



Source : MC
khin CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

“သားလေးကိုပညာတတ်ဖြစ်စေချင်ပြီး အနုပညာအလုပ်ကိုလည်းတန်ဖိုးထားစေချင်တယ်ဆိုတဲ့ မယ်လိုဒီ”

မယ်လိုဒီကတော့ တစ်ခတ်တစ်ခါထဲကနာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်ရှိတဲ့မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး အနုပညာခြေလှမ်းတွေကျဲ သွားပေမယ့် ပရိသတ်တွေကတော့ အားပေးမြဲ အားပေးဆဲ ဖြစ်ပါတယ်။

သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။သူမရဲ့ အနုပညာလှုပ်ရှားမှုနဲ့ပရိသတ်တွေက အရမ်းအားပေးချစ်ခင်နေတဲ့ သားလေးနဲ့ပတ်သက်တာလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလေ့ရှိပါတယ်။

သူမသားလေးအနေနဲ့ အရမ်းချစ်စရာကောင်းပြီး အရမ်းချောတဲ့အတွက် အသက်ကြီးလာတဲ့အခါ အနုပညာအလုပ်ကိုစောက်ချလုပ်ကိုင်မှာလားဆိုတဲ့အခါမှာ အသက်ငယ်သေးလို့သိပ်မသိရသေးဘူးလို့ပြောပြခဲ့ပါတယ်။ကြော်ငြာတွေရိုက်တဲ့အခါမှာလည်း တတ်နိုင်သလောက်လုပ်ခိုင်းသလိုလုပ်တတ်တဲ့သားလေးဖြစ်တာမို့ အသက်ကြီးလာရင် အနုပညာအလုပ်ကိုလုပ်မယ်ဆို အရမ်းဝမ်းသာမှာပါလို့ ပြောပြခဲ့ပါတယ်။

ပညာတတ်တစ်ယောက်အပြင် သူုမရဲ့ အနုပညာအလုပ်ကို တန်ဖိုးထားပြီးလုပ်နိုင်ရင်ပိုကောင်းတာပေါ့လို့သိရပါတယ်။ “ဘာဖြစ်ချင်သေးလဲဆိုတာ မသိသေးပေမယ့် သူ့အဖေနဲ့ကတော့ သားအတွက်ဘယ်ကျောင်းထားရင်ကောင်းမလဲ၊ဘယ်ကျောင်းကသားအတွက် မပင်ပန်းဘဲအဆင်ပြေနိုင်မလဲဆိုပြီး တိုင်ပင်ဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရော မယ်လိုဒီသားလေးကိုချစ်ရင်တစ်ခုခု ပြောခဲ့ပါဦးနော်။

Source : MC
khin CeleGabar

Share From CeleGabar