တိုင်းတစ်ပါးမှာတောင် မြန်မာဝတ်စုံလေးဝတ်ကာကျက်သရေရှိလွန်းနေတဲ့ ပိုင်ဖြိုးသု





Photo – Paing Phyo Thu,CRD-Myanmarload

UNICODE

ပိုင်ဖြိုးသုကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီး အောင်မြင်မှုပေါင်းများစွာရရှိထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ရာသရုပ်ဆောင်ချက်တွေကောင်းမွန်လွန်းတာကြောင့် အကယ်ဒမီတွေရရှိသည်အထိအောင်မြင်နေသူလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုတို့စုံတွဲလေးကတော့ မကြာခင်က လက်ထပ်ထိမ်းမြားခဲ့ကြတာပဲ ဖြစ်ပါတယ်။

သူမရဲ့ကာရိုက်တာတိုင်းကိုစေတနာအပြည့်ဖြင့်ရိုက်ကူးသရုပ်ဆောင်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုအပြည့်အဝရရှိထားသူတစ်ယောက်ပါ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ မီ ” ရုပ်ရှင်ဇာတ်ကားကြီးဟာလည်းပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးရေပန်းစားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံတွင်သာမကပဲ နိုင်ငံတကာမှာပါပြသတဲ့အထိအောင်မြင်မှုတွေရရှိထားတာပါ။ အခုမှာလည်း သုသုတစ်ယောက်ကတော့ London မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပြီး “ မီ ” ဇာတ်ကားကြီးကိုပြသနေတာပါ။

သုသုကတော့ ဒီဇာတ်ကားကြီးအောင်ုမင်မှုတွေပတွက် အရမ်းကိုကြည်နူးပီတိဖြစ်နေတာပါ။ သူမရဲ့လန်ဒန်မြို့ရောက်ပုံရိပ်တွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှနေတာပဲ ဖြစ်ပြီး အခုတစ်ခေါက်မှာလည်း မြန်မာဝတ်စုံလေးနဲ့ရိုးရိုးယဉ်ယဉ်လေးလှနေတဲ့ပုံရိပ်လေးကိုဝေမျှလိုက်ပြန်ပါပြီနော်။ “ Windsor Castle တဝိုက်လျှောက်လည်……

အနွေးထည်ဝတ်လိုက်ရင်မြန်မာအင်္ကျီလေးဖုံးသွားမှာစိုးလို့ မဝတ်ပဲ အအေးဒဏ်ကိုအန်တုထားရတာအေးတော့အေးတာပေါ့ ဒါပေမယ့်မအေးဘူး ပေါ့….. ” ဆိုပြီးတင်ထားတာဖြစ်လို့ သုသုရဲ့ပုံရိပ်လေးတွေကိုဝေမျှပေးလိုက်ပါတယ်နော်။

Share From Global Myanmar Media