




ယူနီကုတ်ဖြင့်ဖတ်ရန်

ဇနီးသည်က ကိုယ့်ထက်အသက်(၁၄)နှစ်ငယ်တော့ကလေးလိုပါပဲလို့ပြောလာတဲ့လူမင်း

သူကတော့ ပရိသတ်ချစ်တဲ့ ဝါရင်သရုပ်ဆောင် အကယ်ဒမီမင်းသားကြီးတစ်ဦးလို့ပြောရမှာပါ။ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သူ့အပေါ်အရမ်းချစ်တဲ့ ဇနီးလေးကိုပိုင်ဆိုင်ထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ် ။ သူကလည်း ဇနီးလေးကိုအရမ်းချစ်ပြီး အသက်လည်းငယ်တော့ ကလေးတစ်ယောက်လိုပါပဲဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“သူကကိုယ့်ထက်(၁၄)နှစ်ငယ်တယ် ပြီးတော့ ဘယ်လိုပြောရမလဲဆိုတော့ သူမိဘတွေနဲ့ အကိုတွေနဲ့တုန်းကလည်း အရမ်းအလိုလိုက်ထားတာဆိုတော့ ကိုယ်နဲ့ရပြီးမှ လမ်းလျှောက်တာကအစ ခါးလေးဆန့်ဆန့်လေးနေဖို့ကစ ဘုရားရှစ်ခိုးတာရော အစတည်းကလုပ်ပေမဲ့ ဘယ်ဟာတွေလုပ်ကမယ် မေတ္တာသုတ်ရွတ်မယ် အဓိဌာန်ဝင်ကြမယ်ဆိုတာကအစ အသက်ကငယ်တော့ ကလေးတစ်ယောက်လိုလည်းဖြစ်တယ် ညီမတစ်ယောက်လိုလည်းဖြစ်တယ်။ နယ်ဘက်တွေကိုသွားရင်တော့ သူလိုက်တော့ ရှုတင်နှစ်ခုယူရတယ် တစ်ဖက်က သရုပ်ဆောင် တစ်ဖက်က ဓာတ်ပုံဆရာလုပ်ပြီးတော့ သူကိုဓါတ်ပုံရိုက်ပေးရတယ်“ လို့ပြောပြထားပြီးတော့

ဇနီးဖြစ်သူက အရိပ်တကြည့်ကြည့်နဲ့ စောက်ရှောက်ပေးတာနဲ့ပတ်သက်ပြီးတော့လည်း“ ရိုက်ကွင်းတွေမှာ ဖြစ်သလိုနေ ဖြစ်သလိုစားတယ် နေချင်သလိုနေတယ ်မိန်းမပါတော့ သူကစားစရာ သောက်စရာကအစ ကျကျနနလုပ်ပေးတယ် အဲလိုလုပ်ပေးတော့ကိုယ်အတွက် သက်တောင့်သက်သာဖြစ်စေတယ်လို့ပြောပြထားတာဖြစ်ပါတယ်။ ဇနီးလေးကိုအရမ်းချစ်ပြီး အသက်လည်းငယ်တော့ ကလေးတစ်ယောက် လိုပါပဲလို့ပြောတဲ့ လူမင်းအပေါ်မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source :Cele YatKwat

Share From CeleGabar