မိုင်ကုန်အောင်စရိုက်ကျခဲ့တဲ့အကြောင်းပြောပြတဲ့ ခိုင်သင်းကြည်

ခိုင်သင်းကြည်ဟာဆိုရင် မြန်မာတစ်နိုင်ငံလုံးက အားပေးချစ်ခင်ကြတဲ့သဘာဝမင်းသမီးတစ်လက်ဖြစ်ပြီးကျရာဇာတ်ရုပ်မှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင်ဘွင်းဘွင်းရှင်းရှင်းပွင့်ပွင့်လင်းလင်းပြောတတ်ဆိုတတ်တာကြောင့်လည်း တွေ့သူမြင်သူတိုင်းကချစ်ရတာပါ။ မခိုင်လေးက မကြာခင်မှာ ရုံတင်တော့မယ့်စရိုက် ဆိုတဲ့ ဇာတ်ကားထဲမှာမိုင်ကုန်အောင်စရိုက်ကျထားတဲ့အကြောင်း မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောကြားထားပါတယ်။

မခိုင်လေးက စရိုက် ဇာတ်ကားထဲကကာရိုက်တာနဲ့စိတ်ချင်းသိပ်မကွာကြောင်း”မခိုင်က စိတ်ကတော့ ကာရိုက်တာ ဘဲဥမနဲ့ကတော့ စိတ်ချင်းသိပ်မကွာပါဘူး။ ကိုယ်လည်းမဟုတ်ရင်မခံဘူး။ ပြန်ပြောတတ်တယ်။ ခေါင်းငုံ့မခံဘူး။ ပွင့်ပွင့်လင်းလင်းရှိတယ်။ အဲဒါလေးတွေကွာပါတယ်။ သူကတော့ ဈေးထဲမှာဆိုတော့ဈေးလိုစကားပြောတယ်။ မခိုင်တို့ကတော့ အဲဒီလိုပတ်ဝန်းကျင်မှာမကျင်လည်ရတဲ့ အတွက် အဲဒီလိုမပြောတတ်ဘူး။သူက အတန်းပညာမတတ်တဲ့အတွက်အဲလိုမျိုးမစဉ်းစားတတ်ဘူး။ မခိုင်တို့ကျတော့ နည်းနည်းလေး စဉ်းစားတတ်တယ်။ဒါလေးပဲကွာသွားတာ။ စိတ်တွေကတော့ တူပါတယ်”လို့ ပြောပြထားပါတယ်။

ဇာတ်ကားရိုက်ကူးခဲ့စဉ်က အမှတ်တရကို မခိုင်လေးက “အမှတ်တရကတော့ ခြေထောက်တွေမှာအညိုအမည်းတွေစွဲသွားတာပဲ။ နှိုင်းယှဉ်နဲ့လည်းလုံးထွေးပြီးသတ်ရတယ်။ မျိုးမျိုးခိုင်တို့ရဲလေးမတို့နဲ့လည်းသူတစ်ပြန်ကိုယ်တစ်ပြန်၊တစ်ယောက်နဲ့တစ်ယောက်က ညှာပြီးလုပ်တယ်ဆိုပေမယ့်လည်း နောက်ဆုံးကျတော့ ထိတာပဲ။ နှိုင်းယှဉ်ဆိုခြေသည်းကြီးလားမသိဘူး။လန်သွားတာ။ မခိုင်ဆိုလည်း ခြေသလုံးတွေမှာ အညိုအမည်းတွေစွဲနေတာ။တစ်လလောက်အထိမပျောက်ဘူး။ လုံးလိုက်ထွေးလိုက်သတ်လိုက်ဆိုတော့ တော်တော်ပင်ပန်းတာ။ ရိုက်တဲ့အချိန်ကလည်း အရမ်းပူတဲ့အချိန်ဆိုတော့ ဖျားတောင်ဖျားသွားတယ်။ဖျားရင်းနဲ့ရိုက်ထားတာ။အသံတွေပါဝင်တယ်။ အော်ရဟစ်ရလွန်းလို့”လို့ ပြောပြထားပြီး စရိုက်ဇာတ်ကားထဲမှာ မိုင်ကုန် စရိုက်ကျထားတယ်လို့လည်း “ဘယ်လောက်ထိစရိုက်ကျထားလဲဆိုတာ လာသာကြည့်လိုက်တော့။ အရမ်းကိုစရိုက်ကျထားတာ။ မိုင်ကုန်ပဲ”လို့လည်း ရယ်မောရင်းဖြေကြားထားပါတယ်။

ဝါဝါဝင်းရွှေရဲ့ဘဲဥမကားကိုတော့ မကြည့်ဖူးကြောင်းလည်း”မကြည့်လိုက်ရဘူး။ အခြားကားတွေကြည့်ဖူးတယ်။ မယ်မင်းကြီးမတို့ဘာတို့လေ။ဆေးရောင်စုံတွေလေ။ ကိုရန်လေးနဲ့မမဘာဆိုလားပဲ။ အဲဒါမျိုးတွေကြည့်ဖူးတယ်။ ဘဲဥမကားကို မခိုင်လေးမကြည့်လိုက်ရဘူး။အဲဒီတုန်းက အရမ်းငယ်သေးလို့ထင်တယ်။ဘဲဥမကားမှာ သူဘယ်လိုတွေဂေါ်ထားလဲဆိုတာမခိုင်လည်းအရမ်းကြည့်ချင်တာပေါ့နော်။ သူတို့ခေတ်ကဆိုရင်အရမ်းဂေါ်နေမှာပဲလေ။ဒီဘက်ခေတ်လိုမဟုတ်သေးတာတောင် ထမီတိုတိုဝတ်ပြီးတော့ ရပ်ကွက်ထဲမှာ ပတ်ပြီးတော့ စရိုက်ကျနေမှာအရမ်းကြည့်လို့ကောင်းမှာပဲ”လို့ တမ်းတမ်းတတနဲ့ဖြေကြားထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မခိုင်လေးရဲ့ဘဲဥမကို ရုံတင်တဲ့အခါသွားရောက်အားပေးကြမှာလား။ မခိုင်လေးရဲ့အခြားဇာတ်ကားတွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

စရိုက် ရုပ်ရှင်ဇာတ်ကားကြီး နမူနာ

Can’t Wait To Say

Share From nanmalgyi

ခိုင်သင်းကြည်အတွက်တော့ ဘဲဥမ ကာရိုက်တာက အရမ်းကို ခက်ခဲခဲ့တဲ့ ကာရိုက်တာ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အကယ်ဒမီ မှန်းဖို့အထိတော့ မတွေးထားပါဘူးလို့ ပြောပါတယ်။

ခိုင်သင်းကြည်ဟာ ပရိသတ်အားပေးမှု ရရှိထားတဲ့ ‘’ဘဲဥမ’’ ဆိုတဲ့ ကာရိုက်တာက သူမအတွက် ဘယ်လောက် ခက်ခဲတယ်ဆိုတာကို ရင်ဖွင့်ပြောပြလာပါတယ်။ ဇာတ်ကားထဲက ဒိုင်ယာလော့တွေ အတွက်ကိုလည်း သေသေချာချာ ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မခိုင်အတွက် အခက်အခဲဆုံးကတော့ မခိုင်အနေနဲ့ ခက်ခဲတာက နပန်းလုံးတဲ့အခန်းတွေ ခက်ခဲတယ်။ ဘာလို့လည်းဆိုတော့ သူတစ်ပြန် ကိုယ်တစ်ပြန်တွေလေ။ ဒါက ခက်ခဲတယ် ဆိုတာထက် ပို ပင်ပန်းတာပေါ့နော်။ စကားလုံးကြမ်းကြမ်းတွေပြောရတာကလည်း သေချာ မညှိရပါဘူး။ အဓိက Main က သူပါပဲ သူက ရဲတော့ မခိုင်တို့လည်းပြောရတာပေါ့နော်။ ဒိုင်ယာလော့ ကျက်တုန်းကဆို ဘယ်လိုတောင်လားတောင်ပေါ့။ မခိုင်ကလည်း စိတ်က လုပ်ပြီဆိုတာနဲ့ လုပ်လိုက်တော့တာပဲ ။ အဲဒီလိုတွေဆိုတော့ အဆင်ပြေပါတယ်’’ လို့ ဆိုပါတယ်။

ဘဲဥမ ဇာတ်ကောင်ဟာ ယောက်ျား ဆန်ဆန်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီ။ မဟုတ်မခံချင်စိတ် ရှိတတ်တဲ့ မိန်းကလေး ကာရိုက်တာနဲ့ ခိုင်သင်းကြည်က ပီပီပြင်ပြင် သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကောင်အတွက်ကိုလည်း သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက အကယ်ဒမီပေးထားကြတာ ဖြစ်ပါတယ်။

‘’ အကယ်ဒမီကတော့ မမှန်းပါဘူး။ ဒါပေမယ့် အချင်းချင်းတွေ ပေးတဲ့ အကယ်ဒမီနဲ့ပဲ ကျေနပ်ပါတယ်။ ကိုယ့်ထက် စီနီယာ တွေပေးတဲ့ အကယ်ဒမီနဲ့တင်ကျေနပ်ပါတယ်။ ကိုယ့်ထက်တော်တဲ့သူတွေအများကြီးပါ။ ကိုယ့်ထက်ကောင်းတဲ့ ဇာတ်ကားတွေလည်း အများကြီးရှိပါတယ်’’ လို့ ခိုင်သင်းကြည်က ပြောပါတယ်။

မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် စရိုက် ရုပ်ရှင်ဇာတ်ကားကြီးကို လာရောက် အားပေးဖို့ကိုလည်း ခိုင်သင်းကြည်က ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ကျော်ထက်အောင်၊ ခိုင်သင်းကြည်နဲ့ ထွန်းအိန္ဒြာဗို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

‘’ စရိုက် ရုပ်ရှင်ဇာတ်ကားကြီးက ဒီလ ၃၀ ရက်နေ့ဆိုရင် ရုံတင်ပါပြီရှင့်။ ထွေလာထဲမှာလည်း မခိုင်လေးတို့ စရိုက်အဖွဲ့ ဘယ်လောက် စရိုက်ကျထားသလဲ ဆိုတာကို ကြည့်ပြီးသားဖြစ်မှာပါ။ ရုံတင်ရင်တော့ ထွေလာထက် ပိုတဲ့ စရိုက်ကျတဲ့ ဟာတွေပဲရှိပါတော့တယ်။ ဘယ်လောက်အထိ စရိုက်ကျမလဲဆိုတာကိုတော့ ၃၀ ရက်နေ့မှာ လာကြည့်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။ မခိုင်လေးတို့လည်း ပရိသတ်နဲ့တွေ့ဖို့ လာမှာပါရှင်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

စရိုက် ရုပ်ရှင်ဇာတ်ကားကြီး နမူနာ

credit – celeyatkwat

Share From Lucky Myanmar