အလုပ္ေျပာင္းရင္ေကာင္းမလားလို႔ ပရိသတ္ကို စေနာက္လိုက္တဲ့ ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္

ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္တို႔ ညီအစ္မႏွစ္ေယာက္က ကိုယ္တိုင္ပန္းရံအလုပ္လုပ္ရင္း အုတ္ခ်ပ္ေတြကို တညီတညာတည္းျဖစ္ေအာင္ စီေနတာ ေတြ႕ရပါတယ္။ အလုပ္ေျပာင္းရင္ေကာင္းမလားလို႔ စေနာက္ခဲ့ၾကပါေသးတယ္။

သ႐ုပ္ေဆာင္ ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္တို႔ ညီအစ္မ ႏွစ္ေယာက္ကေတာ့ တက္တက္ႂကြႂကြနဲ႔ ပန္းရံအလုပ္လုပ္ေနၾကတာ ျဖစ္ပါတယ္။ အလုပ္ေျပာင္းရင္ေကာင္းမလားလို႔လည္း စေနာက္ေျပာျပလာပါေသးတယ္။

‘’အလုပ္ေျပာင္းၾကရင္ ေကာင္းမလားလို႔။ ေခါက္ဆြဲခ်က္သည္၊ ပန္းရံလုပ္သည္၊ အိမ္ေဆးသုတ္သည္၊ ထမင္းခ်က္သည္၊ ဟင္းခ်က္သည္၊ မုန႔္အစုံလုပ္သည္၊ အသုတ္စုံသုတ္သည္။ ေျပာၾကည့္ၾကပါ ။ ႀကိဳက္ရာမွ’’ ေမလ ၃၀ ရက္ေန႔ ညေန ၃ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

ဘိလပ္ေျမ၊ သဲ၊ ေက်ာက္၊ ေရ တို႔ကို အခ်ိဳးက်က်ေရာစပ္ၿပီး အုတ္ခ်ပ္ေတြကို ညီညီညာညာ စီထားတာ ေတြ႕ရပါတယ္။ အၿမဲတမ္းေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူတို႔ ညီအစ္မ ႏွစ္ေယာက္ကိုေတာ့ ပရိသတ္မ်ားစြာတို႔က Comment ကေနတဆင့္ အခ်စ္ပိုေနခဲ့ၾကတာ ျဖစ္ပါတယ္။

ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္ တို႔ဟာ ျပည္သူခ်စ္မင္းသမီးေခ်ာေလးေတြ ျဖစ္ခဲ့ၾကသူပါ။ သူတို႔ မိသားစုကေတာ့ အႏုပညာေတြ စုေပါင္းေနတဲ့ မိသားစုေလးဆိုရင္လည္း မမွားပါဘူး။ သူတို႔ရဲ႕ ဖခင္ျဖစ္သူကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဒါ႐ိုက္တာ ဦးခင္ေဇာ္ပါ။ သူတို႔ရဲ႕ အစ္ကိုျဖစ္သူကေတာ့ ဒါ႐ိုက္တာ မိုက္တီးျဖစ္ပါတယ္။

လက္ရွိမွာေတာ့ခ်စ္ခ်စ္ေဇာ္နဲ႔ လင္းဇာနည္ေဇာ္တို႔ဟာ ေ႐ႊေတာင္ေခါက္ဆြဲ လုပ္ငန္းကို လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။ ကိုယ္ပိုင္႐ုပ္ရွင္ထုတ္လုပ္ေရးလည္း ရွိတာေၾကာင့္ အႏုပညာအလုပ္နဲ႔ အဆက္အသြယ္ မျပတ္ေသးပါဘူး။ ခ်စ္ခ်စ္ေဇာ္ကေတာ့ ဇာတ္ကားေတြ ဆက္မ႐ိုက္ျဖစ္ေတာ့ေပမယ့္ လင္းဇာနည္ေဇာ္ကေတာ့ ဇာတ္လမ္းတြဲေတြ ႐ိုက္ကူးေနတာ ေတြ႕ရပါတယ္။

sourc : Cele Yatkwat

Unicodeဖြင့်ဖတ်ရန်
★★★

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မနှစ်ယောက်က ကိုယ်တိုင်ပန်းရံအလုပ်လုပ်ရင်း အုတ်ချပ်တွေကို တညီတညာတည်းဖြစ်အောင် စီနေတာ တွေ့ရပါတယ်။ အလုပ်ပြောင်းရင်ကောင်းမလားလို့ စနောက်ခဲ့ကြပါသေးတယ်။

သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ ညီအစ်မ နှစ်ယောက်ကတော့ တက်တက်ကြွကြွနဲ့ ပန်းရံအလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ အလုပ်ပြောင်းရင်ကောင်းမလားလို့လည်း စနောက်ပြောပြလာပါသေးတယ်။

‘’အလုပ်ပြောင်းကြရင် ကောင်းမလားလို့။ ခေါက်ဆွဲချက်သည်၊ ပန်းရံလုပ်သည်၊ အိမ်ဆေးသုတ်သည်၊ ထမင်းချက်သည်၊ ဟင်းချက်သည်၊ မုန့်အစုံလုပ်သည်၊ အသုတ်စုံသုတ်သည်။ ပြောကြည့်ကြပါ ။ ကြိုက်ရာမှ’’ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ဘိလပ်မြေ၊ သဲ၊ ကျောက်၊ ရေ တို့ကို အချိုးကျကျရောစပ်ပြီး အုတ်ချပ်တွေကို ညီညီညာညာ စီထားတာ တွေ့ရပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့ သူတို့ ညီအစ်မ နှစ်ယောက်ကိုတော့ ပရိသတ်များစွာတို့က Comment ကနေတဆင့် အချစ်ပိုနေခဲ့ကြတာ ဖြစ်ပါတယ်။

ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော် တို့ဟာ ပြည်သူချစ်မင်းသမီးချောလေးတွေ ဖြစ်ခဲ့ကြသူပါ။ သူတို့ မိသားစုကတော့ အနုပညာတွေ စုပေါင်းနေတဲ့ မိသားစုလေးဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ဖခင်ဖြစ်သူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ပါ။ သူတို့ရဲ့ အစ်ကိုဖြစ်သူကတော့ ဒါရိုက်တာ မိုက်တီးဖြစ်ပါတယ်။

လက်ရှိမှာတော့ချစ်ချစ်ဇော်နဲ့ လင်းဇာနည်ဇော်တို့ဟာ ရွှေတောင်ခေါက်ဆွဲ လုပ်ငန်းကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးလည်း ရှိတာကြောင့် အနုပညာအလုပ်နဲ့ အဆက်အသွယ် မပြတ်သေးပါဘူး။ ချစ်ချစ်ဇော်ကတော့ ဇာတ်ကားတွေ ဆက်မရိုက်ဖြစ်တော့ပေမယ့် လင်းဇာနည်ဇော်ကတော့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။

sourc : Cele Yatkwat