
Zawgyi ျဖင့္ဖတ္၇န္
မ်က္လံုးက လူသားအားလံုးအတြက္ အရမ္းအေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းတစ္ခု ပါဘဲ။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက အေလးမထားၾကပါဘူး။ အခုေခတ္မွာ အခ်ိန္အၾကာႀကီး Laptop နဲ႔ အလုပ္လုပ္မယ္၊ ခဏနားခ်ိန္မွာ ဖုန္းကို ၾကည့္မယ္ဆိုရင္ မ်က္လံုးမွာ နားခ်ိန္ကို မရွိေတာ့ပါဘူး။ ဒါေတာင္ တခ်ိဳ႕ဆိုရင္ ညအိပ္ရာကေန တေရးႏိုးလာရင္ေတာင္ Facebook သံုးၾကေသးပါတယ္။
ျမန္မာနည္း ျမန္မာဟန္ မ်က္စိ အျမင္ၾကည္၍ ပါ၀ါတျဖည္းျဖည္း က်သြားေစေသာ နည္းမွာ
(၁) ေန႔စဥ္ အိပ္ရာမ၀င္ခင္ ဆား (၃၀) သားကို ေရအင္ဒံုေလးထဲ ထည့္ျပီး ေရ ေႏြးေႏြးေလးျဖင့္ ေျခ မ်က္စိျမဳပ္႐ံုမွ် (၁၅) မိနစ္ ၾကာေအာင္ စိမ္ေပးပါ။
(၂) ထမင္းစားျပီး (၁) နာရီျခား၍ ၾကက္ဥ (၁) လံုးကို ေန႔စဥ္ အစိမ္း ေသာက္ေပးျခင္း (သို႔) ကာက်က္ ေလးလုပ္၍ ေသာက္ေပး စားေပးပါ။
(၃) မ်က္စိပါ၀ါ ခ်မည္ဆိုပါလွ်င္ (၇) ရက္တိတိ ဆား မ်က္စဥ္း ခပ္ေပးပါ။
ေရသန္႔သန္႔ ဖန္ခြက္ ေလးတစ္ ခြက္ (၂၅၀) လီတာထဲသို႔ ဆား (၁) ပဲသားခပ္ျပီး အ၀တ္သန္႔ျဖင့္ စစ္၍ မ်က္စိအား (၂) စက္ (၃) စက္မွ် ခပ္ေပးပါ။
ဆားမ်က္စဥ္း ခပ္ေပးစတြင္ နံနက္မိုးလင္း ပါက မ်က္ေခ်းမ်ား ပိတ္ေနတတ္ပါသည္။
(၄) မံုညင္းဆီ (သို႔) ႏွမ္းဆီစစ္စစ္ေလး ရွာထားပါ။ ညအိပ္ရာ၀င္ပါလွ်င္ ေျခေခ်ာင္းေလးမ်ားႏွင့္ ေျခေခ်ာင္းေလးမ်ားၾကား မံုညင္းဆီ (သို႔) ႏွမ္းဆီ လူးေပးပါ။
(၅) ဆားမ်က္စဥ္း ခပ္ေပးခ်ိန္ (၇) ရက္ျပည့္ပါလွ်င္ အရြယ္ညီ ေက်ာက္စရစ္ခဲေလး ႏွစ္လံုးကို ေရစင္ ေအာင္ေဆးျပီး ေရသန္႔သန္႔ ေလးျဖင့္ အျမဲစိမ္ထားပါ။
ထိုေက်ာက္စရစ္ ခဲေလးအား ညအိပ္ရာ ၀င္ခ်ိန္ ပက္လက္အိပ္ မ်က္စိမိွက္ျပီး ဘယ္ညာ (၁၅) မိနစ္ မွ် တင္ေပးပါ။ ေအးျမ ၾကည္လင္းျခင္းကို လက္ေတြ႔ လုပ္ၾကည္သူ ခံစားနိုင္ပါလိမ္႔မည္။
ဆိုးက်ိဳးမရွိေသာ မ်က္စိၾကည္၊ ပါ၀ါ က်ေစျခင္းႏွင့္ အတူ အေညာင္းအညာ ေျပျပီး အပူကင္းျခင္း အက်ိဳးကို (၁) လအတြင္း အမွန္ပင္ ရလာမည္ဟု ေျပာရဲပါသည္။
ျမန္မာနည္း ျမန္မာဟန္ျဖင့္ မ်က္စိအျမင္ အမွန္ၾကည္ေစကာ မ်က္စိပါ၀ါ က်ေစေသာ နည္းကိုေပးသူအား ေက်းဇူးတင္မိပါသည္။
လိုသူယူသံုး စိတ္ႏွလံုး ခ်မ္းသာစြာျဖင့္ မ်က္စိ အျမင္ ၾကည္နိုင္ၾကပါေစ။
Credit : ရဲမ်ိဳးသူ (ေဗာဓိျမိဳင္)
Unicodeဖြင့်ဖတ်ရန်
မျက်လုံးက လူသားအားလုံးအတွက် အရမ်းအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ပါဘဲ။ ဒါပေမယ့် လူတော်တော်များများက အလေးမထားကြပါဘူး။ အခုခေတ်မှာ အချိန်အကြာကြီး Laptop နဲ့ အလုပ်လုပ်မယ်၊ ခဏနားချိန်မှာ ဖုန်းကို ကြည့်မယ်ဆိုရင် မျက်လုံးမှာ နားချိန်ကို မရှိတော့ပါဘူး။ ဒါတောင် တချို့ဆိုရင် ညအိပ်ရာကနေ တရေးနိုးလာရင်တောင် Facebook သုံးကြသေးပါတယ်။
မြန်မာနည်း မြန်မာဟန် မျက်စိ အမြင်ကြည်၍ ပါဝါတဖြည်းဖြည်း ကျသွားစေသော နည်းမှာ
(၁) နေ့စဉ် အိပ်ရာမဝင်ခင် ဆား (၃၀) သားကို ရေအင်ဒုံလေးထဲ ထည့်ပြီး ရေ နွေးနွေးလေးဖြင့် ခြေ မျက်စိမြုပ်ရုံမျှ (၁၅) မိနစ် ကြာအောင် စိမ်ပေးပါ။
(၂) ထမင်းစားပြီး (၁) နာရီခြား၍ ကြက်ဥ (၁) လုံးကို နေ့စဉ် အစိမ်း သောက်ပေးခြင်း (သို့) ကာကျက် လေးလုပ်၍ သောက်ပေး စားပေးပါ။
(၃) မျက်စိပါဝါ ချမည်ဆိုပါလျှင် (၇) ရက်တိတိ ဆား မျက်စဉ်း ခပ်ပေးပါ။
ရေသန့်သန့် ဖန်ခွက် လေးတစ် ခွက် (၂၅၀) လီတာထဲသို့ ဆား (၁) ပဲသားခပ်ပြီး အဝတ်သန့်ဖြင့် စစ်၍ မျက်စိအား (၂) စက် (၃) စက်မျှ ခပ်ပေးပါ။
ဆားမျက်စဉ်း ခပ်ပေးစတွင် နံနက်မိုးလင်း ပါက မျက်ချေးများ ပိတ်နေတတ်ပါသည်။
(၄) မုံညင်းဆီ (သို့) နှမ်းဆီစစ်စစ်လေး ရှာထားပါ။ ညအိပ်ရာဝင်ပါလျှင် ခြေချောင်းလေးများနှင့် ခြေချောင်းလေးများကြား မုံညင်းဆီ (သို့) နှမ်းဆီ လူးပေးပါ။
(၅) ဆားမျက်စဉ်း ခပ်ပေးချိန် (၇) ရက်ပြည့်ပါလျှင် အရွယ်ညီ ကျောက်စရစ်ခဲလေး နှစ်လုံးကို ရေစင် အောင်ဆေးပြီး ရေသန့်သန့် လေးဖြင့် အမြဲစိမ်ထားပါ။
ထိုကျောက်စရစ် ခဲလေးအား ညအိပ်ရာ ဝင်ချိန် ပက်လက်အိပ် မျက်စိမှိက်ပြီး ဘယ်ညာ (၁၅) မိနစ် မျှ တင်ပေးပါ။ အေးမြ ကြည်လင်းခြင်းကို လက်တွေ့ လုပ်ကြည်သူ ခံစားနိုင်ပါလိမ့်မည်။
ဆိုးကျိုးမရှိသော မျက်စိကြည်၊ ပါဝါ ကျစေခြင်းနှင့် အတူ အညောင်းအညာ ပြေပြီး အပူကင်းခြင်း အကျိုးကို (၁) လအတွင်း အမှန်ပင် ရလာမည်ဟု ပြောရဲပါသည်။
မြန်မာနည်း မြန်မာဟန်ဖြင့် မျက်စိအမြင် အမှန်ကြည်စေကာ မျက်စိပါဝါ ကျစေသော နည်းကိုပေးသူအား ကျေးဇူးတင်မိပါသည်။
လိုသူယူသုံး စိတ်နှလုံး ချမ်းသာစွာဖြင့် မျက်စိ အမြင် ကြည်နိုင်ကြပါစေ။
Credit : ရဲမျိုးသူ (ဗောဓိမြိုင်)