” မ်က္ႏွာကို ျပဳျပင္မႈေတြမလုပ္ဘဲ သဘာဝနည္းေတြနဲ႔ က်န္းမာေရးထိန္းသိမ္းတယ္ဆိုတဲ့ ေနတိုး “

ကိုေနတိုးရဲ႕ တည္ၾကည္မႈ၊ရိုးရိုးေအးေအးပဲ ေနတတ္တဲ့ ပံုစံက မိန္းကေလးေတြ လိုခ်င္တဲ့ စိတ္ကူးထဲက ဘ၀လက္တြဲေဖာ္ ပံုုစံမ်ိဳးပါ။ဒါေပမယ့္ ခပ္တည္တည္နဲ႔ ေအးေအးပဲ ေနတတ္ သူမို႔ ကိုေနတိုးကို အမ်ိဳးသမီးပရိသတ္ေတြက အနည္းနဲ႔ အမ်ားဆိုသလို ရွိန္ၾကတာေတြ ရွိပါတယ္။ေအးေအးေဆးေ ဆးပဲ ေနတတ္ သလို မိန္းကေလးပရိသတ္ေတြ ရင္ခုန္သြားေအာင္ အေျပာေလးေတြ၊အမူအရာေလးေတြ မလုပ္ေပမယ့္လည္း ေနတိုး ကို ႀကိိတ္ေၾကြေနတဲ့ မိန္းကေလးပရိသတ္ကေတာ့ အမ်ားႀကီးပါ။

လတ္တေလာမွာေတာ့ အခုခ်ိန္ထိ တည္ၾကည္ခန္႔ညားတဲ့ ဥပဓိရုပ္ကိုပိုင္ဆိုင္ထားတဲ့ သူရဲ႕ က်န္မာေရး လွ်ိဳ႕ဝွက္ခ်က္ကိုကိုေျပာျပခဲ့ပါတယ္။ ၾကည့္လိုက္တိုင္းၾကည္လင္ရွင္းသန္႔ေနတဲ့ကိုေနတိုးကေတာ့ ” ကၽြန္ေတာ္ဒီအလုပ္ကိုစၿပီးေတာ့လုပ္တည္းကိုကေဆးလိပ္ေတြဘာေတြ ကၽြန္ေတာ္ေသာက္တယ္။ဒါေပမယ့္ ကၽြန္ေတာ္အသက္သံုးဆယ္ေက်ာ္သြားတဲ့အခ်ိန္မွာ စၿပီးေတာ့အေမာေတြသိပ္မခံနုိင္ေတာ့ဘူးေပါ့ေနာ္။အက္ရွင္ခန္းေတြရုိက္ရင္အေမာသိပ္မခံနုိင္ဘူး။

အျမင့္ေတြဘာေတြတက္လို႔ရွိရင္နည္းနည္းေမာတာေတြဘာေတြရွိတယ္ဆိုေတာ့ ကၽြန္ေတာ္လြန္ခဲ့တဲ့ တစ္ႏွစ္ကေပါ့ေနာ္ ေဆးလိပ္ျဖတ္ခဲ့တာ။အခုဆုိ တစ္ႏွစ္နဲ႕သံုးလေလာက္ရွိသြားၿပီေဆးလိပ္ကိုျဖတ္လိုက္တယ္။ေဆးလိပ္ျဖတ္ၿပီး က်န္းမာေရးအတြက္အားကစားေတြလုပ္ျဖစ္တယ္ေပါ့ေနာ္။ လုပ္ျဖစ္တဲ့အခါက်ေတာ့ အသားအရည္ေတြလည္းစိုစိုေျပေျပျဖစ္လာတယ္။ေနာက္ၿပီးေတာ့လည္းအလုပ္လုပ္ရတာပိုၿပီးေတာ့လည္းေကာင္းလာတယ္။

အေမာလည္းခံႏုိင္တယ္။ကိုယ့္ရဲ႕က်န္းမာေရးအတြက္လည္း ေစာေစာအိပ္ၿပီးေစာေစာလည္းထျဖစ္သြားတယ္။” ဆိုၿပီး က်န္းမာေရးထိမ္းသိမ္းပံုေတြကိုေျပာျပခဲ႔ပါတယ္။မ်က္ႏွာကို ျပဳျပင္မႈေတြမလုပ္ဘဲ အသားအရည္ထိန္းသိမ္းတဲ့ ခရင္မ္ေတြေလာက္ပဲသံုးျဖစ္ၿပီး ကိုယ္အေလးခ်ိန္ကိုလည္းတစ္ရာ့ေျခာက္ဆယ္မေက်ာ္ေအာင္ထိန္းသိမ္းတယ္လို႔သိရပါတယ္။ CeleGabar ပရိသတ္ႀကီးေရာ ေနတိုးရဲ႕ က်န္းမာေရးထိန္းသိမ္းပံုနဲ႕ပတ္သတ္ၿပီး တစ္ခုခုမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source : MC
khinCeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” မျက်နှာကို ပြုပြင်မှုတွေမလုပ်ဘဲ သဘာဝနည်းတွေနဲ့ ကျန်းမာရေးထိန်းသိမ်းတယ်ဆိုတဲ့ နေတိုး ”

ကိုနေတိုးရဲ့ တည်ကြည်မှု၊ရိုးရိုးအေးအေးပဲ နေတတ်တဲ့ ပုံစံက မိန်းကလေးတွေ လိုချင်တဲ့ စိတ်ကူးထဲက ဘဝလက်တွဲဖော် ပုံစံမျိုးပါ။ဒါပေမယ့် ခပ်တည်တည်နဲ့ အေးအေးပဲ နေတတ် သူမို့ ကိုနေတိုးကို အမျိုးသမီးပရိသတ်တွေက အနည်းနဲ့ အများဆိုသလို ရှိန်ကြတာတွေ ရှိပါတယ်။အေးအေးဆေးေ ဆးပဲ နေတတ် သလို မိန်းကလေးပရိသတ်တွေ ရင်ခုန်သွားအောင် အပြောလေးတွေ၊အမူအရာလေးတွေ မလုပ်ပေမယ့်လည်း နေတိုး ကို ကြိတ်ကြွေနေတဲ့ မိန်းကလေးပရိသတ်ကတော့ အများကြီးပါ။

လတ်တလောမှာတော့ အခုချိန်ထိ တည်ကြည်ခန့်ညားတဲ့ ဥပဓိရုပ်ကိုပိုင်ဆိုင်ထားတဲ့ သူရဲ့ ကျန်မာရေး လျှို့ဝှက်ချက်ကိုကိုပြောပြခဲ့ပါတယ်။ ကြည့်လိုက်တိုင်းကြည်လင်ရှင်းသန့်နေတဲ့ကိုနေတိုးကတော့ ” ကျွန်တော်ဒီအလုပ်ကိုစပြီးတော့လုပ်တည်းကိုကဆေးလိပ်တွေဘာတွေ ကျွန်တော်သောက်တယ်။ဒါပေမယ့် ကျွန်တော်အသက်သုံးဆယ်ကျော်သွားတဲ့အချိန်မှာ စပြီးတော့အမောတွေသိပ်မခံနိုင်တော့ဘူးပေါ့နော်။အက်ရှင်ခန်းတွေရိုက်ရင်အမောသိပ်မခံနိုင်ဘူး။

အမြင့်တွေဘာတွေတက်လို့ရှိရင်နည်းနည်းမောတာတွေဘာတွေရှိတယ်ဆိုတော့ ကျွန်တော်လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့နော် ဆေးလိပ်ဖြတ်ခဲ့တာ။အခုဆို တစ်နှစ်နဲ့သုံးလလောက်ရှိသွားပြီဆေးလိပ်ကိုဖြတ်လိုက်တယ်။ဆေးလိပ်ဖြတ်ပြီး ကျန်းမာရေးအတွက်အားကစားတွေလုပ်ဖြစ်တယ်ပေါ့နော်။ လုပ်ဖြစ်တဲ့အခါကျတော့ အသားအရည်တွေလည်းစိုစိုပြေပြေဖြစ်လာတယ်။နောက်ပြီးတော့လည်းအလုပ်လုပ်ရတာပိုပြီးတော့လည်းကောင်းလာတယ်။

အမောလည်းခံနိုင်တယ်။ကိုယ့်ရဲ့ကျန်းမာရေးအတွက်လည်း စောစောအိပ်ပြီးစောစောလည်းထဖြစ်သွားတယ်။” ဆိုပြီး ကျန်းမာရေးထိမ်းသိမ်းပုံတွေကိုပြောပြခဲ့ပါတယ်။မျက်နှာကို ပြုပြင်မှုတွေမလုပ်ဘဲ အသားအရည်ထိန်းသိမ်းတဲ့ ခရင်မ်တွေလောက်ပဲသုံးဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်းတစ်ရာ့ခြောက်ဆယ်မကျော်အောင်ထိန်းသိမ်းတယ်လို့သိရပါတယ်။ CeleGabar ပရိသတ်ကြီးရော နေတိုးရဲ့ ကျန်းမာရေးထိန်းသိမ်းပုံနဲ့ပတ်သတ်ပြီး တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

Source : MC
khinCeleGabar

Share From CeleGabar