“ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ တွေ့မြင်ရမယ့် အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်များ
Unicodeဖြင့်ဖတ်ရန်
★★★
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။
အခုလက်ရှိမှာတော့ အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကိုချစ်တဲ့ ပရိသတ်တွေအတွက် နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးက နောက် ဂျူလိုင်လအတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်သရုပ်ဆောင်ထားတဲ့ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင်လ ( ၁၈ ) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။”ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခန့်မာန်ထည်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ထွန်းအိန္ဒြာဗိုနဲ့ အိန္ဒြာကျော်ဇင်တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
“ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးက ပိုစတာစတင်ထွက်ရှိကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိ ုအပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကလည်း “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဘယ်လိုတွေ သရုပ်ဆောင်မလဲ ဆိုတာ စိတ်ဝင်စားစရာပဲနော်။
အိန္ဒြာကျော်ဇင်ရဲ့ မျက်လုံးတွေကို ကြည့်ရုံနဲ့တင် တော်တော်လေးအသက်ဝင်ပြီး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဂျူလိုင်လ (၁၈) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Rowena
Source: pathy pathy eaindra kyaw zin’s crazy
Share From Lovely Myanmar