သမီးေလး သစ္ရဲ႕ စိတ္ဓာတ္ေလးကို ခ်ီးက်ဴးလိုက္တဲ့ ခ်စ္သုေဝ

ခ်စ္သုေဝက အရမ္းကို ၾကင္နာတတ္တဲ့ သမီးေလး ေမျမန္မာသစ္ေၾကာင့္ ဝမ္းသာပီတိျဖစ္လို႔ေနပါတယ္။ ဒီလို သမီးေလးေတြ ပိုင္ဆိုင္ရခြင့္ရတဲ့ ခံစားခ်က္ကိုလည္း အခုလို ေျပာျပလာပါတယ္။ခ်စ္သုေဝ တစ္ေယာက္ အရမ္းလိမၼာတဲ့ အႁမႊာသမီးေလးေတြေၾကာင့္ အၿမဲတမ္း ၿပဳံးေပ်ာ္ေနတတ္တဲ့ ေမေမ ျဖစ္ပါတယ္။ အခုလည္း သမီးေလး ေမျမန္မာသစ္ ရဲ႕ စိတ္ဓာတ္ေလးကို အခုလို ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

‘’သည္းသစ္ေလး ရဲရင့္တယ္၊ ေခါင္းမာတယ္ ၊ ၾကင္နာတတ္တယ္ ၊ ညႇာတာတတ္တယ္ ၊ စကားနည္းတယ္ ၊ အာ႐ုံစိုက္မႈေကာင္းတယ္။ ခုဆို သူလုပ္ၿပီးသားေလးေတြကို ေမေမဒီမွာလို႔ ေခၚျပတတ္ေနၿပီ။ သမီးေလးေတြရဲ႕အေသးစိတ္အရာရာျဖတ္သန္းမႈမွာ ပါဝင္ေနႏိုင္တာကိုက ဘုရားေပးတဲ့ဆု’’ ဆိုၿပီးေတာ့ ေမလ ၂၈ ရက္ေန႔ ညေန ၄ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။ ။

သမီးေလးေတြရဲ႕ အနာဂတ္လွပဖို႔နဲ႔ မိခင္အတြက္ ဂုဏ္ယူေစဖို႔ကိုလည္း သူမဆက္ႀကိဳးစားသြားဖို႔ ခြန္းအားေတြ အျပည့္ပါပဲလို႔ ဆိုပါတယ္။ ျဖတ္သန္းရတဲ့ ေလာကဓံေတြ ႀကဳံရေလ သူမကို ေမြးထားတဲ့ မိခင္ကို နားလည္ေလေလပါပဲတဲ့။

“သမီးေလးေတြအနာဂတ္လွဖို႔ သမီးေလးေတြဟာကိုယ့္လုပ္ရပ္ ကိုယ့္ဆုံးျဖတ္မႈေတြေအာက္မွာ မ်က္ႏွာမငယ္ရဖို႔ သမီးေလးေတြအတြက္ ျပည့္စုံလုံၿခဳံေႏြးေထြးတဲ့ ေမတၱာေတြေပးဖို႔ သမီးေလးေတြမ်က္ႏွာမွာ အၿပဳံးေလးေတြေဝေနဖို႔ သမီးေလးေတြအသိစိတ္မွာ ငါတို႔ေမေမရယ္လို႔ဂုဏ္ယူေနေစဖို႔ ကြၽန္မပခုံးထက္မွာ တာဝန္ေတြနဲ႔ ကြၽန္မရင္ထဲမွာ ေမ်ာ္လင့္ခ်က္ေတြနဲ႔ ကြၽန္မစိတ္ဝိညည္မွာ ခြန္အားေတြအျပည့္နဲ႔ေမေမခ်စ္တယ္ေနာ္ ကေလးငယ္ေလးေတြ ျဖတ္သန္းရတဲ့ေလာကဓံေတြႀကဳံရေလ ကိုယ့္ကိုေမြးထားတဲ့ေမေမ့ ကိုနားလည္ေလေလပါပဲ” လို႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ခ်စ္သုေဝ(Chit Thu Wai) ဟာ အဆိုေတာ္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာ တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ သ႐ုပ္ေဆာင္တစ္ဦး အျဖစ္နဲ႔ပါ ရပ္တည္ခဲ့ပါေသးတယ္။ ၂၀၁၄ ခုႏွစ္မွာေတာ့ အဆိုေတာ္ လင္းလင္းနဲ႔ လက္တြဲၿပီး အိမ္ေထာင္တစ္ခု တည္ေဆာက္ခဲ့ကာ ၂၀၁၇ ခုႏွစ္မွာ ခ်စ္စရာေကာင္းတဲ့ အႁမႊာသမီးေလးေတြျဖစ္တဲ့ ေမျမန္မာသစ္နဲ႔ ေမျမန္မာေခတ္တို႔ကို ေမြးဖြားခဲ့ပါတယ္။ အခုဆိုရင္ အႁမႊာသမီးေလးေတြရဲ႕ ေမေမခ်စ္သုေဝဟာ အႏုပညာအလုပ္ေတြ ျပန္လည္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။

CRD-Duwun

UNICODE

ချစ်သုဝေက အရမ်းကို ကြင်နာတတ်တဲ့ သမီးလေး မေမြန်မာသစ်ကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီလို သမီးလေးတွေ ပိုင်ဆိုင်ရခွင့်ရတဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။ချစ်သုဝေ တစ်ယောက် အရမ်းလိမ္မာတဲ့ အမြွှာသမီးလေးတွေကြောင့် အမြဲတမ်း ပြုံးပျော်နေတတ်တဲ့ မေမေ ဖြစ်ပါတယ်။ အခုလည်း သမီးလေး မေမြန်မာသစ် ရဲ့ စိတ်ဓာတ်လေးကို အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။

‘’သည်းသစ်လေး ရဲရင့်တယ်၊ ခေါင်းမာတယ် ၊ ကြင်နာတတ်တယ် ၊ ညှာတာတတ်တယ် ၊ စကားနည်းတယ် ၊ အာရုံစိုက်မှုကောင်းတယ်။ ခုဆို သူလုပ်ပြီးသားလေးတွေကို မေမေဒီမှာလို့ ခေါ်ပြတတ်နေပြီ။ သမီးလေးတွေရဲ့အသေးစိတ်အရာရာဖြတ်သန်းမှုမှာ ပါဝင်နေနိုင်တာကိုက ဘုရားပေးတဲ့ဆု’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ။

သမီးလေးတွေရဲ့ အနာဂတ်လှပဖို့နဲ့ မိခင်အတွက် ဂုဏ်ယူစေဖို့ကိုလည်း သူမဆက်ကြိုးစားသွားဖို့ ခွန်းအားတွေ အပြည့်ပါပဲလို့ ဆိုပါတယ်။ ဖြတ်သန်းရတဲ့ လောကဓံတွေ ကြုံရလေ သူမကို မွေးထားတဲ့ မိခင်ကို နားလည်လေလေပါပဲတဲ့။

“သမီးလေးတွေအနာဂတ်လှဖို့ သမီးလေးတွေဟာကိုယ့်လုပ်ရပ် ကိုယ့်ဆုံးဖြတ်မှုတွေအောက်မှာ မျက်နှာမငယ်ရဖို့ သမီးလေးတွေအတွက် ပြည့်စုံလုံခြုံနွေးထွေးတဲ့ မေတ္တာတွေပေးဖို့ သမီးလေးတွေမျက်နှာမှာ အပြုံးလေးတွေဝေနေဖို့ သမီးလေးတွေအသိစိတ်မှာ ငါတို့မေမေရယ်လို့ဂုဏ်ယူနေစေဖို့ ကျွန်မပခုံးထက်မှာ တာဝန်တွေနဲ့ ကျွန်မရင်ထဲမှာ မျော်လင့်ချက်တွေနဲ့ ကျွန်မစိတ်ဝိညည်မှာ ခွန်အားတွေအပြည့်နဲ့မေမေချစ်တယ်နော် ကလေးငယ်လေးတွေ ဖြတ်သန်းရတဲ့လောကဓံတွေကြုံရလေ ကိုယ့်ကိုမွေးထားတဲ့မေမေ့ ကိုနားလည်လေလေပါပဲ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Share From Global Myanmar Media