနှစ်ယောက် အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝ့ံ။ ကြည့်လေ ရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ၊ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့ အသံများကိုသာ ကြားရသည့် နေရာမှာ မိခင်က လာပို့ထားခဲ့သည်။

ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ ရန်ကရှိသေးသည်။ အနီးအပါးက ရသမျှ တောသီးနှံလေးများကို ခူးဆွတ် စားသောက်ရင်း ဥတုရာသီနှင့် တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကို လွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရှာသည်။

ရံဖန်ရံခါတွင် ဇွဲကပင် တောင်သို့ ဘုရားဖူး လာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာ မစို့မပို့လေးနှင့် မျှတစားရသည့်အခါလည်း ရှိသည်။

ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကို လုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပေ။တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့မောင်နှမနှစ်ယောက်ထံ ရောက်လာသည်။

ရသေ့ကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမနှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံး သုံးလုံးပေးကာ မီးဖိုအတွင်းသို့ ဆင်းခိုင်းသည်။ ခုန်ဆင်း လိုက်သောအခါ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။

မောင်နှမနှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်ခိုးတွေ ရကြပြီး ရသေ့ကြီးအား ပေးခဲ့သော ကတိစကားအတိုင်း

“သာသနာတော်အတွက် လုံ့လဝီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညို သူတွေ၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှ စီးပွားရေး လာဘ်လာဘ တိုးအောင်၊ ကျန်းမာရွှင် လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက် ရစ်ကြပေတော့”

ဟူသော အမှာစကားအတိုင်း သစ္စာပြုကာ ဇွဲကပင်တောင်တော်နှင့် ဆံတော်ရှင်မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။

ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင် စခန်းမှာ လွန်ခဲ့သော နှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင် ဆရာတော် ဦးကဝိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

Credit to စစ်မာန်ဟုန်