မူကြိုကျောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ သွားကြတဲ့ ခေတ်နဲ့သစ်ရဲ့ ချစ်စရာပုံရိပ်လေးများမူကြိုကျောင်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ သွားကြတဲ့ ခေတ်နဲ့သစ်ရဲ့ ချစ်စရာပုံရိပ်လေးများ

နိုင်ငံကျော်သရုပ်ဆောင်နှင့်အဆိုတော် ချစ်သုဝေက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာရပ်တည်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ လက်ထပ်ခဲ့ပြီးနောက် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ဦးကို မွေးဖွားထားတာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ချစ်သုဝေက သူမရဲ့ သမီးလးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာကို တွေ့ရပါတယ်။

ခေတ်နဲ့သစ်က အခုဆိုရင် (၂)နှစ်ကျော်အရွယ်ကို ရောက်နေပြီဖြစ်ပြီး မူကြိုကျောင်းတက်နေပြီပဲ ဖြစ်ပါတယ်။ အရွယ်လေးတွေက အရမ်းကို ငယ်သေးပေမယ့် ခေတ်နဲ့သစ်ကတော့ ကျောင်းပျော်လေးတွေ ဖြစ်နေကြတာကို တွေ့ရပါတယ်။

အခုလို မိုးတွင်းအချိန်ခါမှာ ခေတ်နဲ့သစ်တို့က အခုလို မိုးကာလေးတွေ ကိုယ်စီဝတ်ပြီး ပျော်ပျော်ကြီး ကျောင်းသွားကြတာပဲနော်။ ခေတ်နဲ့သစ် ကျောင်းပျော်တော့ မေမေချစ်သုဝေတစ်ယောက် စိတ်အေးအေးနဲ့ အလုပ်တွေလုပ်နိုင်တာဖြစ်ပါတယ်။

ခတ်နဲ့သစ်ကတော့ တစ်နေ့တစ်ခြား ပိုပြီးလိမ္မာပြီး ချစ်စရာကောင်းနေတာ ပရိသတ်ကြီး အတွေ့ပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလဲ ခေတ်နဲ့သစ်တို့ရဲ့ မူကြိုကျောင်းကို ပျော်ပျော်ရွှင်ရွှင်သွားနေကြတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

credit – momolay
Share From Lucky Myanmar