“ဒီဇိုင်နာမင်းထက်စံရဲ့ ကျေးဇူးရှင်အဖြစ်ကန်တော့ခံလိုက်ရတဲ့ နေတိုး”
ယူနီကုတ်ဖြင့်ဖတ်ရန်
ဒီဇိုင်နာမင်းထက်စံရဲ့ ကျေးဇူးရှင်အဖြစ်ကန်တေ့ာခံလိုက်ရတဲ့ နေတိုး
ပရိသတ်တော်တော်များများကိုပိုင်ဆိုင်ထားတဲ့အနုပညာရှင်တွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်။ နေတိုးရဲ့မိသားစုဝင်တစ်ယောက်အနေနဲ့ ဆက်ဆံခြင်းကိုခံနေရတဲ့ ဒီဇိုင်နာတစ်ယောက်လို့ ပြောရမှာပါ ။ဒီဇိုင်နာမင်းထက်စံရဲ့ ကျေးဇူးရှင်အဖြစ်ကန်တေ့ာခံလိုက်ရတယ် ဆိုတာကို သူရဲ့လူမူကွန်ရက်မှာဖော်ပြထားတာဖြစ်ပါတယ်။
“ညီအစ်ကို ဆိုလဲဟုတ်တယ် ၊ ကျွန်တော့ရဲ့ဆရာဆိုလည်းဟုတ်တယ် ၊ကျေးဇူးရှင်ဆိုလည်းဟုတ်ပါတယ်။ ကျွန်တော့ကို ဘယ်သူမှမသိခင်ထဲက ကျွန်တော်မှားတာမှန်တာတွေကို နားလည်ခွင့်လွတ်ပေးရင်း ညီတယောက်လို ပြုစုပျိုးထောင်ပေးခဲ့တာပါ။ပွဲနေ့ကလည်း Sponsor (စပွန်ဆာ) တွေနဲ့ပါဝင်ကူညီသူ ၁၆ယောက်အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကို မညည်းမငြူ ပြုံးပြုံးပြုံးပြုံးလေးနဲ့ ပေးပေးတဲ့အတွက်ကျေးဇူးပါအကို။ Sweet & Smart စထူထောင်ခဲ့တာလည်း အကို့ကျေးဇူးတွေပါတယ်လေ “လို့ ရဲ့လူမူကွန်ရက်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။
“ပွဲနေ့က အကို့အခန်းကို သွားပြီးပွဲမစခင် အရင်ကန်တော့ထားတာ။ ပွဲမှာဆို မကန်တော့ဖြစ်မှာစိုးလို့သတိတရနဲ့ သွားကန်တော့ခဲ့တာပါ။ နေတိုးရဲ့ Designer (ဒီဇိုင်နာ) ဆိုထဲက ပြည့်စုံနေပါပြီ။ မိသားစုအရင်းတယောက်လို သတ်မှတ်ပေးထားတဲ့ အမေ(အရီး )နဲ့အကို့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။
အမြဲအကိုဂုဏ်ယူရတဲ့ ညီတယောက်ဖြစ်အောင် အမြဲကြိုးစား သွားပါမယ်ဗျ။ ကျွန်တော့အပေါ် ကျေးဇူးရှိခဲ့ဖူးသောသူအားလုံးကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်ဗျ”လို့လည်း ကျေးဇူးရှိတဲ့လူအားလုံးကို ဦးထိပ်ပန်ဆင်ပြီးတော့ ကန်တော့လိုက်ပါသေးတယ် ဆိုတာကိုလည်းသူရဲ့ လူမှုကွန်ရက်မှာဖော်ပြထားပါသေးတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နေတိုးအမြဲဂုဏ်ယူရတဲ့ ညီတစ်ယောက်ဖြစ်အောင် ကြိုးစားနေ မယ်ဆိုတဲ့ မင်းသက်စံ အပေါ် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ CeleGabar / Source : Minn Thet Saen
Share From CeleGabar