မသန်စွမ်းကျောင်းမှာ အလှူလုပ်ဖို့ ငြင်းပယ်ခံခဲ့ရတဲ့ မို့မို့မြင့်အောင်

သရုပ်ဆောင် မိုးမိုးမြင့်အောင်က သူမရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်ဖြစ်အောင် မင်းဓမ္မလမ်းမှာရှိတဲ့ မသန်စွမ်းကျောင်းမှာ အလှူလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကျောင်းအုပ်က ငြင်းခဲ့လို့ တခြားမှာ ပြောင်းလုပ်ဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။

ပထမအသံသဲ့သဲ့လေး ကြားတာက မင်းဓမ္မလမ်းက မသန်စွမ်းကျောင်းမှာဆိုတော့ ဖြစ်စေချင်တယ်။ ဘာလို့လည်းဆိုတော့ မို့အကိုကလည်း ခြေထောက်ပိုလီယိုဖြစ်တုန်းက အဲ့ကျောင်းမှာပဲ ဆေးရုံတက် လေ့ကျင့်ခန်းတွေလုပ်ခဲ့ရတာပေါ့။ ဒါပေမယ့် အကိုကတော့ ဆုံးသွားတာ ၆နှစ် ၇နှစ်လောက်ရှိပါပြီ။ အဲ့မှာ လုပ်မယ်ဆိုတော့ ဝမ်းသာသွားတယ်။ အကိုကြီးလေ့ကျင့်ခန်း လုပ်တုန်းကလည်း လိုက်လိုက်သွားဖူးတယ်ဆိုတော့လေ။

အခုကျတော့ မွေးနေ့လှူဖို့ကို အဲ့က လက်မခံဘူးပြောတယ်။ သူတို့က မီဒီယာတွေပါတာ လက်မခံဘူး။ နောက်ပြီး We Love တွေပါတာလက်မခံဘူးလို့ပြောတယ်။ အဲ့ဒါမဖြစ်သင့်ဘူးလို့ထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ကျောင်းအတွက်၊ Patient တွေအတွက် ဘာပဲဖြစ်ဖြစ် အလှူရလာတယ်။ အလှူငွေရလာတယ်။ ဒီလို လှူတဲ့သူတွေရောက်လာရင် နောက်ထပ်လှူတဲ့သူတွေရောက်လာမှာပဲလေ။

အလှူဆိုတာရှိစေချင်တယ်လေ။ လှူတဲ့သူကလည်း အလှူခံတဲ့နေရာရှိမှ လှူလို့ရတာလေ။ အဲ့ဒီအတွက် သူတို့ကို အလှူခံ ပုဂ္ဂိုလ်ဖြစ်စေချင်တယ်။ အလှူခံ ပုဂ္ဂိုလ်ဖြစ်လိုက်တဲ့အတွက်လည်း သူတို့လည်း ကုသိုလ်ရတာပဲ။ Patient တွေကလည်း ခံစားခွင့်ရသလို။ အလှူခံပုဂ္ဂိုလ် ခေါင်းဆောင်အနေနဲ့လည်း ရသင့်တယ်လို့ထင်တယ်။ သူတို့လည်းရမှာပဲ။ အဲ့ကုသိုလ်ကို သူတို့နားမလည်ဘူးလား လို့ မို့အဲ့ကျောင်းအုပ်ကို သံသယ ဖြစ်မိတယ်။

ဘာဖြစ်လို့လည်းဆိုတော့ နေပြည်တော်ကို စာတင် ဆိုတာကတော့ အဲ့လောက်မလိုဘူးထင်တယ်လေ။ ဒါအလှူလုပ်ပေးတာပဲလေ။ ဖြစ်စေချင်တယ်ပေါ့နော်။ မို့မို့ပြောရဲတာက ပွင့်လင်းမြင်သာ တဲ့ခေတ်ဖြစ်နေတော့ WeLove တွေကလည်း ပထမရွေးချယ်မှုတစ်ခုပေါ့ အဲ့ရောက်သွားတော့ လက်မခံဘူးလို့ပြောတယ်တဲ့။ မီဒီယာတွေလာတာလည်း လက်မခံဘူးတဲ့။ မီဒီယာတွေက ဘာပဲဖြစ်ဖြစ်ကောင်းတာကို လုပ်ပေးမှာပဲ။

နောက်လှူတဲ့သူတွေက ဒီကျောင်းကို မလာစေချင်ဘူးလား။ လာလှူချင်မှာပဲလေ။ နောက်ထပ်လာလှူချင်မှာပဲ။ သဒ္ဒါပေါက်သွားမှာပေါ့။ အခုဒီမှာဆိုလည်း မျက်မမြင်ဆိုပေမယ့် သူတို့မှာ စွမ်းအားတွေရှိကြတယ်။ ဒါတွေကိုမြင်ရင် ပံ့ပိုးချင်စိတ်ပေါက်လာမှာပဲ။ လှူချင်တဲ့ စိတ်ဆိုတာ ဖြစ်လာကြမှာပဲ။ အဲ့လိုဖြစ်စေချင်တယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်တွေနဲ့ တာဝန်ရှိသူတွေကို အဲ့လိုစိတ် ထားတက်ပါစေလို့ မို့မို့မြင့်အောင်က ပြောသွားခဲ့ပါတယ်။

Share From nanmalgyi