သီလရှင်ဝတ်တာ ၈ ရက်မြောက်အနေနဲ့ ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်ခဲ့တဲ့ ဆရာလေး ဝိမလဉာဏီ-ပိုပို





UNICODE

ဖျော်ဖြေမှုတွေလုပ်ပြီးပရိသတ်တွေကိုပျော်ရွှင်အေးချမ်းစေခဲ့တဲ့ပိုပိုတစ်ယောက်သူမကိုယ်တိုင်လည်းငြိမ်းအေးရာအစစ်အမှန်မှာခေတ္တခိုလှုံနေတာပဲဖြစ်ပါတယ်။အေးချမ်းတဲ့ဘုရားရိပ်တရားရိပ်မှာခိုလှုံခဲ့တာ၈ရက်မြောက်အနေနဲ့ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့တဲ့ ဆရာလေးရဲ့ပုံရိပ်တွေကို Admin တစ်ယောက်က Page မှာ ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

လောကီရဲ့အပူမီးတွေကိုလောကုတ္တရာရဲ့ငြိမ်းအေးမှုတွေနဲ့ငြိမ်းသတ်နေတဲ့ဆရာလေးရဲ့ပုံရိပ်တွေကအေးချမ်းလွန်းနေပါတယ်။ ဘုရားသမီးတော် အဖြစ်ခံယူထားပြီး အေးအေးချမ်းချမ်းနဲ့ ရွှေတိဂုံဘုရားကို ဖူးမျှော်ခဲ့တာပဲဖြစ်ပါတယ်။ အေးချမ်းနေတဲ့ဆရာလေးမဝိမလဉာဏီရဲ့ပုံရိပ်တွေဟာအတွင်းစိတ်မှာတကယ်ကိုငြိမ်းအေးနေမှန်းသိသာနေပါတယ်။

ဆရာလေးရဲ့ပုံရိပ်တွေကိုPageAdminတစ်ဦးက”သီလရှင်ဝတ်တာ၈ရက်မြောက်အနေနဲ့ရွှေတိဂုံဘုရားကိုဖူးမျှော်ရင်း၇ ရက်သားသမီးများ ကျန်းမာ ချမ်းသာကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် “ဆိုပြီးဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ သာသနာ့ဘောင်မှာအေးချမ်းနေပြီးအားလုံးကိုလည်းထပ်တူအေးချမ်းစေဖို့ဆုတောင်းမေတ္တာခြွေခဲ့တဲ့ဆရာလေးရဲ့မေတ္တာပုံရိပ်လေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပြီနော်။

Photo – ပိုပို,CRD-Myanmar Load

Share From Global Myanmar Media