တစ်ဦးနဲ့တစ်ဦး စစနောက်နောက်နဲ့ ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့အချစ်တွေကို တိုးတိုးပြီးရနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိန္ဒြာကျော်ဇင်က Lady Boy ရုပ်ရှင်မှာ သရုပ်ဆောင်ပီပြင်လွန်းတဲ့ ခင်ပွန်းကို စနောက်နေတာကြောင့် ပရိသတ်တွေလည်း သဘောကျနေကြတာပါ။ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ ကြည်နူးပျော်ရွှင်မှုတွေပြည့်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ပီပြင်လွန်းတဲ့ ခင်ပွန်းကို စနောက်နေတဲ့ အိန္ဒြာကျော်ဇင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိန္ဒြာကျော်ဇင်ကတော့ “ယောက်ျားရယ်… တစ်ကားထက်တစ်ကား ပိုပိုပီပြင်လာသလိုပဲ😂 ကိုတိုးကြီးနဲ့တော့ တွေ့တော့မယ်🤨” ဆိုပြီး စစနောက်နောက်နဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။
အဆိုပါ Lady Boy ရုပ်ရှင်ထဲမှာတော့ ပြေတီဦးနဲ့ ခင်လှိုင်တို့ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကို အဓိကတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
ပြေတီဦး သရုပ်ဆောင်ထားတဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးတိုးလာတာဆိုရင်လည်း မမှားပါဘူး။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Eaindra Kyaw Zin’s Facebook Page
Share From Lovely Myanmar