အုတ်နံရံ ရေရစ်ကြောင်းများမှ မြတ်စွာဘုရားပုံတော် ထူးဆန်းစွာဖြင့် ထွက်ပေါ်နေ

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် အုတ်နံရံ ရေရစ်ကြောင်းများမှ မြတ်စွာဘုရားပုံတော် ထူးဆန်းစွာဖြင့်ပေါ်တော်မူခြင်းပြည်သူ့မဏ္ဍိုင်~စစ်သည်တော်အဖွဲ့၊

ပြည်ထောင်စုနယ်မြေ~နေပြည်တော် ပျဉ်းမနားမြို့ ပန်းခင်းလမ်း (၃)၇ပ်ကွက်၊ ဦးဗုဒ္ဓေါ တောရကျောင်း၏ သရက်ပင်အနီး အုတ်တံတိုင်းနံရံတွင် အင်္ဂတေပတ်ကြားများ၌ ရေညှိများကပ်ငြိရာမှ ရေရစ်ကောက်ကြောင်းများသည် မြတ်စွာဘုရားရှင်၏ ပုံတော်အဖြစ်ပေါ်တော်မူနေခြင်းကို ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်နေ့ညနေပိုင်း ၄ နာရီကျော်ခန့် အချိန်မှာ ရပ်ကွက်နေ မဆုမြတ်ပို တို့ညီအမ ၂ဦးမှာ အဆိုပါအုတ်တံတိုင်းအနီး ဘုန်းကြီးကျောင်းဝိုင်းအတွင်းမှ အပြင်ဘက်သို့ ကိုင်းထွက်နေသောသရက်ကိုင်းမှ ကြွေကျသောသရက်သီးများကို ညီအမ၂ဦး အတူကောက်နေကြရင်းစတင်တွေ့ရှိခဲ့ကြခြင်းဖြစ်ပြီး

မိခင်ဖြစ်သူ ကိုသွားရောက်၍ ပြောပြခဲ့ရာမှ ရပ်ကွက်နေပြည်သူအများ လာရောက် စစ်ဆေးကြည့်ရှုခြင်း၊မြို့တွင်းနေ လူအများမှတဆင့်စကား တဆင့်နားဖြင့်ကြားသိခဲ့ကြပြီးလျှင် လာရောက်လေ့လာကြခြင်း၊ ဖူးမျှော်ကြခြင်းများ ပြုဆောင်ရာမှကဆုန်လပြည့်ကျော် ၃ ရက်နေ့၌ လူအများပိုမိုသိမြင် လာရောက်၍ဖူးမျှော်ခဲ့ကြရာမှတဆင့်

အဆိုပါသတင်းကြီးမှုကို နေပြည်တော်အခြေစိုက် `ပြည်သူ့မဏ္ဍိုင်´(မူးယစ်ဆန့်ကျင်ရေးနှင့်လူမှုကူညီရေး)`အမိမြေ´ သတင်းစုံစမ်းဖော်ရေးအဖွဲ့နှင့် နေပြည်တော်မြွေပွေးတို့မှသွားရောက်ကာ အဆိုပါသတင်းအား ထူးခြားဖြစ်စဉ် အမှန်သတင်းအဖြစ်အတည်ပြုနိုင်ခဲ့ကြပြီး ဗုဒ္ဓဘာသာအနွယ်ဝင် ပြည်သူအများသိမြင်နိုင်ကြပါစေရန် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

အဆိုပါနေ့၌ပင် ၎င်းပေါ်တော်မူမြတ်ဗုဒ္ဓ၏ ပုံတော်ပေါ်ပေါက်ရာကျောင်းတိုက်အတွင်းရှိ သရက်ပင်တစ်ပင်မှ သာမန်ထက်ပို၍ကြီးသော လူလက်တစ်တောင်ကျော်ရှိသည့် သရက်ရွက်တစ်ရွက်မှာလည်း ထူးဆန်းစွာဖြင့် သရက်ပင်အများကြားထဲကမှ ထူးထူးခြားခြားပင် ကလေးငယ်တစ်ဦးမှ ရရှိခဲ့ပြီး အဆိုပါ ဘုရားပုံတော်ပေါ်သောနေ့ ကဆုန်လပြည့်နေ့မှာပဲ အကြောင်းတိုက်ဆိုင်စွာဖြင့်ရရှိခဲ့သည်မှာ ပို၍ပို၍ပင် ထူးဆန်းဖွယ်ရာအဖြစ် ဖြစ်ပေါ်လာခဲ့ပါသည်။

မည်သူမဆို အရောက်လာ၍ ဖူးမျှော်နိုင်စေရန် အတွက်ကိုလည်းနေပြည်တော်သတင်းထောက် မြွေပွေးနှင့် ပြည်သူ့မဏ္ဍိုင်အဖွဲ့သားများဖြစ်သော စစ်သည်တော်၊ စွမ်းထက်၊ စစ်သူကြီး တို့မှ ရပ်ကွက်တွင်းနေ ဒေသခံလူငယ်များနှင့်အတူ စီစဉ်ဆောင်ရွက်မှုများကို ပြုဆောင်ပေးထားပါကြောင်း ဗုဒ္ဓဘာသာအနွယ်ဝင် ပြည်သူအများကိုဖြစ်ရပ်မှန်ထူးဆန်းဖြစ်စဉ် သတင်းတစ်ရပ်အား Video filesမှတ်တမ်းများနှင့်အတူ ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

မှတ်ချက်။ ။ အဆိုပါအုတ်တံတိုင်းအား တာဝန်ယူ ပြုလုပ်ပေးခဲ့ကြသော ပန်းရံဆရာအားလည်း ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ကြရာမှာလည်း သူတို့အုတ်တံတိုင်းများပြုလုပ်ခဲ့စဉ်က ပန်းချီရေဆွဲခဲ့ခြင်းများတစ်စုံတစ်ရာမျှပင်ရေးဆွဲခဲ့ခြင်းမရှိပါကြောင်း… မရှိခဲ့ဖူးကြောင်း ပုံတော်အား ရေးဆွဲနိုင်စွမ်းလည်း မရှိကြောင်းကို မေးမြန်းစုံစမ်းသိရှိရပါသည်။သတင်းမှတ်တမ်း – စစ်သည်တော်&မြွေပွေး`ပြည်သူ့မဏ္ဍိုင်´ စစ်သည်တော်အဖွဲ့(P.F.A)ဗဟိုကြီးကြပ်အုပ်ချုပ်မှုကော်မတီ (မူးယစ်ဆန့်ကျင်ရေး/လူမှုကူညီရေး/သတင်းဖော်ပြရေး)နေပြည်တော်-ဗဟိုအဖွဲ့ချုပ်ရုံး

Share From Lovely Myanmar