၂၀၁၈ ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲကြီးမှာ ရွှေကြိုပါဝင်ရာကနေ ပရိသတ်တွေ အသိများလာခဲ့ရတဲ့ သရုပ်ဆောင် ကိုကိုဦးရဲ့သားလေး သီဟအောင် ဟာဆိုရင် လူငယ်ပီပီ အရမ်းကို သွက်လက်ချက်ချာမှုရှိပြီး ချောမောလွန်းလှတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာကတည်းက အနုပညာလောကထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့တဲ့ သူကတော့ အနုပညာအလုပ်ကိုလည်း ဝါသနာပါသူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။
ယခုအချိန်မှာတော့ အနုပညာအလုပ်တွေကို အရမ်းဝါသနာပါလွန်းတဲ့ သီဟအောင်ရဲ့ TikTok video file လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။ ဆယ်ကျော်သက် အရွယ်မှာကတည်းက မိန်းကလေး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုများစွာကို ရရှိထားခဲ့ရတဲ့ သီဟအောင်ရဲ့ ချစ်စရာ TikTok ဗီဒီယိုဖိုင်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။
ကိုကိုဦးရဲ့သားလေး သီဟအောင်ရဲ့ TikTok Video
အသည်းတို့အတွက် ကြွေအောင်လုပ်လိုက်မှတော့ ကြွေရပြီပေါ့ ကလေးရယ်။
အနုပညာကို အရမ်းဝါသနာပါလွန်းတဲ့ ကိုကိုဦးရဲ့သားလေး သီဟအောင်ကတော့ လတ်တလောမှာလည်း ကြော်ငြာတွေ၊ MTV တွေမှာ ရိုက်ကူးသရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သီဟအောင်ရဲ့ TikTok video file လေးတွေကိုကြည့်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Kay Kay
Ref : Thiha Aung’s Facebook
Share From Lovely Myanmar