ညီအမနှစ်ယောက်ပေါင်းပြီးတော့ ထာဝရငြိမ်းချမ်းရေးစေတီတော်မှာ နတ်လူသာဓုခေါ်စေမယ့် အလှူလေးတစ်ခုပြုလုပ်ခဲ့တဲ့ ပပဝင်းခင်




Source : Pa Pa Win Khin,CRD-Myanmarload

UNICODE

ချစ်ပရိတ်သတ်ကြီးရေ…. အနုပညာလောကမှာ တစ်ခေတ်တခါက လျှမ်းလျှမ်းတောက်နာမည်ကျော်လေးတစ်ယောက်ဖြစ်ခဲ့ပြီးတော့ ပရိတ်သတ်တွေ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ မင်းသမီးလေး ပပဝင်းခင်ကို မသိတဲ့သူမရှိပါဘူးနော်။ သူမရဲ့ထူးခြားတဲ့အသံရှတတလေးက ပရိတ်သတ်တွေအချစ်ပိုနေရတဲ့အကြောင်းအရင်းလေးတွေပါပဲနော်။

အချစ် အမုန်း အလွမ်းကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင် နိုင်သူလေးဖြစ်တဲ့အတွက် အဲ့အချိန်အခါမှာနာမည်ကျော် ထိပ်တန်းမင်းသမီးစာရင်းဝင်ခဲ့ပါသေးတယ်နော်။ သူမဟာ ပရဟိတလုပ်ရတာအရမ်းကိုဝါသနာပါပြီးတော့ ညီအမနှစ်ယောက်ပေါင်းပြီးလည်း မကြာခဏဆိုသလို အလှူအတန်းလေးတွေလုပ်တတ်ပါသေးတယ်နော်။

အခုတစ်ခါမှာလည်း ညီအမနှစ်ယောက်ပေါင်းပြီးတော့ နတ်လူသာဓုခေါ်စေမယ့်အလှူလေးကို ပြုလုပ်ခဲ့ပြန်ပါတယ်နော်။ သူမတို့ဟာ ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် ဆရာတော်အရှင်ဆန္ဒာဓိကကို အလှူငွေ ၅သိန်းကျပ်နဲ့ တစ်နိုင်တစ်ပိုင်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်နော်။ ဒီလိုမျိုးအလှူအတန်းရက်ရောလွန်းတာကြောင့် သူမဟာ ဘာပဲလုပ်လုပ်အောင်မြင်မှုတွေကို ရရှိနေခဲ့တယ်လို့ပြောရင်လည်းမမှားပါဘူးနော်။ကဲ… ညီအမနှစ်ယောက်အလှူပြုခဲ့စဉ်ကပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Share From Global Myanmar Media