
ပရိသတ်ကြီးရေ မင်းသမီးချောလေး ခြူးလေးကတော့ Mrtv 4 ရဲ့ ဇာတ်လမ်းတွဲတွေကနေစပြီး ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာခဲ့သူလေးဖြစ်ပါတယ်။ခြူးလေးက အသက်လေးငယ်သေးပေမယ့် အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကို ရရှိနေပြီး အမြဲတမ်းကြိုးစားနေတာပါနော်။ခြူးလေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေဆိုရင်လည်း ပရိသတ်တွေက တစ်ခဲနက်ကိုအားပေးကြပါတယ်။
ခြူးလေးကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေပြီး တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းလာနေတာဖြစ်ပါတယ်။ခြူးလေးက စိတ်သဘောထားလေးလည်း ဖြူစင်ပြီး မာန်မာနကင်းမဲ့ကာ လူတိုင်းကို ဖော်ရွေတတ်သူလေးဖြစ်လို့ လူချစ်လူခင်ပေါများတဲ့အပြင် ပရိသတ်အင်အားကလည်း အများကြီးရှိပါတယ်နော်။
အခုဆိုရင် ခြူးလေးကတော့ ဘန်ကောက်ကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး လူငယ်စတိုင်လေးနဲ့ အရမ်းလွတ်လပ်ပေါ့ပါးနေတာကို တွေ့ရပါတယ်နော်။ခြူးလေးက”မင်မြင်ချင်းဘဲ ချစ်မိတယ် မင်မြင်ချင်းဘဲ ကြိုက်မိတယ် စေတနာ မောင့် ပေါ်ထားလို့ ပျိုမေ သစ္စာ ရှိလှတယ်”ဆိုတဲ့ သီချင်းစာသားလေးနဲ့အတူ သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။
Source:Chue Chue
Share From swelsonenews