ျမင့္ျမတ္က ‘’ဇာတ္လုိက္’’ရုပ္ရွင္ဇာတ္ကားရိုက္ကူးေရးလုပ္ေနတဲ့ ပဲခူးရုိးမေတာက ဘုန္းႀကီးေက်ာင္းမွာ ေငြက်ပ္ သိန္း ၃၀ လွဳဒါန္းခ့ဲ

ျမင့္ျမတ္က ‘’ဇာတ္လိုက္’’႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးေရးလုပ္ေနတဲ့ ပဲခူး႐ိုးမေတာက ဘုန္းႀကီးေက်ာင္းမွာ ေငြက်ပ္ သိန္း ၃၀ အလႉျပဳခဲ့တာကို ေတြ႕ရပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ ေက်ာင္းဆရာ ကာ႐ိုက္တာနဲ႔ ျမင္ေတြ႕ရမွာပါ။

ျမင့္ျမတ္က အခုလက္ရွိပဲခူး႐ိုးမေတာမွာ‘’ဇာတ္လိုက္’’ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးေနတာျဖစ္ပါတယ္။အလႉအတန္းနဲ႔ ပတ္သက္လာရင္ လက္မေႏွးတဲ့ ျမင့္ျမတ္က အခုလည္း ဇာတ္ကား႐ိုက္ေနတဲ့ ေနရာမွာ အလႉလုပ္ခဲ့တယ္လို႔ သိရပါတယ္။

‘’ ႐ိုးရွင္းေသာ သိန္း၃၀ အလႉေလးပါ’’ ဆိုၿပီးေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ စိုးႀကီးရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ေမလ ၂၉ ရက္ေန႔ မနက္ ၁၂ နာရီ ၂၆ မိနစ္က ေရးတင္ထားတာျဖစ္ပါတယ္။ အဲဒီေနာက္ ျမင့္ျမတ္ရဲ႕ အလႉ အမွတ္တရ ဓာတ္ပုံေလးကိုလည္း တင္ခဲ့ပါေသးတယ္။ ျမင့္ျမတ္ကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း သာဓု ၃ ႀကိမ္ ေခၚဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ သူ႔ကို ေက်ာင္းဆရာ ကိုတင္ေမာင္ဝင္း အျဖစ္ ျမင္ေတြ႕ရမွာပါ။ေက်ာင္းဆရာကာ႐ိုက္တာကလည္း ျမင့္ျမတ္အတြက္ ပထမဆုံးအႀကိမ္ ႐ိုက္ကူးရတဲ့ ဇာတ္႐ုပ္ျဖစ္တယ္လို႔ သိရပါတယ္။ အိျႏၵာေက်ာ္ဇင္ကိုေတာ့ေယာက်္ားလ်ာ ကိုတိုးဆိုတဲ့ ေက်ာင္းဆရာ ကာ႐ိုက္တာနဲ႔ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားရဲ႕ ဇာတ္လမ္းပုံစံကေတာ့ သဘာဝဆန္ဆန္ဒရာမာဇာတ္ကားေလးတစ္ကားျဖစ္ပါတယ္။ဒီ႐ုပ္ရွင္ဇာတ္ကားဟာ ႐ိုးမေပၚက်တဲ့မ်က္ရည္ဆိုတဲ့ဝတၳဳကို႐ုပ္ရွင္အျဖစ္ပုံေဖာ္႐ိုက္ကူးေနတာပါ။အမွန္တကယ္ျဖစ္ပ်က္ခဲ့တဲ့႐ြာမွာ႐ိုက္ကူးေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ‘’ဇာတ္လိုက္’’႐ုပ္ရွင္ဇာတ္ကားကို ဒါ႐ိုက္တာ ကိုေပါက္က႐ိုက္ကူးပုံေဖာ္ေနတာျဖစ္ပါတယ္။ အဓိက သ႐ုပ္ေဆာင္ေတြ အေနနဲ႔ အကယ္ဒမီျမင့္ျမတ္၊ ထူးေအာင္၊ ေအာင္ေရခ်မ္း၊ ေကာင္းျမတ္စံ၊ လင္းေအာင္ေခတ္၊ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္၊ အကယ္ဒမီ ခိုင္သင္းၾကည္ နဲ႔ ေမျမင့္မိုရ္ တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ျမင့္ျမတ္က လက္ရွိအႏုပညာေလာကမွာ ေအာင္ျမင္မႈမ်ားစြာရရွိေနတဲ့ထိပ္တန္းမင္းသားတစ္ဦးျဖစ္ပါတယ္။လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္႐ိုက္ကူးေနရပါတယ္။ သူဟာ ၂၀၁၇ ခုႏွစ္က အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆုကို ‘’အေမွာင္မွာ႐ြာခ်တဲ့ မိုးတိမ္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

CRD-CELE YATKWAT

UNICODE

မြင့်မြတ်က ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးလုပ်နေတဲ့ ပဲခူးရိုးမတောက ဘုန်းကြီးကျောင်းမှာ ငွေကျပ် သိန်း ၃၀ အလှူပြုခဲ့တာကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။

မြင့်မြတ်က အခုလက်ရှိ ပဲခူးရိုးမတောမှာ ‘’ဇာတ်လိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာ ဖြစ်ပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မြင့်မြတ်က အခုလည်း ဇာတ်ကားရိုက်နေတဲ့ နေရာမှာ အလှူလုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’ ရိုးရှင်းသော သိန်း၃၀ အလှူလေးပါ’’ ဆိုပြီးတော့ လူကြမ်းသရုပ်ဆောင် စိုးကြီးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၂၉ ရက်နေ့ မနက် ၁၂ နာရီ ၂၆ မိနစ်က ရေးတင်ထားတာဖြစ်ပါတယ်။ အဲဒီနောက် မြင့်မြတ်ရဲ့ အလှူ အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့ပါသေးတယ်။ မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သူ့ကို ကျောင်းဆရာ ကိုတင်မောင်ဝင်း အဖြစ် မြင်တွေ့ရမှာပါ။ ကျောင်းဆရာ ကာရိုက်တာကလည်း မြင့်မြတ်အတွက် ပထမဆုံးအကြိမ် ရိုက်ကူးရတဲ့ ဇာတ်ရုပ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒြာကျော်ဇင်ကိုတော့ ယောကျ်ားလျာ ကိုတိုးဆိုတဲ့ ကျောင်းဆရာ ကာရိုက်တာနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပုံစံကတော့ သဘာဝဆန်ဆန်ဒရာမာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ ရိုးမပေါ်ကျတဲ့ မျက်ရည်ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပုံဖော်ရိုက်ကူးနေတာပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ ရွာမှာ ရိုက်ကူးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ အကယ်ဒမီမြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ခိုင်သင်းကြည် နဲ့ မေမြင့်မိုရ် တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

မြင့်မြတ်က လက်ရှိအနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ ထိပ်တန်းမင်းသားတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’အမှောင်မှာရွာချတဲ့ မိုးတိမ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

CRD-CELE YATKWAT
Share From Global Myanmar Media