ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ သရုပ်ဆောင် မင်းလှိုင်

စကားပြောရာမှာ အသံကျယ်ကျယ်နဲ့ ထစ်ထစ်ပြီး ပြောလေ့ရှိတဲ့ သရုပ်ဆောင် မင်းလှိုင်လို့ ပြောလိုက်တာနဲ့ မသိသူမရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ သူဟာ သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုတဲ့ ပီပြင်တဲ့ အိုက်တင်တွေကို သရုပ်ဆောင် ပြသပေးနိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ ပီပြင်တဲ့ သရုပ်ဆောင်ကွက်တွေနဲ့ အနုပညာအလုပ်ကို အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ မင်းလှိုင်ကတော့ ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ်လူနာအဖြစ်နဲ့ ဆေးရုံတင်ထားရတာပဲ ဖြစ်ပါတယ်။

မင်းလှိုင်အရေးပေါ်လူနာအဖြစ်နဲ့ ဆေးရုံတင်ထားရတဲ့အကြောင်းကို သရုပ်ဆောင် ဦးဝင်းမြိုင်က ” ကိုမင်းလှိုင် ( ခ ) မွန်ကြီး ဥနှောက်သွေးကြောပေါက်၍ ရန်ကုန်ဆေးရုံကြီး အဆောင် ၃ ၊ ၁၁ /၁၂ တွင်ကုသမှုခံယူနေသည်ကို သွားရောက်အားပေးစကားပြောကြား ဆေးကုသစရိတ် ကူညီပေးကြသည် ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် မင်းလှိုင်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ (၁) သိန်းကျပ် နဲ့ ဇာတ်ပို့ ဇာတ်ရံ သာရေး နာရေး ရံပုံငွေမှ (၅) သောင်းကျပ် အလှူငွေအသီးသီးကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေး အေးမြတ်သူမှလည်း သရုပ်ဆောင် ဦးမင်းလှိုင်အတွက် ဆေးကုသစရိတ် (၃)သိန်းကျပ် တိတိကို လှူဒါန်းပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဦးနှောက်သွေးကြောပေါက်လို့ ဆေးကုသမှုခံယူနေရတဲ့ သရုပ်ဆောင် မင်းလှိုင်အတွက် အလှူရှင်များများ ပေါ်ပေါက်ပါစေရန် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ဆေးရုံကို အရေးပေါ်လူနာအဖြစ် တက်ရောက်ကုသခွင့် ခံယူနေရတဲ့ သရုပ်ဆောင် မင်းလှိုင်တစ်ယောက် ဆေးရုံတက်နေရတဲ့ အခြေအနေကနေလည်း အမြန်သက်သာပျောက်ကင်းပါစေကြောင်း ဆုမွန်ကောင်းလေးနဲ့ ဆုတောင်းပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref : U Win Myaing’s Facebook

Share From Lovely Myanmar

Unicodeဖြင့်ဖတ်ရန်
★★★