ေခါင္းေပၚက ေဘာက္ေတြ ဘယ္လိုလုပ္လို႕မွ အရွင္းမေပ်ာက္ရင္ ဒီလိုလုပ္ၾကည့္ပါ။

(Zawgyi)

ေခါင္းမွာ ေဘာက္ေတြ ဂြၽတ္စြဲေလာက္ေအာင္ ထ ခ်င္သေလာက္ထ၊ စိတ္ညစ္စရာ မလိုေတာ့ပါ

က်ေနာ္ ေဘာက္ျဖစ္ေနတာၾကာၿပီဗ်ာ။ ေဘာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္အစုံ သုံးၾကည့္ပါတယ္။

ေရွာက္ႏုသီး/ သံပုရာသီး စသည့္ နည္းလမ္းမ်ားျဖင့္ လုပ္ၾကည့္ေပမယ့္ တစ္ဖက္ႏိုင္ငံေရာက္ကတည္းက ေနပူမိုး႐ြာမေရွာင္ ပန္းရံအလုပ္ျဖင့္ ၂ႏွစ္တာလုပ္ကာ ဂြၽတ္စြဲေနသည္။ ကြၽန္ေတာ္ ေခါင္းကေဘာက္ေတြက မေပ်ာက္ခဲ့ဘူး။

ကြၽန္ေတာ္အရမ္း စိတ္ညစ္ခဲ့တာေပါ့။ ဒါနဲ႔ ကတုံးခနခနတုံးေနရတာေပါ့။ ကတုံးတုံးၿပီး ေဆးနည္းအစုံသုံးၾကည့္ေသာ္လည္း ဆံပင္ျပန္ေပါက္တာနဲ႔ ျပန္ထေနတာေလ။

တစ္ည ေဘာက္ေပ်ာက္နည္းဆိုၿပီး က်ေနာ္႐ိုက္ကာရွာေတာ့ မိတ္ေဆြတစ္ေယာက္တင္ထားတဲ့ ရဲယိုသီး နည္းေလး သိခဲ့သည္မို႔ အထူးအဆန္းေလးမို႔ကြၽန္ေတာ္ လုပ္ၾကည့္တယ္။

ပထမတစ္လုံးမွာ ေဘာက္ေတြထလာသည္မို႔ ယုံၾကည္မႈ႕ နည္းလာေသာ ကြၽန္ေတာ္ ဒုတိယတစ္လုံးနဲ႔ေလွ်ာ္ၿပီး ေနာက္ေန႔အရာက္ က်ေနာ္ေခါင္းက ဂြၽတ္ေတြလို စြဲေနတဲ့ေဘာက္ဖက္ အထစ္အဖုေလးေတြ မရွိေတာ့ေပ။ ေနာက္တစ္ျဖည္းျဖည္းနဲ႔ ေႂကြက်ကာ ေဘာက္ကင္စင္သြားသည္ကို ေတြ႕ရေတာ့ ျပန္မွ်ေဝခ်င္လာတယ္ေလ။ လုပ္နည္းေလးကဒီလိုပါ။

ဆားနဲ႔ ေခါင္းအႏွံ႔ပြတ္ပါ။ ၿပီးရင္ မွည္ေနတဲ့ ရဲယိုသီးကို ဦးေရျပားအႏွံ႔ ပြတ္လိမ္းေပးပါ။ တစ္လုံးအကုန္ အနည္းငယ္ေတာ့ စပ္ေပမယ့္ ခံႏိုင္ပါတယ္။ ၿပီးရင္ နာရီဝက္ခန႔္ ႏွပ့္ထားၿပီး ေခါင္းေလွ်ာ္လိုက္ပါ။ အနံ႔က တစ္အားနံလို႔ အကင္းေပ်ာက္ခ်င္ရင္ ေဘာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္ကို ေခါင္းေလွ်ာ္ခ်ိန္ အသုံးျပဳႏိုင္ပါသည္။

အားလုံးအဆင္ေျပပါေစဗ်ာ။ က်ေနာ္အရမ္းေပ်ာ္လို႔ စာရွည္သြားရင္ ခြင့္လႊတ္ပါဗ်ာ။ စကားမစပ္ ရဲယိုသီး တစ္ပင္ေလာက္ စိုက္အုံးမွ တစ္ပင္လုံး အသုံးဝင္တယ္တဲ့။

Credit-Ye Lin Kyaw

(Unicode)

ခေါင်းမှာ ဘောက်တွေ ဂျွတ်စွဲလောက်အောင် ထ ချင်သလောက်ထ၊ စိတ်ညစ်စရာ မလိုတော့ပါ

ကျနော် ဘောက်ဖြစ်နေတာကြာပြီဗျာ။ ဘောက်ပျောက်ခေါင်းလျှော်ရည်အစုံ သုံးကြည့်ပါတယ်။

ရှောက်နုသီး/ သံပုရာသီး စသည့် နည်းလမ်းများဖြင့် လုပ်ကြည့်ပေမယ့် တစ်ဖက်နိုင်ငံရောက်ကတည်းက နေပူမိုးရွာမရှောင် ပန်းရံအလုပ်ဖြင့် ၂နှစ်တာလုပ်ကာ ဂျွတ်စွဲနေသည်။ ကျွန်တော် ခေါင်းကဘောက်တွေက မပျောက်ခဲ့ဘူး။

ကျွန်တော်အရမ်း စိတ်ညစ်ခဲ့တာပေါ့။ ဒါနဲ့ ကတုံးခနခနတုံးနေရတာပေါ့။ ကတုံးတုံးပြီး ဆေးနည်းအစုံသုံးကြည့်သော်လည်း ဆံပင်ပြန်ပေါက်တာနဲ့ ပြန်ထနေတာလေ။

တစ်ည ဘောက်ပျောက်နည်းဆိုပြီး ကျနော်ရိုက်ကာရှာတော့ မိတ်ဆွေတစ်ယောက်တင်ထားတဲ့ ရဲယိုသီး နည်းလေး သိခဲ့သည်မို့ အထူးအဆန်းလေးမို့ကျွန်တော် လုပ်ကြည့်တယ်။

ပထမတစ်လုံးမှာ ဘောက်တွေထလာသည်မို့ ယုံကြည်မှု့ နည်းလာသော ကျွန်တော် ဒုတိယတစ်လုံးနဲ့လျှော်ပြီး နောက်နေ့အရာက် ကျနော်ခေါင်းက ဂျွတ်တွေလို စွဲနေတဲ့ဘောက်ဖက် အထစ်အဖုလေးတွေ မရှိတော့ပေ။ နောက်တစ်ဖြည်းဖြည်းနဲ့ ကြွေကျကာ ဘောက်ကင်စင်သွားသည်ကို တွေ့ရတော့ ပြန်မျှဝေချင်လာတယ်လေ။ လုပ်နည်းလေးကဒီလိုပါ။

ဆားနဲ့ ခေါင်းအနှံ့ပွတ်ပါ။ ပြီးရင် မှည်နေတဲ့ ရဲယိုသီးကို ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပါ။ တစ်လုံးအကုန် အနည်းငယ်တော့ စပ်ပေမယ့် ခံနိုင်ပါတယ်။ ပြီးရင် နာရီဝက်ခန့် နှပ့်ထားပြီး ခေါင်းလျှော်လိုက်ပါ။ အနံ့က တစ်အားနံလို့ အကင်းပျောက်ချင်ရင် ဘောက်ပျောက်ခေါင်းလျှော်ရည်ကို ခေါင်းလျှော်ချိန် အသုံးပြုနိုင်ပါသည်။

အားလုံးအဆင်ပြေပါစေဗျာ။ ကျနော်အရမ်းပျော်လို့ စာရှည်သွားရင် ခွင့်လွှတ်ပါဗျာ။ စကားမစပ် ရဲယိုသီး တစ်ပင်လောက် စိုက်အုံးမှ တစ်ပင်လုံး အသုံးဝင်တယ်တဲ့။

Credit-Ye Lin Kyaw