



 

Source : Sunday
Molly CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

Sex မပါဘဲ အတူနေထိုင်ပါတယ်ဆိုတဲ့ချစ်သူအကြောင်းကို ပွင့်လင်းစွာပြောပြလာတဲ့ ဇေရဲထက်

ပီပြင်တဲ့ကာရိုက်တာတွေ နဲ့ပရိသတ်တွေကိုအမြဲဖမ်းစားနိုင်တာ ကတော့ပြည်သူ့အချစ်တော် မင်းသားချောလေးဇေရဲထက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေတိုင်းမှာအများဆုံးပါဝင် သရုပ်ဆောင်ရတဲ့အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါ တယ်။ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုခံရလောက်အောင်ကိုပရိတ်သတ် တွေအပေါ်ရိုသေကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဇေရဲထက်ကိုချစ်တဲ့ ပရိသတ်တွေကတော့ သူ့ရဲ့အချစ်ရေးကို အရမ်းကိုစိတ်ဝင်စားနေကြပါတယ် ။ ဇေရဲထက်ကလည်း သူ့ရဲ့အချစ်ရေးကို ပရိသတ်တွေဆီကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြလိုက်ပြီဖြစ်ပါတယ် ။

ချစ်သူကတော့ရှိနေပြီဖြစ်ပြီး သူ့ကိုအရမ်းလည်းချစ်တယ် လို့ ဇေရဲထက်က ပြောပြလာခဲ့ပါတယ် ။ အခုလက်ရှိမှာတော့ မိသားစုကို နေနိုင်စားနိုင်အောင် လုပ်ပေးနိုင်တာပဲ ရှိသေးတယ်ဆိုတော့ အိမ်ထောင်ပြုဖို့က မသေချာသေးဘူးလို့ သိရပါတယ် ။ အဖေနဲ့ အမေက အရမ်းအသက်ကြီးနေပြီး မောင်တွေ ညီမတွေ က အရမ်းကို ငယ်သေးလို့ သူတို့အတွက် စဉ်းစားပြီး သူတို့ကို စိတ်ချမှသာ အိမ်ထောင်ပြုမယ်လို့ ဇေရဲထက်က ပြောပြခဲ့ပါတယ် ။

အတူနေတာတွေဆိုတာက ဗုဒ္ဓဘာသာနည်းအရတော့မကောင်းဘူး။ သူများသားသမီးကိုယူဖြစ်မယ် မယူဖြစ်ဘူး မသေချာပဲ အတူမနေပါဘူး ညီမချင်းကိုယ်ချင်းစာတယ် နှမချင်းကိုယ်ချင်းစာတယ် မိဘချင်းကိုယ်ချင်းစာတယ် Living Together အဖြစ် Sex မပါဘဲ နေထိုင်ပါတယ် “ဆိုတဲ့ . ချစ်သူအကြောင်းကို ပွင့်လင်းစွာ ပြောပြလိုက်ပြီဖြစ်ပါတယ် ။

Source : Sunday
Molly CeleGabar

Share From CeleGabar