
ပင္းတယလႈိဏ္ဂူ ၏ ထူးျခားခ်က္မ်ား
ျမန္မာႏုိင္ငံ၏ အေက်ာ္ၾကားဆုံး (၁၀)ေနရာထဲက တစ္ခုအပါဝင္ျဖစ္သည့္ ပင္းတယဂူ၊ ကမာၻ႕ခရီးသြား စာမ်က္ႏွာမ်ားေပၚမ်ားတြင္ထင္႐ွားေဖာ္ျပခဲ့သည့္ ပင္းတယဂူသည္ရွမ္းျပည္နယ္ေတာင္ပုိင္း၊ပင္းတယၿမိဳ႕တြင္တည္႐ွိသည္။
ပင္းတယဂူသည္ ထုံးေက်ာက္ေတာင္တြင္ သဘာဝအတုိင္းျဖစ္ေပၚေနေသာေၾကာင့္ ဘူမိေဗဒသက္တမ္းႏွင့္ ဆုိလ်င္ လြန္ခဲ့ေသာ ႏွစ္ သန္း ၂၀၀ တည္းက ႐ွိခဲ့သည္ဟု ဆုိသည္။
ျ္မင့္မားတဲ့ ေတာင္ေစာင္းကေန ေတာင္ေျမာက္ ျဖစ္ေပၚေနတဲ့ ဂူ သုံး ဂူ ရွိတယ္လုိ႔ဆုိေပမဲ့ ေတာင္ဘက္ အက်ဆုံး ဂူတစ္ခုသာ ၀င္ေရာက္ႏုိင္တယ္လုိ႔ဆုိသည္။
ဂူဟာ ေပ ၄၉၀ ထိ ၀င္ေရာက္ႏုိင္ၿပီး ကုန္ေဘာင္ေခတ္ အေစာပိုင္းကေန၊ ယေန႔ ေခတ္အထိ ေခတ္အသီးသီး ထုလုပ္ ကုိးကြယ္ခဲ့တဲ့ ဗုဒၶဆင္းတုေတာ္ေပါင္း (၈၀၀၀) ေက်ာ္ေလာက္ရွိၿပီး၊ ဒီေလာက္မ်ားျပားၿပီး ပုံသဏၭာန္စုံလင္တဲ့ ဗုဒၶဆင္းတုေတာ္ ေတြကုိ ျမန္မာႏုိင္ငံက ဘယ္ေနရာမွ တစ္ေနရာတည္း မေတြ႕ႏုိင္ဘူးလုိ႔ ဆုိပါတယ္။
ဂူရဲ႕ အ၀င္၀ မွာ ဉာဏ္ေတာ္ ၁၅ မီတာ (၄၉) ေပ ရွိတဲ့ ေစတီေတာ္တစ္ဆူကုိ ဖူးေတြ႕ရၿပီးအဲဒီ ေစတီေတာ္ဟာမူလကအေသာကမင္းႀကီးရဲ႕ ေကာင္းမူေတာ္ျဖစ္တယ္။
(၁၂) ရာစုမွာ ပုဂံဘုရင္ အေလာင္းစည္သူမင္းက ထပ္မံ ျပဳျပင္ထားတယ္ လုိ႔ ေျပာၾကေပမဲ့ သမုိင္း အေထာက္အထား မေတြ႕ၾကရဘူးလုိ႔ ဆုိပါတယ္။
သမုိင္းပါေမာကၡေဒါက္တာ သန္းထြန္းအဆုိအရေတာ့ ဂူအတြင္းက ဆင္းတုေတာ္ေတြမွာ ေရးထုိးထားတဲ့ ခုႏွစ္ သကၠရာဇ္ အရ အေစာဆုံး ဆင္းတုေတာ္ေတြဟာ ကုန္းေဘာင္ေခတ္အေစာပုိင္း ၁၇၇၃ ရက္စြဲတပ္ထားတယ္ လုိ႔ဆုိတယ္။
႐ုပ္ပြားေတာ္ေတြ ရဲ႕ ထုလုပ္မူဟန္အရ အေစာဆုံး ၁၇၅၀ ထိ ျဖစ္ႏုိင္ၿပီး ဒီထက္ မေစာႏုိင္ဘူး လုိ႔ ဆုိပါတယ္။
အဲဒီ ေနာက္ပုိင္း ဘုရားဖူး ခရီးသည္ ေတြ၊ အလွဴ ရွင္ေတြဟာ ယေန႔ေခတ္ အထိ ဂူအတြင္းမွာ ဘုရားဆင္းတုေတာ္ေတြ ထားရွိပူေဇာ္ရာကေန ခု အေျခေနထိ မ်ား ျပားလာျခင္းျဖစ္တယ္ လုိ႔ဆုိတယ္။
ေတာင္ဘက္ အေပါက္နားမွာေတာ့ ပိႆာ ခ်ိန္ (၄၀၀) ရွိတဲ့ ေၾကးေခါင္းေလာင္းေတာ္ တစ္ခု ရွိၿပီး သကၠရာဇ္ (၁၈၂၄) က လွဴဒါန္း မူျဖစ္ေၾကာင္း ေရးထုိးထားတယ္။
ပင္းတယ ဂူရဲ႕ ထူးျခားမူ တစ္ခုကေတာ့ “ေဘသဇၨဂု႐ု” လုိ႔ ေခၚတဲ့ ဗုဒၶ ႐ုပ္ပြားေတာ္ ပုံဟန္ ဆင္းတုေတာ္ေပါင္း ခုႏွစ္ဆယ္ ေလာက္ေတြ႕ ရွိရျခင္းျဖစ္သတဲ့။
ဒီ လုိ ဆင္းတုေတာ္ မ်ဳိးကုိ ပင္းတယ ဂူမွာသာ ေတြ႕ႏုိင္ၿပီး ျမန္မာျပည္က ဘယ္ေနရာမွ မေတြ႕ရဘူးလုိ႔ ဆုိပါတယ္။
ဒီဆင္းတုေတာ္ရဲ႕ ဆံေတာ္ပုံစံ၊ မ်က္လုံးေတာ္၊ နားေတာ္၊ သကၤန္း႐ုံပုံ ဟာ အျခား ဗုဒၶ႐ုပ္ပြားေတာ္ ေတြနဲ႔ ကြဲျပားျခားနားၿပီး လွန္ထားတဲ့ ညာဘက္ လက္ေတာ္ဟာ ေဆးသစ္ေစ့ တစ္ေစ့ကိုလည္း ကုိင္ထားေတာ္မူတယ္။
ဒီ ဆင္းတုေတာ္ မ်ဳိးကုိ မဟာယာန ဗုဒၶဘာသာ၀င္ေတြ ကုိးကြယ္ေလ့ ရွိတယ္ လို႔ ဆုိပါတယ္။ ဒါေၾကာင့္မုိ႔ လုိ႔ ပင္းတယဂူ ဟာ (၁၈) ရာစု ေႏွာင္းပုိင္းေလာက္မွာ မဟာယာန ဗုဒၶဘာသာ၀င္ တုိ႔ရဲ႕ ပူေဇာ္ရာေနရာ တစ္ခု ျဖစ္မယ္ လုိ႔ မွန္းဆပါတယ္။
၁၉၂၅ တုန္းက ဂူေပါက္ကုိ ဒုိင္းနမုိက္ေတြနဲ႔ ခ်ဲ႕ထြင္တဲ့အခါ ဘုရားဆင္းေတာ္အခ်ဳိ႕နဲ႔ မွတ္တမ္း ေက်ာက္စာ အခ်ဳိ႕ ပ်က္စီးခဲ့ရ ၿပီး အေရးပါတဲ့ဗုဒၶ႐ုပ္ပြားေတာ္ အခ်ဳိ႕ကုိ အနီးနား ဘုန္ႀကီးေက်ာင္း မ်ားသုိ႔ ေရႊ႕ေျပာင္းထားရွိခဲ့တယ္။
သုိ႔ေသာ္လည္း အဲဒီ ဆင္းတုေတာ္ေတြဟာ ဒုတိယ ကမာၻစစ္အတြင္းမွာ ဗုံးဒဏ္ေၾကာင့္ ပ်က္စီးခဲ့ရတယ္ လုိ႔ သိရပါတယ္။
ပင္းတယ ေရႊဥမင္ လိုဏ္ဂူ အတြင္းရွိ ယခင္က ေက်ာက္စည္၊ ေက်ာက္ေမာင္းမ်ား
ေပ ၄၉ဝ အရွည္ရွိေသာ ပင္းတယ လုိဏ္ဂူအတြင္း ရွိ ေရွးေဟာင္းေစတီ၊ ႐ုပ္ပြားေတာ္ ၈ဝ၉၄ ဆူ ေရရွည္ ထိန္းသိမ္းရန္ အတြက္ ျပည္တြင္း၊ ျပည္ပ ပညာရွင္မ်ား၏ အႀကံျပဳခ်က္ တုိ႔ျဖင့္ လိုဏ္ဂူ အတြင္းရွိ ေက်ာက္စည္၊ ေက်ာက္ေမာင္း (ပံု) တို႔ကုိ တီးခြင့္၊ ထိုးခြင့္ မျပဳ ေတာ့ခဲ့ေၾကာင္း သိရသည္။
ပင္းတယ ဘုရားလုိဏ္ ကို ေန႔စဥ္ ျပည္တြင္းေရာ ျပည္ပ ခရီးသြားေတြ ေလ့လာသူ၊ ဘုရားဖူးသူ ေတြဟာ လုိဏ္ဂူထဲမွာ ရွိတဲ့ ဘုရား၊ ေစတီေတြရဲ႕ ထူးျခားဆန္းျပား ဟန္ေတြကို ဖူးၾက၊ ေလ့လာ ၾကတဲ့အျပင္ တီးလို႔ ခတ္လို႔ ရတဲ့ ေက်ာက္စည္၊ ေက်ာက္ေမာင္း ေတြကို ထုိးလို႔ တီးလို႔ ရေအာင္ အရင္က ဝါးလုံးႀကီးေတြ၊ အသားေတြနဲ႔ စီစဥ္ေပးထား ေပမယ့္ ေနာက္ပုိင္း မွာ ျပည္ပ ပညာရွင္ေတြ၊ ျပည္တြင္း ပညာရွင္ေတြ ေဆြးေႏြး တုိင္ပင္ၿပီး ေက်ာက္စည္ ေက်ာက္ေမာင္း မတီး ၾကဖု႔ိအထိ သတိေပး လာပါတယ္။
ဒါနဲ႔ သက္ဆိုင္ရာရဲ႕ ခြင့္ျပဳခ်က္ ရယူၿပီး ေက်ာက္စည္၊ ေက်ာက္ေမာင္း တီးခတ္ခြင့္ကို မျပဳေတာ့ခဲ့သည္ဟု … ” ဟု သိ႐ွိရသည္။
ယခင္ ေက်ာက္ေခတ္ ေဟာင္းတြင္ အဆုိပါ ဂူမ်ားအတြင္း လူေနထိုင္မႈ ရွိ၊မရွိကို ေရွးေဟာင္း သုေတသန ၏ တူးေဖာ္ ခြင့္ရလွ်င္ သိႏိုင္မည္ ျဖစ္ေၾကာင္း သမုိင္း ပါေမာကၡ ေဒါက္တာ သန္းထြန္း ျပဳစု ထားေသာ ပင္းတယၿမိဳ႕ ေရႊဥမင္ ေစတီ ႏွင့္ ဂူသမုိင္း မွ သိရသည္။
Credit -org uploader
pho RoyalOrchidSmile
ပင်းတယလှိုဏ်ဂူ ၏ ထူးခြားချက်များ
မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး (၁၀)နေရာထဲက တစ်ခုအပါဝင်ဖြစ်သည့် ပင်းတယဂူ၊ ကမ္ဘာ့ခရီးသွား စာမျက်နှာများပေါ်များတွင်ထင်ရှားဖော်ပြခဲ့သည့် ပင်းတယဂူသည်ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့တွင်တည်ရှိသည်။
ပင်းတယဂူသည် ထုံးကျောက်တောင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသောကြောင့် ဘူမိဗေဒသက်တမ်းနှင့် ဆိုလျင် လွန်ခဲ့သော နှစ် သန်း ၂၀၀ တည်းက ရှိခဲ့သည်ဟု ဆိုသည်။
ြ်မင့်မားတဲ့ တောင်စောင်းကနေ တောင်မြောက် ဖြစ်ပေါ်နေတဲ့ ဂူ သုံး ဂူ ရှိတယ်လို့ဆိုပေမဲ့ တောင်ဘက် အကျဆုံး ဂူတစ်ခုသာ ၀င်ရောက်နိုင်တယ်လို့ဆိုသည်။
ဂူဟာ ပေ ၄၉၀ ထိ ၀င်ရောက်နိုင်ပြီး ကုန်ဘောင်ခေတ် အစောပိုင်းကနေ၊ ယနေ့ ခေတ်အထိ ခေတ်အသီးသီး ထုလုပ် ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓဆင်းတုတော်ပေါင်း (၈၀၀၀) ကျော်လောက်ရှိပြီး၊ ဒီလောက်များပြားပြီး ပုံသဏ္ဌာန်စုံလင်တဲ့ ဗုဒ္ဓဆင်းတုတော် တွေကို မြန်မာနိုင်ငံက ဘယ်နေရာမှ တစ်နေရာတည်း မတွေ့နိုင်ဘူးလို့ ဆိုပါတယ်။
ဂူရဲ့ အဝင်ဝ မှာ ဉာဏ်တော် ၁၅ မီတာ (၄၉) ပေ ရှိတဲ့ စေတီတော်တစ်ဆူကို ဖူးတွေ့ရပြီးအဲဒီ စေတီတော်ဟာမူလကအသောကမင်းကြီးရဲ့ ကောင်းမူတော်ဖြစ်တယ်။
(၁၂) ရာစုမှာ ပုဂံဘုရင် အလောင်းစည်သူမင်းက ထပ်မံ ပြုပြင်ထားတယ် လို့ ပြောကြပေမဲ့ သမိုင်း အထောက်အထား မတွေ့ကြရဘူးလို့ ဆိုပါတယ်။
သမိုင်းပါမောက္ခဒေါက်တာ သန်းထွန်းအဆိုအရတော့ ဂူအတွင်းက ဆင်းတုတော်တွေမှာ ရေးထိုးထားတဲ့ ခုနှစ် သက္ကရာဇ် အရ အစောဆုံး ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်အစောပိုင်း ၁၇၇၃ ရက်စွဲတပ်ထားတယ် လို့ဆိုတယ်။
ရုပ်ပွားတော်တွေ ရဲ့ ထုလုပ်မူဟန်အရ အစောဆုံး ၁၇၅၀ ထိ ဖြစ်နိုင်ပြီး ဒီထက် မစောနိုင်ဘူး လို့ ဆိုပါတယ်။
အဲဒီ နောက်ပိုင်း ဘုရားဖူး ခရီးသည် တွေ၊ အလှူ ရှင်တွေဟာ ယနေ့ခေတ် အထိ ဂူအတွင်းမှာ ဘုရားဆင်းတုတော်တွေ ထားရှိပူဇော်ရာကနေ ခု အခြေနေထိ များ ပြားလာခြင်းဖြစ်တယ် လို့ဆိုတယ်။
တောင်ဘက် အပေါက်နားမှာတော့ ပိဿာ ချိန် (၄၀၀) ရှိတဲ့ ကြေးခေါင်းလောင်းတော် တစ်ခု ရှိပြီး သက္ကရာဇ် (၁၈၂၄) က လှူဒါန်း မူဖြစ်ကြောင်း ရေးထိုးထားတယ်။
ပင်းတယ ဂူရဲ့ ထူးခြားမူ တစ်ခုကတော့ “ဘေသဇ္ဇဂုရု” လို့ ခေါ်တဲ့ ဗုဒ္ဓ ရုပ်ပွားတော် ပုံဟန် ဆင်းတုတော်ပေါင်း ခုနှစ်ဆယ် လောက်တွေ့ ရှိရခြင်းဖြစ်သတဲ့။
ဒီ လို ဆင်းတုတော် မျိုးကို ပင်းတယ ဂူမှာသာ တွေ့နိုင်ပြီး မြန်မာပြည်က ဘယ်နေရာမှ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒီဆင်းတုတော်ရဲ့ ဆံတော်ပုံစံ၊ မျက်လုံးတော်၊ နားတော်၊ သင်္ကန်းရုံပုံ ဟာ အခြား ဗုဒ္ဓရုပ်ပွားတော် တွေနဲ့ ကွဲပြားခြားနားပြီး လှန်ထားတဲ့ ညာဘက် လက်တော်ဟာ ဆေးသစ်စေ့ တစ်စေ့ကိုလည်း ကိုင်ထားတော်မူတယ်။
ဒီ ဆင်းတုတော် မျိုးကို မဟာယာန ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်လေ့ ရှိတယ် လို့ ဆိုပါတယ်။ ဒါကြောင့်မို့ လို့ ပင်းတယဂူ ဟာ (၁၈) ရာစု နှောင်းပိုင်းလောက်မှာ မဟာယာန ဗုဒ္ဓဘာသာဝင် တို့ရဲ့ ပူဇော်ရာနေရာ တစ်ခု ဖြစ်မယ် လို့ မှန်းဆပါတယ်။
၁၉၂၅ တုန်းက ဂူပေါက်ကို ဒိုင်းနမိုက်တွေနဲ့ ချဲ့ထွင်တဲ့အခါ ဘုရားဆင်းတော်အချို့နဲ့ မှတ်တမ်း ကျောက်စာ အချို့ ပျက်စီးခဲ့ရ ပြီး အရေးပါတဲ့ဗုဒ္ဓရုပ်ပွားတော် အချို့ကို အနီးနား ဘုန်ကြီးကျောင်း များသို့ ရွှေ့ပြောင်းထားရှိခဲ့တယ်။
သို့သော်လည်း အဲဒီ ဆင်းတုတော်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။
ပင်းတယ ရွှေဥမင် လိုဏ်ဂူ အတွင်းရှိ ယခင်က ကျောက်စည်၊ ကျောက်မောင်းများ
ပေ ၄၉ဝ အရှည်ရှိသော ပင်းတယ လိုဏ်ဂူအတွင်း ရှိ ရှေးဟောင်းစေတီ၊ ရုပ်ပွားတော် ၈ဝ၉၄ ဆူ ရေရှည် ထိန်းသိမ်းရန် အတွက် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် တို့ဖြင့် လိုဏ်ဂူ အတွင်းရှိ ကျောက်စည်၊ ကျောက်မောင်း (ပုံ) တို့ကို တီးခွင့်၊ ထိုးခွင့် မပြု တော့ခဲ့ကြောင်း သိရသည်။
ပင်းတယ ဘုရားလိုဏ် ကို နေ့စဉ် ပြည်တွင်းရော ပြည်ပ ခရီးသွားတွေ လေ့လာသူ၊ ဘုရားဖူးသူ တွေဟာ လိုဏ်ဂူထဲမှာ ရှိတဲ့ ဘုရား၊ စေတီတွေရဲ့ ထူးခြားဆန်းပြား ဟန်တွေကို ဖူးကြ၊ လေ့လာ ကြတဲ့အပြင် တီးလို့ ခတ်လို့ ရတဲ့ ကျောက်စည်၊ ကျောက်မောင်း တွေကို ထိုးလို့ တီးလို့ ရအောင် အရင်က ဝါးလုံးကြီးတွေ၊ အသားတွေနဲ့ စီစဉ်ပေးထား ပေမယ့် နောက်ပိုင်း မှာ ပြည်ပ ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေ ဆွေးနွေး တိုင်ပင်ပြီး ကျောက်စည် ကျောက်မောင်း မတီး ကြဖို့အထိ သတိပေး လာပါတယ်။
ဒါနဲ့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ရယူပြီး ကျောက်စည်၊ ကျောက်မောင်း တီးခတ်ခွင့်ကို မပြုတော့ခဲ့သည်ဟု … ” ဟု သိရှိရသည်။
ယခင် ကျောက်ခေတ် ဟောင်းတွင် အဆိုပါ ဂူများအတွင်း လူနေထိုင်မှု ရှိ၊မရှိကို ရှေးဟောင်း သုတေသန ၏ တူးဖော် ခွင့်ရလျှင် သိနိုင်မည် ဖြစ်ကြောင်း သမိုင်း ပါမောက္ခ ဒေါက်တာ သန်းထွန်း ပြုစု ထားသော ပင်းတယမြို့ ရွှေဥမင် စေတီ နှင့် ဂူသမိုင်း မှ သိရသည်။
Credit -org uploader
pho RoyalOrchidSmile