သမီးေလးကို ျမင္ပါမ်ားလို႕ ခ်စ္သြားၾကတဲ့အေပၚ မိခင္တစ္ေယာက္အေနနဲ႕ ၀မ္းသာမိပါတယ္လို႕ ဆိုလာတဲ့ ခိုင္သင္းၾကည္

အကယ္ဒမီ ဆုၾကီး ဆြတ္ခူးရရွိခဲ့ျပီးျဖစ္တဲ့ အနုပညာေလာကကရဲ႕ ၀ါရင့္ အနုပညာရွင္တစ္ေယာက္ျဖစ္တဲ့ ခိုင္သင္းၾကည္ဟာ လက္ရွိခ်ိန္ထိ နုပ်ိဳလွပေနဆဲ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕ အနုပညာမ်ိဳးဆက္သစ္ေလးျဖစ္တဲ့ သမီးျဖစ္သူ စံထိပ္ထားဦးေလးကို အနုပညာရွင္တစ္ေယာက္ ျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးနိုင္ခဲ့ျပီး အနုပညာရွင္တစ္ေယာက္ျဖစ္လာသည္႕တိုင္ ထိပ္ထိပ္ေလးကလည္း တကယ့္ကို လိမၼာေရးျခားရွိသူေလးျဖစ္ပါတယ္။

အေမ နဲ႕ သမီး ညီအမေတြလို႕ ထင္မွတ္မွားရေလာက္ေအာင္ ထိပ္ထိပ္ေလးကလည္း အရြယ္ေရာက္လာျပီျဖစ္သလို ခိုင္သင္းၾကည္ကလည္း နုပ်ိဳေနဆဲျဖစ္ျပီး တခ်ိဳကေသာ ပရိသတ္ေတြက အစပိုင္းမွာ ထိပ္ထိပ္ေလးရဲ႕ ရုပ္ပိုင္းဆိုင္ရာကို ထိခုိက္ေျပာဆိုျပီး မွတ္ခ်က္ေတြေပးခဲ့ၾကသလို အေမျဖစ္တဲ့ မခိုင္ေကာ ထိပ္ထိပ္ပါ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။ လက္ရွိမွာေတာ့ ထိပ္ထိပ္ေလးကို လက္ခံအားေးပလာခဲ့ၾကျပီး ျဖစ္ျပီး ကိုယ္ပိုင္ပရိသတ္ေတြရရွိေနျပီျဖစ္တဲ့ သမီးေလးျဖစ္သူ ထိပ္ထိပ္နဲ႕ ပတ္သက္လို႕

” စတုန္းကေတာ့ မၾကိဳက္ေတာ့ ေျပာခ်င္တာေပါ့ေနာ္။ျမင္ပါမ်ားေတာ့လည္း ခ်စ္သြားၾကပါတယ္။ ၀မ္းသာပါတယ္။ မခိုင္ကေတာ့ ကေလးကို အျမဲတမ္းလည္း သင္ထားပါတယ္။ သူတို႕ အဆိုးေျပာေပမဲ့လည္း အဆိုးနဲ႕ မတံုျပန္႕ပါနဲ႕လို႕ ။ အကုန္လံုးကို ေမတၱာျပန္ထားလိုက္ သမီး၊ ေနာက္ပိုင္းမွာ သမီးကို ေမတၱာျပန္ထားလာလိမ္႕မယ္။ မခိုင္တို႕ကေတာ့ နားလည္ပါတယ္။ ထိပ္ထိပ္ေလးကေတာ့ ရင့္က်က္ပါတယ္။ တစ္ဦးတည္းေသာ သမီးဆိုေတာ့ ကေလးေတာ့ဆန္ပါတယ္။ တခါတေလက်ရင္လည္း မခိုင္ထက္ လူၾကိးပိုဆန္ပါတယ္။ “လို႕ ခိုင္သင္းၾကည္က ခုလိုပဲ သူမရဲ႕ ရင္ထဲက စကားေလးေတြ ဖြင့္ဟလာတာမို႕ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္။

Source: MC
Khin Mi MiCeleGabar
ယူနီကုဒ္နဲ႕ ဖတ္ရန္

အကယ်ဒမီ ဆုကြီး ဆွတ်ခူးရရှိခဲ့ပြီးဖြစ်တဲ့ အနုပညာလောကကရဲ့ ဝါရင့် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ဟာ လက်ရှိချိန်ထိ နုပျိုလှပနေဆဲ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အနုပညာမျိုးဆက်သစ်လေးဖြစ်တဲ့ သမီးဖြစ်သူ စံထိပ်ထားဦးလေးကို အနုပညာရှင်တစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး အနုပညာရှင်တစ်ယောက်ဖြစ်လာသည့်တိုင် ထိပ်ထိပ်လေးကလည်း တကယ့်ကို လိမ္မာရေးခြားရှိသူလေးဖြစ်ပါတယ်။

အမေ နဲ့ သမီး ညီအမတွေလို့ ထင်မှတ်မှားရလောက်အောင် ထိပ်ထိပ်လေးကလည်း အရွယ်ရောက်လာပြီဖြစ်သလို ခိုင်သင်းကြည်ကလည်း နုပျိုနေဆဲဖြစ်ပြီး တချိုကသော ပရိသတ်တွေက အစပိုင်းမှာ ထိပ်ထိပ်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်ပြောဆိုပြီး မှတ်ချက်တွေပေးခဲ့ကြသလို အမေဖြစ်တဲ့ မခိုင်ကော ထိပ်ထိပ်ပါ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ထိပ်ထိပ်လေးကို လက်ခံအားေးပလာခဲ့ကြပြီး ဖြစ်ပြီး ကိုယ်ပိုင်ပရိသတ်တွေရရှိနေပြီဖြစ်တဲ့ သမီးလေးဖြစ်သူ ထိပ်ထိပ်နဲ့ ပတ်သက်လို့

” စတုန်းကတော့ မကြိုက်တော့ ပြောချင်တာပေါ့နော်။မြင်ပါများတော့လည်း ချစ်သွားကြပါတယ်။ ဝမ်းသာပါတယ်။ မခိုင်ကတော့ ကလေးကို အမြဲတမ်းလည်း သင်ထားပါတယ်။ သူတို့ အဆိုးပြောပေမဲ့လည်း အဆိုးနဲ့ မတုံပြန့်ပါနဲ့လို့ ။ အကုန်လုံးကို မေတ္တာပြန်ထားလိုက် သမီး၊ နောက်ပိုင်းမှာ သမီးကို မေတ္တာပြန်ထားလာလိမ့်မယ်။ မခိုင်တို့ကတော့ နားလည်ပါတယ်။ ထိပ်ထိပ်လေးကတော့ ရင့်ကျက်ပါတယ်။ တစ်ဦးတည်းသော သမီးဆိုတော့ ကလေးတော့ဆန်ပါတယ်။ တခါတလေကျရင်လည်း မခိုင်ထက် လူကြိးပိုဆန်ပါတယ်။ “လို့ ခိုင်သင်းကြည်က ခုလိုပဲ သူမရဲ့ ရင်ထဲက စကားလေးတွေ ဖွင့်ဟလာတာမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ရပါတယ်နော်။

Share From CeleGabar