ပြည်ပကသူတွေကိုဆဲမိတာကိုတောင်းပန်လိုက်တဲ့ သင်းသင်း

သင်းသင်းနဲ့ ဝေဠုကျော်ရဲ့အမှုကတော့ တဖြည်းဖြည်းနဲ့ဇာတ်ရှိန်တက်လာပြီလို့ဆိုရမှာပါ။ ပြီးခဲ့တဲ့ရုံးချိန်းမှာ သင်းသင်းဘက်ကဟိုကိစ္စပြုနေတဲ့အသံတွေကိုသက်သေအဖြစ် တင်ပြခဲ့တယ်လို့သိရပြီးအဲဒီကိစ္စဟာ အမှုကိုစိတ်ဝင်စားနေကြတဲ့ပရိသတ်တွေကို အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့တာအမှန်ပါ။ ဒါ့အပြင် နိုင်ငံခြားမှာအလုပ်လုပ်နေတယ်ဆိုတဲ့အမျိုးသမီးတစ်ဦးရဲ့ သင်းသင်းကိုပုတ်ခတ်ပြောဆိုထားတဲ့ video တစ်ခုကလည်း လူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပါသေးတယ်။

သင်းသင်းက မကြာသေးမီက live လွှင့်ခဲ့ရာမှာ အဲဒီ video ထဲကအမျိုးသမီးကိုတုံ့ပြန်ပြောဆိုခဲ့ပြီးအဲဒီ video ဟာ မသမာတဲ့နည်းလမ်းနဲ့ edit လုပ်ခံလိုက်ရတယ်လို့သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သင်းသင်းက မကြာသေးမီက8Days TV နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပြီးပုတ်ခတ်ပြောဆိုတဲ့အဖွားကြီးကိုသာတုံ့ပြန်ခဲ့တာဖြစ်ကြောင်းနဲ့ နိုင်ငံခြားမှာနေတဲ့အခြားသူတွေကိုတောင်းပန်ပါကြောင်းလည်းပြောကြားသွားခဲ့ပါတယ်။

သင်းသင်းက သူမရဲ့ live video ကမသမာတဲ့ရည်ရွယ်ချက်နဲ့ edit လုပ်ခံလိုက်ရတာဖြစ်ကြောင်း “ညီမlive လွှင့်တဲ့အပိုင်းက အဲဒီ အပိုင်းလေးပဲမဟုတ်ပါဘူးရှင့်။ ညီမရဲ့သင်းသင်းထက်နိုင်ဆိုတဲ့အကောင့်လေးမှာ ညီမကိုယ်တိုင် live လွှင့်ထားတဲ့ဟာလေးကို အစအဆုံးလေးပြန်ကြည့်ပေးပါလို့ တောင်းပန်ပါတယ်။ ဖြတ်လိုက်တဲ့ edit အပိုင်းလေးကအရမ်းကိုအထင်လွဲစရာဖြစ်သွားတော့ ပြည်ပမှာရောက်နေတဲ့သူတွေနဲ့ ကိုယ့်ဘက်ကို အမုန်းပွားစရာဖြစ်အောင်လုပ်လိုက်သလိုဖြစ်သွားတယ်ဆိုတော့တကယ်ကိုတောင်းပန်ပါတယ်လို့”ဆိုပြီး ပြောကြားထားပါတယ်။

တုံ့ပြန်တာက သင်းသင်းကိုတိုက်ခိုက်စော်ကားတဲ့အမျိုးသမီးကိုပဲပြောတာလို့လည်း “ဆဲထားတာလည်းမဟုတ်ပါဘူး။အဖွားကြီးကိုပေါ့။ကိုယ့်ဗမာလူမျိုးတစ်ယောက်လည်းဖြစ်နေပြီးတော့ ဘယ်နိုင်ငံနိုင်ငံရယ်လို့မပါပဲ ပြောတဲ့အဖွားကြီးကို ပြန်လည်ပြောထားတာပါ။

ဖြတ်တဲ့လူက ဘယ်လိုဖြတ်လိုက်သလဲတော့ညီမလည်းမသိပါဘူး။ အဲ့တော့live လေးကို အစအဆုံးလေးပြန်ကြည့်ပေးကြပါ။ပြည်ပကလူတွေအားလုံးကိုသင်းသင်းကတောင်းပန်ပါတယ်။ အထင်လွဲသွားတဲ့အပိုင်းကိုလည်းသင်းသင်း အခြားနိုင်ငံက ညီမလေးတွေနဲ့စကားပြောဖြစ်တယ်ရှင့်။ သူတို့ရဲ့ပြောကြားချက်အရသင်းသင်းဖြေရှင်းလိုက်တာပါ။သူတို့ဘက်ကကြည့်ရင်လည်းမှန်ပါတယ်ရှင့်။ ခံစားလိုက်ရတာက နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေကြတဲ့သူတွေနဲ့ကိုယ့်ကိုပြန်ပြီးတော့ တိုက်ပေးလိုက်တယ်ပေါ့နော်။အဲဒါလေးတော့စိတ်မကောင်းဖြစ်မိပါတယ်”လို့ဖြေကြားထားပါတယ်။

တိုက်ခိုက်တဲ့အမျိုးသမီးရဲ့အနေအထားအဆင့်အတန်းနဲ့ပတ်သက်ပြီးတော့လည်း သင်းသင်းက “သူသည်ကိုယ့်ရဲ့မြန်မာနိုင်ငံသားပါ။ဒါပေမယ့်အဲဒီနိုင်ငံမှာ ဘာလို့သွားနေရတာလဲ။ အဲဒီနိုင်ငံကနေ ကိုယ့်နာမည်ကိုထည့်ပြီးတော့စော်ကားတယ်။ကိုယ်နဲ့သူနဲ့သိလည်းမသိပါဘူး။မြင်လည်းမမြင်ဖူးပါဘူး။ ဂရုလည်းမစိုက်ပါဘူး။ အဖွားကြီးပြောလိုက်တဲ့စကားသည် အရမ်းကြီးရင့်ရင့်သီးသီးဖြစ်လို့ သူသည်စာရေးဆရာမတစ်ယောက်လို့လည်းသိရပါတယ်။အဲ့တော့ ကိုယ့်ရဲ့အဆင့်အတန်းပေါ့နော်။

ကိုယ်သင်ထားတဲ့လေ့လာထားတဲ့ပညာတွေသင်ထားတဲ့အနေအထားတစ်ခုမှာ သင်းသင်းလိုလူမျိုးကို ဒီလိုအသိဥာဏ်နဲ့ပြောလိုက်နိုင်လားပေါ့။ သင်းသင်းက သူတို့နဲ့စာရင်အရမ်းနိမ့်ကျပါတယ်ရှင့်။အဲဒီလိုမျိုးလူတွေနဲ့ ယှဉ်ပြီးငါသည်သူတို့လောက်မတော်ပေမယ့် သည်းခံနိုင်စွမ်းအားရှိပါလားဆိုတဲ့စိတ်ကလေးမွေးခဲ့ပါတယ်။ အဲဒီနေ့ကတော့ အခြားနိုင်ငံကနေပြီး ကိုယ့်နိုင်ငံသားအချင်းချင်းကိုအရမ်းလွန်လို့ သင်းသင်း live လွှင့်ပြီးပြောခဲ့တာပါ”လို့ ပြောထားခဲ့ပါတယ်။

သင်းသင်းက ပြည်ပနိုင်ငံမှာအလုပ်သွားလုပ်တာကိုမှားတယ်လို့ပြောတာမဟုတ်ကြောင်းလည်း “ဘယ်ပြည်ပနိုင်ငံမှာအလုပ်သွားလုပ်တဲ့လူတွေကိုဖြစ်ပါစေ မှားတယ်လို့ သင်းသင်းမဆိုလိုပါဘူး။ ဘယ်သူ့ဘယ်သူမှမပါပါဘူးရှင့်။ ဘယ်သူမှမလုပ်နိုင်တဲ့မိန်းကလေးတစ်ယောက်မှာ ဒါမျိုးလုပ်လို့ရှိရင် ဒါမျိုးလုပ်လို့ရတဲ့ဥပဒေလုပ်လို့ရတာရှိတယ်ဆိုတာလေးကိုပြချင်တာပါ။ အချို့သင်းသင်းကိုမုန်းနေတဲ့မိန်းကလေးတွေကိုလည်း သင်းသင်းဘက်မှာရပ်တည်ပေးစေချင်တယ်။ မိန်းမဆိုတဲ့အရာလေးတစ်ခုနဲ့ပါ။အဲဒါလေးတောင်းပန်ချင်တာပါ”လို့ ဖြေကြားသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သင်းသင်းကိုချစ်ကြလား။ သင်းသင်းရဲ့ အမှုကိစ္စကရောဘယ်လိုဖြစ်သွားမယ်ထင်လဲ။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From nanmalgyi