
တစ္ခါက ဒဂံုျမိဳ႕တြင္ ရိုးသားစြာ လယ္ယာလုပ္ကိုင္ေသာ ေမာင္ကံအမည္ရွိ လူငယ္တစ္ဦး ရွိေလ၏။ လြန္စြာ သန္မာထြားက်ိဳင္းသည္ဆို၏။
တစ္ေန႔တြင္ ရေသ့တစ္ပါးက(မူကြဲမ်ားတြင္ ေဇာ္ဂ်ီဟုလည္းဆုိ) မိမိ၏ ထြက္ရပ္လမ္းအတြက္ လိုအပ္ေသာ ပုဂၢိဳလ္လိုက္ရွာရာ ေမာင္ကံအားေတြ႔သျဖင့္ မိမိအား ကူညီပါမည္လားေမးျမန္းရာ ေမာင္ကံလည္း ၀မ္းေျမာက္၀မ္းသာလက္ခံေလ၏။
သို႔ရာတြင္ ရေသ့က ေမာင္ကံ၏ သတၱိကုိစမ္းလိုသျဖင့္ ငါခုန္သလို လိုက္ခုန္စမ္းပါလွည့္္ ဟုဆိုကာ ကန္တစ္ခုအား ခုန္ေက်ာ္ျပေလ၏။ ကန္မွာအေတာ္က်ယ္ေသာ္လည္း ရေသ့မွာ ေခ်ာေမာစြာပင္ တစ္ဖက္ကမ္းသို႔ေရာက္ေလ၏။ ေမာင္ကံလည္း မာန္ကိုသြင္း၍ ခုန္ေသာ္လည္း ရေသ့က တန္ခိုးျပေသာေၾကာင့္ ကမ္းေပၚမေရာက္ဘဲ ေဘာင္ေပၚက်ကာ ကန္ပဲ့သြားေလ၏။
( ထိုအရပ္ကို ယေန႔တိုင္ ကံဘဲ့ ဟုေခၚေလသည္။)ထို႔ေနာက္ ရေသ့က ေမာင္ကံအား စည္းတစ္ခုတားေပးကာ ေဆးလံုးသံုးလံုးေပးေလ၏။ မိမိက ေပါက္ဟုေအာ္လွ်င္ ေဆးတစ္လံုးသာ ေပါက္ရန္မွာကာ မည္သည့္ရန္သူလာလာ စည္းကို မေက်ာ္ရန္မွာၾကားေလ၏။ပထမတစ္ေခါက္တြင္ ဆင္ရိုင္းအုပ္ၾကီးသည္လည္းေကာင္း၊ဒုတိယအေခါက္တြင္ မိုးၾကိဳးမုန္တိုင္းမ်ားက်၍လည္းေကာင္း၊တတိယအေခါက္တြင္ ဘီလူးသရဲမ်ားေရာက္၍ေသာ္လည္းေကာင္း အေႏွင့္အယွက္မ်ားလာေသာ္လည္း ေမာင္ကံသည္ တည္ျငိမ္စြာရင္ဆိုင္ႏိုင္ခဲ့သည္ ဆို၏။
ရေသ့လည္း ထြက္ရပ္ေပါက္၍အလိုျပည့္သည့္အခါ ေမာင္ကံကို ေက်းဇူးတင္သျဖင့္ ေျမလွ်ိဳးမိုးပ်ံ ႏိုင္ေသာ လွံရွည္ ကို ေပးအပ္ခဲ့ေလ၏။ေမာင္ကံလည္း ထိုလွံပ်ံ တန္ခိုးျဖင့္ လွည့္လည္သြားလာရင္း ဂႏၶာလရာဇ္တိုင္း(တရုတ္ျပည္)ထိေရာက္ကာ တရုတ္ဥတည္မင္း၏ သမီးေတာ္ၾကင္စာရီ ႏွင့္ေတြ႔ေလ၏။ ၾကင္စာရီမွာလည္း အစြမ္းထက္ေသာ မြန္လူစြမ္းေကာင္း အား ေမတၱာသက္၀င္ ႏွစ္သက္သြားကာ မ်ားမၾကာမီ ခ်စ္သူမ်ား ျဖစ္သြားၾကေလ၏။
လအနည္းငယ္အၾကာတြင္ ပဋိသေႏၶခေလ၏။ထိုအေၾကာင္းကို ဥတည္မင္း သိလွ်င္ ေမာင္ကံအားေခၚ၍ “မြန္လူစြမ္းေကာင္းငယ္၊သင္တို႔ဟံသာ၀တီျပည္မွ တန္ခိုးၾကီးဘုရားေရႊတိဂံုတြင္ ျမတ္ဗုဒၶ၏ဆံေတာ္အစစ္ကို ဌာပနာထားသည္ မဟုတ္တုံေလာ၊ ငါလည္း ကိုးကြယ္ခ်င္ပါ၏။ ငါ့ထံသို႔ဆံေတာ္မ်ားေဆာင္က်ဥ္းေပးျပီးသည္ႏွင့္တစ္ျပိဳင္နက္ သင့္အား သမီးေတာ္ႏွင့္ ထိမ္းျမားကာ အိမ္ေရွ႔အရာ ေပးအံ့”ေမာင္ကံလည္း ခ်စ္ရသူႏွင့္ေ၀းမည္စိုးသျဖင့္ ခ်က္ခ်င္းပင္ေဆာင္ယူမည္ျဖစ္ေၾကာင္း ကတိေပးကာ လွံရွည္အားခြလ်က္ ေမြးရပ္ေျမသို႔ ပ်ံထြက္ခဲ့ေလ၏။
ၾကာျမင့္စြာ ပ်ံသန္း၍ တစ္ေနရာသို႔အေရာက္တြင္ ေမာျပီ ဟုဆိုကာ လွံကို ေထာက္လ်က္နားေလ၏။ ( ထိုအရပ္ကို ေမွာ္ဘီ ဟု ယေန႔တိုင္တြင္ေလ၏)အေမာေျပ၍ဆက္လက္ပ်ံသန္းရင္း စမ္းေခ်ာင္းတစ္ခုကိုေတြ႔၍ ေရဆင္းေသာက္ခဲ့ေသးသည္ဆို၏။( ထိုအရပ္ကို စမ္းေခ်ာင္း ဟု ယေန႔တိုင္တြင္ေလ၏။)ထို႔ေနာက္ ဆက္လက္ပ်ံသန္းခဲ့ရာ ေရႊတိဂံုေစတီေတာ္ကို ၾကည့္လွ်င္ ျမင္ႏိုင္သည့္ ေနရာသို႔ေရာက္ေလ၏။
(ထိုအရပ္မွာ ယေန႔ ၾကည့္ျမင္တိုင္ ဟုေခၚေသာအရပ္ပင္ျဖစ္သည္။)
တစ္ေနရာတြင္မူ ေမာင္ကံသည္ ရပ္၍စဥ္းစား၏။ “ဘုရားဆံေတာ္ကို ခိုးယူျခင္းမွာ အကုသိုလ္ ၾကီးမားေပမည္။ အို မျဖစ္ေခ်ပါဘူး။ ဆံေတာ္မပါလွ်င္ ၾကင္စာရီ ႏွင့္ေ၀းရခ်ည့္။မည္သို႔ပင္ျဖစ္ေစ ေရႊတိဂံုတို္င္ေအာင္သြားေတာ့မည္။” ( ထိုအရပ္ကို ေရႊဂံုတိုင္ဟု ယေန႔တိုင္ တြင္ေလ၏)ဘုရားကို ျမင္ရေသာ္လည္း အကုသိုလ္အလုပ္လုပ္မည့္ေမာင္ကံသည္ လမ္းလည္လ်က္ေနေလ၏။
တစ္ေနရာတြင္ ၾကီးမားေသာေျမြၾကီးတစ္ေကာင္က ေမာင္ကံအား တားေလ၏။ သို႔ေသာ္ ထိုေျမြၾကီးမွာ ေမာင္ကံလက္ခ်က္ျဖင့္ဇီ၀ိန္ခ်ဳပ္ေလသည္။(ထိုအရပ္ကို တားေျမြဟုေခၚရာမွ ယေန႔ တာေမြ ျဖစ္လာေလသည္။)ေနာက္ဆံုး ေရႊတိဂံုေစတီေတာ္သို့ေမာင္ကံေရာက္ရွိကာ ဆံေတာ္တြင္းသို႔ လွံကိုစိုက္ခ်ကာ ၀င္ေလ၏။ ဓားစက္၊လွံစက္မ်ားကို လွံရွည္တန္ခိုးျဖင့္ ျဖတ္ေက်ာ္ကာ ဆံေတာ္တည္ရွိရာ ေနရာအနီးသို႔ေရာက္ေလ၏။
ထိုအခ်ိန္တြင္ ရုတ္တရက္ငလ်င္ေတာ္လည္းကာ ေမာင္ကံ၏ ေျခအစံုသည္ လႈပ္၍မရေတာ့ေပ။ထိုအျဖစ္ကို ရေသ့လည္း ဒိဗၺစကၡဳျဖင့္ျမင္၍ တပည့္၏အျဖစ္ကို သနားကာ ခ်က္ခ်င္းပင္ ဆံေတာ္တြင္းသို႔လိုက္သြားေလ၏။ ေမာင္ကံက ၾကင္စာရီႏွင့္ ေတြ႔ခ်င္သည္ဆိုသျဖင့္ ရေသ့က တန္ခိုးျဖင့္ ေဆာင္ယူေပးေလ၏။ ၾကင္စာရီေရာက္လွ်င္ ေမာင္ကံမွာ ရင္ဘတ္ထိတိုင္ ေက်ာက္ရုပ္ျဖစ္၍ေနျပီျဖစ္သည္။ ေမာင္ကံလည္း တုန္ရီေသာ ႏႈတ္ခမ္းအစံုျဖင့္ မိမိတို႔၏ ရင္ေသြးေလးကို မည္သည့္အခါတြင္မွ ျမတ္ဗုဒၶႏွင့္ ရတနာသံုးပါးကို မေစာ္ကားမိေစရန္ ဆံုးမပါဟု မွာကာ မ်ားမၾကာမီ ေက်ာက္ရုပ္ ျဖစ္ေလသတည္း။
Tun Aung Kyaw(T.A.K)
Unicode
တစ်ခါက ဒဂုံမြို့တွင် ရိုးသားစွာ လယ်ယာလုပ်ကိုင်သော မောင်ကံအမည်ရှိ လူငယ်တစ်ဦး ရှိလေ၏။ လွန်စွာ သန်မာထွားကျိုင်းသည်ဆို၏။
တစ်နေ့တွင် ရသေ့တစ်ပါးက(မူကွဲများတွင် ဇော်ဂျီဟုလည်းဆို) မိမိ၏ ထွက်ရပ်လမ်းအတွက် လိုအပ်သော ပုဂ္ဂိုလ်လိုက်ရှာရာ မောင်ကံအားတွေ့သဖြင့် မိမိအား ကူညီပါမည်လားမေးမြန်းရာ မောင်ကံလည်း ဝမ်းမြောက်ဝမ်းသာလက်ခံလေ၏။
သို့ရာတွင် ရသေ့က မောင်ကံ၏ သတ္တိကိုစမ်းလိုသဖြင့် ငါခုန်သလို လိုက်ခုန်စမ်းပါလှည့် ဟုဆိုကာ ကန်တစ်ခုအား ခုန်ကျော်ပြလေ၏။ ကန်မှာအတော်ကျယ်သော်လည်း ရသေ့မှာ ချောမောစွာပင် တစ်ဖက်ကမ်းသို့ရောက်လေ၏။ မောင်ကံလည်း မာန်ကိုသွင်း၍ ခုန်သော်လည်း ရသေ့က တန်ခိုးပြသောကြောင့် ကမ်းပေါ်မရောက်ဘဲ ဘောင်ပေါ်ကျကာ ကန်ပဲ့သွားလေ၏။
( ထိုအရပ်ကို ယနေ့တိုင် ကံဘဲ့ ဟုခေါ်လေသည်။)ထို့နောက် ရသေ့က မောင်ကံအား စည်းတစ်ခုတားပေးကာ ဆေးလုံးသုံးလုံးပေးလေ၏။ မိမိက ပေါက်ဟုအော်လျှင် ဆေးတစ်လုံးသာ ပေါက်ရန်မှာကာ မည်သည့်ရန်သူလာလာ စည်းကို မကျော်ရန်မှာကြားလေ၏။ပထမတစ်ခေါက်တွင် ဆင်ရိုင်းအုပ်ကြီးသည်လည်းကောင်း၊ဒုတိယအခေါက်တွင် မိုးကြိုးမုန်တိုင်းများကျ၍လည်းကောင်း၊တတိယအခေါက်တွင် ဘီလူးသရဲများရောက်၍သော်လည်းကောင်း အနှေင့်အယှက်များလာသော်လည်း မောင်ကံသည် တည်ငြိမ်စွာရင်ဆိုင်နိုင်ခဲ့သည် ဆို၏။
ရသေ့လည်း ထွက်ရပ်ပေါက်၍အလိုပြည့်သည့်အခါ မောင်ကံကို ကျေးဇူးတင်သဖြင့် မြေလျှိုးမိုးပျံ နိုင်သော လှံရှည် ကို ပေးအပ်ခဲ့လေ၏။မောင်ကံလည်း ထိုလှံပျံ တန်ခိုးဖြင့် လှည့်လည်သွားလာရင်း ဂန္ဓာလရာဇ်တိုင်း(တရုတ်ပြည်)ထိရောက်ကာ တရုတ်ဥတည်မင်း၏ သမီးတော်ကြင်စာရီ နှင့်တွေ့လေ၏။ ကြင်စာရီမှာလည်း အစွမ်းထက်သော မွန်လူစွမ်းကောင်း အား မေတ္တာသက်ဝင် နှစ်သက်သွားကာ များမကြာမီ ချစ်သူများ ဖြစ်သွားကြလေ၏။
လအနည်းငယ်အကြာတွင် ပဋိသန္ဓေခလေ၏။ထိုအကြောင်းကို ဥတည်မင်း သိလျှင် မောင်ကံအားခေါ်၍ “မွန်လူစွမ်းကောင်းငယ်၊သင်တို့ဟံသာဝတီပြည်မှ တန်ခိုးကြီးဘုရားရွှေတိဂုံတွင် မြတ်ဗုဒ္ဓ၏ဆံတော်အစစ်ကို ဌာပနာထားသည် မဟုတ်တုံလော၊ ငါလည်း ကိုးကွယ်ချင်ပါ၏။ ငါ့ထံသို့ဆံတော်များဆောင်ကျဉ်းပေးပြီးသည်နှင့်တစ်ပြိုင်နက် သင့်အား သမီးတော်နှင့် ထိမ်းမြားကာ အိမ်ရှေ့အရာ ပေးအံ့”မောင်ကံလည်း ချစ်ရသူနှင့်ဝေးမည်စိုးသဖြင့် ချက်ချင်းပင်ဆောင်ယူမည်ဖြစ်ကြောင်း ကတိပေးကာ လှံရှည်အားခွလျက် မွေးရပ်မြေသို့ ပျံထွက်ခဲ့လေ၏။
ကြာမြင့်စွာ ပျံသန်း၍ တစ်နေရာသို့အရောက်တွင် မောပြီ ဟုဆိုကာ လှံကို ထောက်လျက်နားလေ၏။ ( ထိုအရပ်ကို မှော်ဘီ ဟု ယနေ့တိုင်တွင်လေ၏)အမောပြေ၍ဆက်လက်ပျံသန်းရင်း စမ်းချောင်းတစ်ခုကိုတွေ့၍ ရေဆင်းသောက်ခဲ့သေးသည်ဆို၏။( ထိုအရပ်ကို စမ်းချောင်း ဟု ယနေ့တိုင်တွင်လေ၏။)ထို့နောက် ဆက်လက်ပျံသန်းခဲ့ရာ ရွှေတိဂုံစေတီတော်ကို ကြည့်လျှင် မြင်နိုင်သည့် နေရာသို့ရောက်လေ၏။
(ထိုအရပ်မှာ ယနေ့ ကြည့်မြင်တိုင် ဟုခေါ်သောအရပ်ပင်ဖြစ်သည်။)
တစ်နေရာတွင်မူ မောင်ကံသည် ရပ်၍စဉ်းစား၏။ “ဘုရားဆံတော်ကို ခိုးယူခြင်းမှာ အကုသိုလ် ကြီးမားပေမည်။ အို မဖြစ်ချေပါဘူး။ ဆံတော်မပါလျှင် ကြင်စာရီ နှင့်ဝေးရချည့်။မည်သို့ပင်ဖြစ်စေ ရွှေတိဂုံတိုင်အောင်သွားတော့မည်။” ( ထိုအရပ်ကို ရွှေဂုံတိုင်ဟု ယနေ့တိုင် တွင်လေ၏)ဘုရားကို မြင်ရသော်လည်း အကုသိုလ်အလုပ်လုပ်မည့်မောင်ကံသည် လမ်းလည်လျက်နေလေ၏။
တစ်နေရာတွင် ကြီးမားသောမြွေကြီးတစ်ကောင်က မောင်ကံအား တားလေ၏။ သို့သော် ထိုမြွေကြီးမှာ မောင်ကံလက်ချက်ဖြင့်ဇီဝိန်ချုပ်လေသည်။(ထိုအရပ်ကို တားမြွေဟုခေါ်ရာမှ ယနေ့ တာမွေ ဖြစ်လာလေသည်။)နောက်ဆုံး ရွှေတိဂုံစေတီတော်သို့မောင်ကံရောက်ရှိကာ ဆံတော်တွင်းသို့ လှံကိုစိုက်ချကာ ဝင်လေ၏။ ဓားစက်၊လှံစက်များကို လှံရှည်တန်ခိုးဖြင့် ဖြတ်ကျော်ကာ ဆံတော်တည်ရှိရာ နေရာအနီးသို့ရောက်လေ၏။
ထိုအချိန်တွင် ရုတ်တရက်ငလျင်တော်လည်းကာ မောင်ကံ၏ ခြေအစုံသည် လှုပ်၍မရတော့ပေ။ထိုအဖြစ်ကို ရသေ့လည်း ဒိဗ္ဗစက္ခုဖြင့်မြင်၍ တပည့်၏အဖြစ်ကို သနားကာ ချက်ချင်းပင် ဆံတော်တွင်းသို့လိုက်သွားလေ၏။ မောင်ကံက ကြင်စာရီနှင့် တွေ့ချင်သည်ဆိုသဖြင့် ရသေ့က တန်ခိုးဖြင့် ဆောင်ယူပေးလေ၏။ ကြင်စာရီရောက်လျှင် မောင်ကံမှာ ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်၍နေပြီဖြစ်သည်။ ေ
မာင်ကံလည်း တုန်ရီသော နှုတ်ခမ်းအစုံဖြင့် မိမိတို့၏ ရင်သွေးလေးကို မည်သည့်အခါတွင်မှ မြတ်ဗုဒ္ဓနှင့် ရတနာသုံးပါးကို မစော်ကားမိစေရန် ဆုံးမပါဟု မှာကာ များမကြာမီ ကျောက်ရုပ် ဖြစ်လေသတည်း။
Tun Aung Kyaw(T.A.K)