#ဆက်သွယ်ရန်
Moekalay
Source;phyo myat aung
Credit – momolay
Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုရှင်တစ်ဦးပါ။ ပြိုင်းပွဲတစ်လျှောက်အသံပါဝါကောင်းကောင်း နဲ့ သီဆိုယှဉ်ပြိုင်ခဲ့မှုကြောင့် ပရိသတ်တွေရော ဒိုင်တွေကပါ အမြဲချီးကျူးခံခဲ့ရသူပါ။ ဖြိုးမြတ်အောင်က ခုဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် ရဲ့ အလှူ ပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြိုးမြတ်အောင် က ဟင်္သာတ မြို့အတွက် သူ့ရဲ့ ပရိသတ်တွေ နဲ့ ပေါင်းပြီး သစ်ပင်စိုက်အဖွဲ့ဖွဲ့ကာ အလှူငွေ ထည့်လှူတဲ့အကြောင်းကို ပြောထားတာပါ။
ဖြိုးမြတ်အောင် က ဟင်္သာတ မြို့အတွက် သူ့ရဲ့ ပရိသတ်တွေ နဲ့ ပေါင်းပြီး သစ်ပင်စိုက်အဖွဲ့ဖွဲ့ကာ အလှူငွေ ထည့်လှူတဲ့အကြောင်းကို ပြောထားတာပါ။
ဖြိုးမြတ်အောင်က ” ကျနော်တို့ ဟင်္သာတမြို့လေးမှာ Green Makers – Hinthada (GMH) ဆိုတဲ့ အဖွဲ့ ဖွဲ့ပြီး သစ်ပင်တွေ စိုက်ဖို့ လုပ်နေကြပါပြီ။ တနိုင်ငံလုံးမှာလည်း သစ်ပင်စိုက်အဖွဲ့တွေ လုပ်နေကြတာကို သိပေမယ့် ဒီထက်ပိုပြီး သစ်ပင်စိုက်အဖွဲ့တွေ များလာစေချင်ပါသေးတယ်။ သစ်ပင်စိုက်တာဟာ အနာဂတ်အတွက် အကောင်းဆုံးသော ရင်းနှီးမြုပ်နှံမှုပါ။GMH အဖွဲ့ကို ကျွန်တော်နှင့်ပရိသတ်မိသားစု ဆိုတဲ့ အမည်နဲ့ မတည်ငွေ (၁၁) သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ ပရိသတ်မိသားစုတွေအနေနဲ့ မိမိတို့ မြို့မှာရှိတဲ့ သစ်ပင်စိုက်မယ့် အဖွဲ့တွေကိုလည်း ကူညီပူးပေါင်းပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။GMH အဖွဲ့ကို လှူချင်ရင် အဖွဲ့ရဲ့ ဘဏ်အကောင့်ဖြစ်တဲ့ KBZ Account တခုတည်းကိုပဲ လွှဲပြီး လှူလို့ရပါတယ်။KBZ Account – 3673 0201 801 345 801
Account Name – U Phyo Paing Soe
#ဆက်သွယ်ရန်
ဒေါက်တာဖြိုးပိုင်စိုး (0926936660)
ကိုကျော်ဘိုဘိုဆွေ ((0926936661)
ကိုထက်အောင်ကောင်း (0926936662)” ဆိုပြီးပြောထားပါတယ်။
ဖြိုးမြတ်အောင် ရဲ့ ပုံရိပ်လေး
ဖြိုးမြတ်အောင် ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;phyo myat aung
Credit – momolay
Share From Lovely Myanmar