ဆင္းရဲတဲ့ ဘဝတုန္းက ခင္မယ့္သူ မရွိဘူး ဆိုတဲ့ ခင္ပုိးပန္းခ်ီ

အရင္တုန္းက သမီးတုိ႔ မိသားစု အရမ္း ဆင္းရဲလို႔ အသားေတြ မဝယ္စားႏုိင္ဘူး။ ကန္စြန္း႐ြက္ေႀကာ္နဲ႔ ေျဖသိမ့္ခဲ့ရတာ မ်ားတယ္။ ဆင္းရဲေတ့ာ မေပါင္းခ်င္တဲ့သူ မ်ားလို႔ သမီး တစ္ေယာက္တည္း ေနတတ္သြားတယ္” လုိ႔ ေျပာလာတဲ့ အဆိုေတာ္ ခင္ပိုးပန္းခ်ီ

ခင္ပိုးပန္းခ်ီေလး ဟာ ပထမတန္းကေနစၿပီး ဆို၊က၊ေရး၊တီး ၿပိဳင္ပြဲ ၁၅ ႀကိမ္ေျမာက္ကစတင္ယွဥ္ၿပိဳင္ခဲ့ျပီး ၂၂ ႀကိမ္ေျမာက္ထိ ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့သူေလးျဖစ္ပါတယ္။ သူမ ဟာဆုတံဆိပ္ေပါင္း၂၃ခုရ႐ွိခဲ့ျပီး ေရြွတံဆိပ္၈ဆု ၊ ေငြတံဆိပ္ ၁၄ဆု နဲ႔ ေၾကးတံဆိပ္ ၁ဆု တို႕ရရွိခဲ့ပါတယ္ ။

ဂီတတံခါးေလးဖြင့္ပါဦးဆိုတဲ့႐ုပ္သံအစီအစဥ္အျပင္ တျခားေက်ာ္ၾကားခဲ့တဲ့ ၾကယ္ကေလးေတြရဲ႕မိုးေကာင္းကင္ဆိုတဲ့ ကေလးေတးသံ႐ွင္ ၿပိဳင္ပြဲေလးမွာလဲ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ပရိသတ္ေတြ အမ်ားဆံုးသိလာတာကေတာ့ ဓမၼေတးေတြကို အသံခ်ိဳခ်ိဳေလးနဲ႔ ဆိုတဲ့သူေလးဆိုၿပီးလူအမ်ားလက္ခံသေဘာက်ခဲ့တာျဖစ္ပါတယ္ ။ ၆တန္းႏွစ္မွာ ျမန္မာသံစဥ္ ေခြတစ္ေခြ ထြက္႐ွိခဲ့ပါေသးတယ္။

တကၠသိုလ္ဝင္တန္းစာေမးပြဲကို ေျဖဆိုထားတဲ့သူမအတြက္ရင္ခုန္သံအေနနဲ႔ကေတာ့ ” သမီး Physics သိပ္မေျဖႏုိင္ေတာ့ ထြက္လာမယ့္ေန႔မွပဲသိရမွာေပါ့ေနာ္။ေလာေလာဆယ္ေတာ့ကိုယ္ေျဖတဲ့ေန႔တုန္းကဟာေတြအကုန္လံုကိုေမ့ထားတယ္။ရင္ေတာ့ခုန္ပါတယ္။ပံုမွန္ ဆယ္တန္းေျဖတဲ့ကေလးတစ္ေယာက္အေနနဲ႔ရင္ခုန္ပါတယ္ ။ေအာင္လည္းေအာင္ခ်င္ပါတယ္။တစ္ခ်ိဳ႕ ဘာသာေတြထဲမွာလည္း ေသခ်ာေျဖခဲ့ၿပီးအမွတ္ေကာင္းမယ့္ဘာသာေတြလည္းပါတာေပါ့ေနာ္။

ဒါေပမယ့္ Physics ကေတာ့သင္ကတည္းကိုက အမက်န္းမာေရးေၾကာင့္ေက်ာင္းပ်က္တာရယ္ အိမ္မွာသင္ရတာလည္း Chapter 5 ေလာက္ထိပဲ သင္ခဲ့ရတာေပါ့ေနာ္ ။ ေၾကညာထားတဲ့ ၈ရက္ေန႔ေပါ့ေနာ္။ ေအာင္စာရင္းထြက္မွပဲသမီးသြားၾကည့္ပါေတာ့မယ္။အမမဆံုခင္ကအထိေတာ့မေျဖဘူးေပါ့လံုးဝမေျဖဘူးလုပ္ထားတာ ဘန္ေကာက္မွာသြားၿပီး သူ ့ကိုေဆးကုေပးမယ္ဆိုၿပီးေတာ့ေလ မေျဖဘူးဆိုေတာ့လည္းစာေတြနားထားတာေပါ့ေနာ္။ သူ႔ကလည္း႐ုတ္တရက္ဆံုးသြားတာ ။

စာေမးပြဲကလည္း႐ွိတယ္ဆိုေတာ့ စာတစ္ဖက္သူ႔နာေရးကတစ္ဖက္နဲ႔ စိတ္ေတြကေလ ဘယ္လိုမွတည္ေဆာက္လို႔မရဘူး။သူဆံုးၿပီးစိတ္မေကာင္းတာကတစ္ဖက္ အာ့ခ်ိန္က်မွေမေမကလည္းေျဖလိုက္ေတာ့ေပါ့ေနာ္။လူဆိုတာအႏုိင္နဲ႔အ႐ႈံးနဲ႔ႏွစ္ခုတည္းပဲ႐ွိတာဆိုေတာ့ ပန္ၿပီးေတာ့လုပ္ရတဲ့အခါမွာ တစ္လေလာက္ပဲအခ်ိန္ကရေတာ့ အာ့အခ်ိန္မွာအရမ္းလိုက္ရတာေပါ့ေနာ္။စာေမးပြဲကိုေခါင္းထဲမ႐ွိေတာ့ပဲ အမဆံုးတာကိုပဲစိတ္မေကာင္းျဖစ္တာ ဒီၾကားထဲအေမကေဆး႐ုံတက္ရေသးသူ႔သမီးစိတ္နဲ႔ေပါ့ေနာ္။

အာ့က်ေတာ့ ညီမအသက္အရြယ္ငယ္ေပမယ့္လည္း မိဘကိုညီမပဲအကုန္လိုက္လုပ္ေပးရတာေပါ့ေနာ္။ကိစၥအရပ္ရပ္ကေနဘာမွလည္းလုပ္လို႔မရ ကိုင္လို႔မရ၊ ဘာမွလည္းစဥ္းစားလို႔မရ ဒါေပမယ့္ဆံုးသြားတဲ့အမက ညီမကိုစာမွာလည္း ျဖစ္ေစခ်င္တယ္။ အႏုပညာမွာလည္းေတာ္ေစခ်င္တယ္။သူ႔ဆႏၵကိုလည္းျဖည့္ဆည္းေပးခ်င္လို႔မရရတဲ့အခ်ိန္ေလးအတြင္းမွာ မရရေအာက္စာေလးေတြက်က္ၿပီးေတာ့ႀကိဳးစားခဲ့ရတာေပါ့ ” ဆိုၿပီး ႀကိဳးစားခဲ့ပံုေတြကိုေျပာျပခဲ့ပါတယ္။ CeleGabar ပရိသတ္ႀကီးေရာ ခင္ပိုးပန္းခ်ီေလးရဲ့ ေအာင္စာရင္းအတြက္ ဆုေတာင္းေပးခဲ့ပါဦးေနာ္။

Video

Credit: : Myanmar Celebrity
khin Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

” ကျောင်းစာတစ်ဖက် အစ်မနာရေးကတစ်ဖက်နဲ့ စာမေးပွဲဖြေခဲ့ရတယ်ဆိုတဲ့ ခင်ပိုးပန်းချီ ”

ခင်ပိုးပန်းချီလေး ဟာ ပထမတန်းကနေစပြီး ဆို၊က၊ရေး၊တီး ပြိုင်ပွဲ ၁၅ ကြိမ်မြောက်ကစတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၂ ကြိမ်မြောက်ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။ သူမ ဟာဆုတံဆိပ်ပေါင်း၂၃ခုရရှိခဲ့ပြီး ရွှေတံဆိပ်၈ဆု ၊ ငွေတံဆိပ် ၁၄ဆု နဲ့ ကြေးတံဆိပ် ၁ဆု တို့ရရှိခဲ့ပါတယ် ။

ဂီတတံခါးလေးဖွင့်ပါဦးဆိုတဲ့ရုပ်သံအစီအစဉ်အပြင် တခြားကျော်ကြားခဲ့တဲ့ ကြယ်ကလေးတွေရဲ့မိုးကောင်းကင်ဆိုတဲ့ ကလေးတေးသံရှင် ပြိုင်ပွဲလေးမှာလဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ပရိသတ်တွေ အများဆုံးသိလာတာကတော့ ဓမ္မတေးတွေကို အသံချိုချိုလေးနဲ့ ဆိုတဲ့သူလေးဆိုပြီးလူအများလက်ခံသဘောကျခဲ့တာဖြစ်ပါတယ် ။ ၆တန်းနှစ်မှာ မြန်မာသံစဉ် ခွေတစ်ခွေ ထွက်ရှိခဲ့ပါသေးတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားတဲ့သူမအတွက်ရင်ခုန်သံအနေနဲ့ကတော့ ” သမီး Physics သိပ်မဖြေနိုင်တော့ ထွက်လာမယ့်နေ့မှပဲသိရမှာပေါ့နော်။လောလောဆယ်တော့ကိုယ်ဖြေတဲ့နေ့တုန်းကဟာတွေအကုန်လုံကိုမေ့ထားတယ်။ရင်တော့ခုန်ပါတယ်။ပုံမှန် ဆယ်တန်းဖြေတဲ့ကလေးတစ်ယောက်အနေနဲ့ရင်ခုန်ပါတယ် ။အောင်လည်းအောင်ချင်ပါတယ်။တစ်ချို့ ဘာသာတွေထဲမှာလည်း သေချာဖြေခဲ့ပြီးအမှတ်ကောင်းမယ့်ဘာသာတွေလည်းပါတာပေါ့နော်။

ဒါပေမယ့် Physics ကတော့သင်ကတည်းကိုက အမကျန်းမာရေးကြောင့်ကျောင်းပျက်တာရယ် အိမ်မှာသင်ရတာလည်း Chapter 5 လောက်ထိပဲ သင်ခဲ့ရတာပေါ့နော် ။ ကြေညာထားတဲ့ ၈ရက်နေ့ပေါ့နော်။ အောင်စာရင်းထွက်မှပဲသမီးသွားကြည့်ပါတော့မယ်။အမမဆုံခင်ကအထိတော့မဖြေဘူးပေါ့လုံးဝမဖြေဘူးလုပ်ထားတာ ဘန်ကောက်မှာသွားပြီး သူ့ကိုဆေးကုပေးမယ်ဆိုပြီးတော့လေ မဖြေဘူးဆိုတော့လည်းစာတွေနားထားတာပေါ့နော်။ သူ့ကလည်းရုတ်တရက်ဆုံးသွားတာ ။

စာမေးပွဲကလည်းရှိတယ်ဆိုတော့ စာတစ်ဖက်သူ့နာရေးကတစ်ဖက်နဲ့ စိတ်တွေကလေ ဘယ်လိုမှတည်ဆောက်လို့မရဘူး။သူဆုံးပြီးစိတ်မကောင်းတာကတစ်ဖက် အာ့ချိန်ကျမှမေမေကလည်းဖြေလိုက်တော့ပေါ့နော်။လူဆိုတာအနိုင်နဲ့အရှုံးနဲ့နှစ်ခုတည်းပဲရှိတာဆိုတော့ ပန်ပြီးတော့လုပ်ရတဲ့အခါမှာ တစ်လလောက်ပဲအချိန်ကရတော့ အာ့အချိန်မှာအရမ်းလိုက်ရတာပေါ့နော်။စာမေးပွဲကိုခေါင်းထဲမရှိတော့ပဲ အမဆုံးတာကိုပဲစိတ်မကောင်းဖြစ်တာ ဒီကြားထဲအမေကဆေးရုံတက်ရသေးသူ့သမီးစိတ်နဲ့ပေါ့နော်။

အာ့ကျတော့ ညီမအသက်အရွယ်ငယ်ပေမယ့်လည်း မိဘကိုညီမပဲအကုန်လိုက်လုပ်ပေးရတာပေါ့နော်။ကိစ္စအရပ်ရပ်ကနေဘာမှလည်းလုပ်လို့မရ ကိုင်လို့မရ၊ ဘာမှလည်းစဉ်းစားလို့မရ ဒါပေမယ့်ဆုံးသွားတဲ့အမက ညီမကိုစာမှာလည်း ဖြစ်စေချင်တယ်။ အနုပညာမှာလည်းတော်စေချင်တယ်။သူ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးချင်လို့မရရတဲ့အချိန်လေးအတွင်းမှာ မရရအောက်စာလေးတွေကျက်ပြီးတော့ကြိုးစားခဲ့ရတာပေါ့ ” ဆိုပြီး ကြိုးစားခဲ့ပုံတွေကိုပြောပြခဲ့ပါတယ်။ CeleGabar ပရိသတ်ကြီးရော ခင်ပိုးပန်းချီလေးရဲ့ အောင်စာရင်းအတွက် ဆုတောင်းပေးခဲ့ပါဦးနော်။

Credit: : Myanmar Celebrity
khin Cele Gabar