You are here
Home > CELE > အရင်ကနဲ့မတူဘဲ တစ်မူထူးခြားတဲ့ဇာတ်ရုပ်နဲ့ ပရိသတ်တွေရှေ့ကို ရောက်ရှိလာဦးမယ့် အောင်ရေချမ်း

အရင်ကနဲ့မတူဘဲ တစ်မူထူးခြားတဲ့ဇာတ်ရုပ်နဲ့ ပရိသတ်တွေရှေ့ကို ရောက်ရှိလာဦးမယ့် အောင်ရေချမ်း

မင်းသားချော အောင်ရေချမ်းကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အောင်ရေချမ်းက ”ပျားရည်အိုင် ၊ ကျွန်မက မဟေသီ ” စတဲ့ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာမှ အထူးအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ အောင်ရေချမ်းက ဇာတ်လမ်းတွဲအသစ်လေးတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

အခုလည်း အောင်ရေချမ်းက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ” ဇာတ်လိုက် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပဲခူးရိုးမတောထဲမှာအထိ သွားရောက်ရိုက်ကူးနေတဲ့ ဒီဇာတ်ကားကြီးမှာတော့ အောင်ရေချမ်းက ”ဝင်းချစ်” ဆိုတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ”ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလေးပြီးကတည်းက အောင်ရေချမ်းကို သတိရနေကြတဲ့ ပရိသတ်ကြီးကတော့ မကြာခင်မှာ တစ်မူထူးခြားတဲ့ ဇာတ်ရုပ်နဲ့ မြင်တွေရတော့မှာ ဖြစ်ပါတယ်။

အခုလည်း အောင်ရေချမ်းက ” ကိုဟာလူဆိုးလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ကော ”ဆိုပြီး ပုံသစ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ဇာတ်ရုပ်အတွက် နှုတ်ခမ်းမွေးရေးရေးလေးတွေနဲ့ ပုံစံပြောင်းထားတဲ့ အောင်ရေချမ်းက အရမ်းကိုတည်ငြိမ်ခန့်ညားနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော အောင်ရေချမ်းရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Aung Yay Chan;credit -myanmarload

Share From Lucky Myanmar

Top
//atservineor.com/4/3018672