
ဖွေးဖွေး




ရွှေမှုန်ရတီ (သဲ)


source: CG creation
Khin Mi MiCelegabar
ယူနီကုဒ်နဲ့ ဖတ်ရန်

မြန်မာနိုင်ငံရဲ့အနုပညာကြေးအမြင့်ဆုံး ထိပ်တန်းရုပ်ရှင်မင်းသမီး (၃) ယောက်

ဖွေးဖွေး

ရွှေကြာ ၊ လက်ပံ နဲ့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီး (၃) ကား နဲ့ လက်ရှိမှာ အကယ်ဒမီ ဆုကြီး (၃) ဆု ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ဖွေးဖွေးကတော့ လက်ရှိမှာ အသက်(၃၀) ကျော်ရှိပြီး လာမဲ့ သြဂုဏ်လမှာ (၃၁) နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အနုပညာလောကမှာ ပရိသတ်အများဆုံး အနုပညာရှင်မင်းသမီးတစ်ယောက်ဖြစ်သလို (၂၀၁၈) ခုနှစ်အတွင်း အကယ်ဒမီစာရင်းဝင် ရုပ်ရှင် စုစုပေါင်း(၆) ကား ဝင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည် ( ကစ်ကစ်)

ဝတ်မှုန်ရွှေရည် ခေါ် ကစ်ကစ်လို့ အသိများကြတဲ့ မင်းသမီးလေး ဖွေးဖွေးရဲ့ တဝမ်းကွဲ ညီအမဖြစ်သူ ရွှေကစ်လေးဟာ ဖွေးနဲ့ မွေးနေ့ ၊ မွေးရက် (၁) သာခြားပြီး လာမဲ့ သြဂုဏ်လမှာ အသက်(၃၁) နှစ်ပြည့်မှာဖြစ်သလို လက်ရှိမှာ အကယ်ဒမီ ဆုကြီး (၂) ဆု သိမ်းပိုက်ထားနိုင်သူပါ။ အရင်နှစ်(၂၀၁၈)ခုနှစ်အတွင်းမှာ ကစ်ရဲ့ရုပ်ရှင်တွေ နည်းခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကားရိုက်တွေ အတော်လေး ခပ်စိတ်စိတ်ရှိလာသလို တတိယအကယ်ဒမီဆုကို (၂၀၁၉) ခုနှစ်မှာ သယ်ဆောင်လာမလားဆိုတာလည်း စောင့်ကြည့်ရမှာပါ။

ရွှေမှုန်ရတီ (သဲ)

လက်ရှိမှာ အသက်(၂၁)နျစ်သာရှိသေးတဲ့ ရွှေမှုန်ရတီ ခေါ် သဲက တော့ သူမချစ်တဲ့ ချစ်သူ အဆိုတော် ရွှေထူးနဲ့ ရဲရဲဝင့်ဝင့်လက်တွဲခဲ့ပြီး လက်ရှိမှာ အိမ်ထောင်ရှင် မင်းသမီးတစ်ယောက်အနေနဲ့ အလှမပျက် ၊ ထိန်းသိမ်းထားနိုင်သလို သူမရဲ့ ရုပ်ရှင်နဲ့ အနုပညာစန်းကလည်း ကျလို့မသွားခဲ့ပါဘူး။ ဒီနှစ်ထဲမှာ ကြော်ငြာ၊ ကားရိုက်နဲ့ ရုပ်ရှင်တွေ ခပ်စိတ်စိတ်ရှိလာသလို သူမကျရာ ဇာတ်ရုပ်တိုင်းကို တကယ်ဆွဲဆောင်မှုရှိစွာ သရုပ်ဆောင်နိုင်သူမို့ အကယ်ဒမီဆုကြီး ရရှိနိုင်တဲံ အလားအလာရှိတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

Share From CeleGabar