အနုပညာကို ဝါသနာပါလို့ ဝေဖန်မှုတွေကို ကျော်လွှားပြီး အကောင်းဆုံး ကြိုးစားနေတဲ့ ကျော်ကျော်နန္ဒကတော့ စိတ်ထားကောင်းသူတစ်ဦးမို့ ခင်မင်သူတွေ ပေါများတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကျော်ကျော်နန္ဒက နေမကောင်းဖြစ်နေတဲ့ သရုပ်ဆောင်ကစ်ကစ်နဲ့ သူ့ရဲ့ခင်မင်မှုအကြောင်းကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ကျော်ကျော်နန္ဒဆိုပြီး မဖြစ်လာခင်ကတည်းက လက်တွဲခေါ်ခဲ့တဲ့ မကစ်ကစ်ကို ကျော်ကျော်နန္ဒတစ်ယောက် သွားတွေ့ဦးမယ်လို့လည်း ပြောထားပါသေးတယ်။
ထိုသို့ မကစ်ကို သွားတွေ့မယ်ဆိုပြီးပြောထားတဲ့ ကျော်ကျော်နန္ဒကတော့ ကုတင် ၅၀၀ အထူးကုဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကစ်ကစ်ကို ယနေ့ မေလ ၂၈ ရက်နေ့မှာ အလှူငွေများဖြင့် သွားရောက်ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ကစ်ကစ်ထံ အလှူငွေများဖြင့် သွားရောက်ကန်တော့ခဲ့ကြောင်း ပြောလာတဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကျော်ကျော်နန္ဒ ကတော့ ” ပေါ်ပင်မဟုတ်ပါဘူး မကစ် က ကျနော်ရဲ့ အနုပညာ ပထမ လက်ဦးဆရာ အမမို့သွားကန်တော့ကုသိုလ်ပြုရင်း ဆေးရုံမှ တခြားလူနာများကိုလည်းတတ်နိုင်သမျှ ကုသိုလ်ပြုခဲ့သည်ကို အားလုံး အမျှ အမျှ အမျှ ” ဆိုပြီး သူရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ကျော်ကျော်နန္ဒရဲ့ ပထမဆုံး လက်ဦးဆရာတစ်ယောက်ဖြစ်တဲ့ ကစ်ကစ်ကတော့ ယခုဆိုရင် ကျန်းမာရေးအခြေအနေ လုံးဝကို တိုးတက်ကောင်းမွန်လာခဲ့ပါပြီနော်။
မကစ်ကို သွားကန်တော့ရင်း ဆေးရုံကလူနာတွေကို တတ်နိုင်တာလေးနဲ့ ကုသိုလ်ပြုလှူဒါန်းခဲ့တဲ့ ကျော်ကျော်နန္ဒကတော့ လေးစားအားကျစရာပါပဲနော်။
အနုပညာကို ရူးသွပ်လွန်းလို့ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကြိုးစားပြီး ရပ်တည်နေတဲ့ ကျော်ကျော်နန္ဒကတော့ တမူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အရယူနိုင်ခဲ့သူတစ်ဦးပါ။ ကျော်ကျော်နန္ဒက မကြာခင်မှာပဲ ရုပ်ရှင်ကားကြီး ရိုက်ကူးရတော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လက်ဦးဆရာဖြစ်တဲ့ ကစ်ကစ်ကိုသွားကန်တော့ရင်း ဆေးရုံကလူနာတွေကိုပါ တတ်နိုင်တာလေးနဲ့ အလှူပြုပေးခဲ့တဲ့ ကျော်ကျော်နန္ဒကို လေးစားတယ်ဆိုရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။Credit-momolay
Share From Lucky Myanmar