.ဘားအံၿမဳိ႕ရဲ႕ အထင္ကရ ေကာ့ဂြန္းဂူ သမိုင္းေၾကာင္း

ေကာ့ဂြန္းဂူသည္ ေမာ္လၿမိဳင္ၿမိဳ႕မွ အထက္ ၂၈မိုင္၊ ကရင္ျပည္နယ္ဘားအံၿမိဳ႕နယ္ မွ ၈မုိင္ကြာေ၀းသည့္ ေကာ့ဂြန္း႐ြာရွိ ေကာ့ဂြန္းထုံးေက်ာက္ေတာင္တြင္ တည္ရွိသည္။ ေကာ့ဂြန္းေတာင္သည္ ေတာင္တန္းမ်ားႏွင့္ တစ္ဆက္တည္းရွိေသာ ေတာင္မဟုတ္ဘဲ ထီးထီးတည္ရွိေနေသာ ေတာင္ျဖစ္သည္။

ေကာ့ဂြန္းေတာင္သည္ အေရွ႕ေျမာက္မွ အေနာက္ေတာင္သို႔ ေတာင္စဥ္ငါးလုံးျဖင့္ သြယ္တန္းလ်က္ရွိသည္။ ေက်ာက္ေတာင္၏ အျမင့္ဆုံးေနရာ၌ အျမင့္ေပ ၁,ဝဝဝ ခန္႔ရွိၿပီး အလ်ားေပ ၆,ဝဝဝခန္႔ရွည္လ်ားသည္။ ေကာ့ဂြန္းေတာင္တြင္ ေကာ့ဂြန္းဂူ၊ ကၽြဲဂူႏွင့္ က်ားဂူဟူ၍ရွိေသာ္လည္း ေကာ့ဂြန္းဂူသာလၽွင္ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္အျဖစ္ တည္ရွိသည္။ေကာ့ဂြန္းဂူသည္ အလ်ားေပ ၁၃၀၊ အနံေပ ၇၀ ႏွင့္ အျမင့္ ၂၅ ေပရွိသည္။

တစ္ဖက္ပိတ္လိုဏ္ဂူျဖစ္ၿပီး ဂူ၏အတြင္းပိုင္း အဆုံးနား တစ္ဖက္တစ္ခ်က္စီတြင္ ဂူေပါက္ငယ္တစ္ခုစီရွိသည္။ ေကာ့ဂြန္းဂူအဝင္ဝသည္ ေက်ာက္ကမ္းပါးယံ အမိုးေအာက္တြင္တည္ရွိသျဖင့္ မိုးဒဏ္မွလြတ္ကင္းမႈရွိသည္။ ဂူအဝသည္ အေရွ႕ဘက္သို႔မ်က္ႏွာမူထားျခင္းေၾကာင့္ ေနေရာင္ျခည္ေကာင္းစြာရရွိသျဖင့္ ဂူအတြင္းတြင္ စိုထိုင္းမႈနည္းပါးကာေျခာက္ေသြ႕မႈရွိသည္။
ဂူအတြင္းရွိ ေရွးေဟာင္းယဥ္ေက်းမႈ အေမြအႏွစ္မ်ား

ေကာ့ဂြန္းဂူရွိ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားမွာ စနစ္တက်၊ ပုံစံက်နစြာ တည္ရွိေနျခင္းမဟုတ္ဘဲ ေက်ာက္ေတာင္နံရံ၏ အေနအထားႏွင့္ အလႉရွင္၏သဒၶါစိတ္တို႔အေပၚမူတည္ၿပီး တည္ရွိေနသည္။

ေက်ာက္ေတာင္နံရံမ်ား၊ ဂူနံရံႏွင့္ အမိုးပိုင္းတို႔တြင္ ဗုဒၶဆင္းတုေတာ္မ်ားကို မြမ္းမံတန္ဆာဆင္ယင္ကာကပ္လႉထားသည္။ ေကာ့ဂြန္းဂူရွိ ေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္မ်ားကို အမ်ိဳးအစားခြဲျခားၾကည့္လၽွင္ ဗုဒၶဆင္းတုေတာ္မ်ား၊ ေက်ာက္႐ုပ္ႂကြမ်ား၊ ေက်ာက္စာႏွင့္ မင္စာမ်ားဟူ၍ ေတြ႕ရွိရသည္။ ေကာ့ဂြန္းဂူ၌ အမ်ားဆုံးေတြ႕ရွိရသည္မွာ အုတ္ခြက္ဗုဒၶဆင္းတုေတာ္မ်ား ျဖစ္သည္။ ၎တို႔ကို ေက်ာက္ေတာင္နံရံမ်ား၊ ဂူနံရံႏွင့္ ဂူအမိုးပိုင္းတို႔၌ ကပ္လႉပူေဇာ္ထားသည္။

ေကာ့ဂြန္းဂူကို ခရစ္ႏွစ္ ၁၉ ရာစုအေစာပိုင္းမွစ၍ သမိုင္းႏွင့္ ေရွးေဟာင္းသုေတ သနပညာရွင္မ်ားက သုေတသနျပဳလုပ္ခဲ့သည္။ ကြင္းဆင္းမွတ္တမ္းမ်ားအရ ၁၈၂၇ ခုႏွစ္ ဇန္နဝါရီလ ၂၇ ရက္တြင္ ၿဗိတိသၽွသံ ဂၽြန္ကေရာဖို႔ဒ္သည္လည္းေကာင္း၊ ၁၈၃၅ ခုႏွစ္တြင္ သုေတသနပညာရွင္ ရစ္ခ်တ္တင္ပယ္သည္လည္းေကာင္း ေကာ့ဂြန္းသို႔ ေရာက္ရွိခဲ့ၾကသကဲ့သို႔ ဦးေတာ္စိန္ခို၊ ဦးလူေဖဝင္း၊ ဦးဖိုးလတ္၊ ဗိုလ္မႉးဘရွင္အစရွိ ေသာ ျမန္မာပညာရွင္မ်ားသည္လည္း ေကာ့ဂြန္းဂူသို႔ ကြင္းဆင္းေလ့လာမႈမ်ားျပဳ လုပ္ခဲ့ၾကသည္။

ဗုဒၶဆင္းတုေတာ္မ်ားကို ေလ့လာရာတြင္ ထိုင္းႏိုင္ငံ၌ ေအဒီ ၁၂၄၅ မွ ၁၄၃၈ ခုႏွစ္အတြင္း ထြန္းကားခဲ့ေသာ ေသာကၠတဲ (ဆူခိုထိုင္း) ေခတ္လက္ရာမ်ားႏွင့္ ဆင္တူသည္။

ေသာကၠတဲေခတ္ အႏုပညာသည္လည္း ခမာႏွင့္ သီဟိုဠ္ (သီရိလကၤာ)ယဥ္ေက်းမႈတို႔ႏွင့္ ေရာယွက္ေနသည္။ ဗုဒၶဆင္းတုေတာ္မ်ားတြင္ ေတြ႕ရွိရေသာ မီးလၽွံပုံဥဏွိႆ အမွတ္လကၡဏာ၏မူရင္းမွာ သီဟိုဠ္မွ ဆင္းသက္လာျခင္းျဖစ္သည္။ သီဟိုဠ္၌ ေအဒီ (၅) ရာစုလက္ရာ ဗုဒၶဆင္းတုေတာ္မ်ားရွိ ဦးေခါင္းထက္တြင္ ဤမီးလၽွံပုံဥဏွိႆကိုယေန႔တိုင္ေတြ႕ျမင္ႏိုင္သည္။ ေရွးယခင္ကတည္းက ျမန္မာ၊ သီဟိုဠ္ (သီရိလကၤာ) ႏွင့္ ထိုင္းႏိုင္ငံတို႔သည္ ဗုဒၶဘာသာ ယဥ္ေက်းမႈခ်င္းပါ ေရာယွက္ခဲ့သည့္သေဘာျဖစ္သည္။

ေကာ့ဂြန္းဂူ၌ ေက်ာက္႐ုပ္ႂကြသုံးခုကို ယွဥ္တြဲေတြ႕ရွိရၿပီး ႏွစ္ခုမွာ ဗုဒၶဘာသာဆိုင္ရာျဖစ္ၿပီးက်န္တစ္ခုမွာ ဟိႏၵဴအယူဝါဒဆိုင္ရာျဖစ္သည္။ ထူးျခားသည္မွာ ဗုဒၶဘာသာဆိုင္ရာ ႐ုပ္ႂကြတစ္ခုရွိ ႐ုပ္တု၏ လက္ဝဲဘက္ ဝတ္႐ုံသကၤန္းအနားတြင္ ေရွးမြန္စာ ၂၃ ေၾကာင္းကို ထြင္းထုထားသည္။

ညာဘက္ျခမ္း ဝတ္႐ုံမွာက်ိဳးပဲ့ပ်က္စီးေနၿပီျဖစ္၍ စာေၾကာင္း ၃ ေၾကာင္းမၽွသာ ေတြ႕ရၿပီး ထင္ရွားမႈမရွိေတာ့ေပ။ဟိႏၵဴအယူဝါဒဆိုင္ရာ ေက်ာက္႐ုပ္ႂကြတြင္ ဣသြာရနတ္႐ုပ္ႏွင့္ ယင္းနတ္မွ ေပါက္ဖြားလာေသာ ျဗဟၼာ၊ ဗိႆႏိုးႏွင့္ မေဟသရ (ေခၚ) သီဝနတ္႐ုပ္တို႔ကို ပုံေဖာ္ထားသည့္အျပင္ ဂနက္ရွ္႐ုပ္တုကိုလည္း ေတြ႕ရွိရသည္။ သို႔ေသာ္ ယခုအခါ၌ယင္းစာလုံးတို႔မွာ လုံးဝပ်က္စီးေနၿပီျဖစ္သည္။ ႐ုပ္ႂကြမ်ား၌ေတြ႕ရွိရေသာ အႏုပညာလက္ရာဖန္တီးထားမႈတို႔ကို ေလ့လာၾကည့္လၽွင္မူ ေအဒီ ၁၁ရာစု က ထုလုပ္ခဲ့ၾကသည္ဟု သတ္မွတ္ႏိုင္သည္။

ေကာ့ဂြန္းဂူတြင္ သမိုင္းအေထာက္အထားမ်ားကို ျဖည့္စြက္ေပးႏိုင္ေသာ ေက်ာက္စာႏွင့္ မင္စာမွတ္တမ္းမ်ားလည္းရွိသည္။ မင္စာမွတ္တမ္းမ်ားသည္ အလႉျပဳသူ၊ အလႉပစၥည္းႏွင့္ ဆုေတာင္းတို႔ကို ထည့္သြင္းေဖာ္ျပထားသည့္အျပင္ လႉဒါန္းသည့္ ဆင္းတုေတာ္အေရအတြက္မ်ားကိုပါ ေဖာ္ျပထားသည္။ လႉဒါန္းသည့္သကၠရာဇ္မ်ားကို စာသားအေနျဖင့္လည္းေကာင္း၊

ဂဏန္းအေနျဖင့္လည္းေကာင္း ေဖာ္ျပသည္။ ေကာ့ဂြန္းဂူ၌ ေတြ႕ရွိရေသာေက်ာက္စာမွာ အျခားေက်ာက္စာခ်ပ္မ်ားကဲ့သို႔ ေက်ာက္တုံး၊ ေက်ာက္ျပား၌ ထြင္းထုထားျခင္းမဟုတ္ဘဲ ေက်ာက္႐ုပ္ႂကြ႐ုပ္တု၏ဝတ္႐ုံ၌ ထြင္းထုထားျခင္းပင္ျဖစ္သည္။ ဝတ္႐ုံ၏အနား၌ စာေၾကာင္းေရ ၂၃ ေၾကာင္းကို ေရွးေခတ္မြန္ဘာသာျဖင့္ ေရးထိုးထားသည္။

ဤေက်ာက္စာ၏အဓိပၸာယ္မွာ ဤဘုရားဆင္းတုေတာ္ကို မူးတး(မုတၱမ) မိဖုရားျဖစ္သူ ကၽြႏ္ုပ္သည္ ဒုေအ္ဝါပ္ၿမိဳ႕၌ ေနထိုင္ၿပီး ဤဆင္းတုေတာ္ကိုထုထြင္းျပဳလုပ္ခဲ့သည္။ ဒုေအ္ဝါပ္ ၿမိဳ႕အတြင္း၌ေသာ္လည္းေကာင္း၊ ၿမိဳ႕နယ္ျပင္ပ၌ေသာ္လည္းေကာင္းတည္ရွိသမၽွေသာ ေျမႏွင့္ေက်ာက္ဆင္းတုေတာ္တို႔ကို ကၽြႏ္ုပ္ႏွင့္ကၽြႏ္ုပ္၏တပည့္မ်ားက စြမ္းရည္ရွိ၍ ထြင္းထုခဲ့သည္။

အျခားအျခားေသာ ဆရာမ်ားသည္ ေက်ာက္ဘုရားမ်ားကို ထုထြင္းႏိုင္ပါေစသတည္း ဟူ၍ျဖစ္သည္။ဤေကာ့ဂြန္းဂူရွိ မြန္ေက်ာက္စာသည္ ပရပထုံမြန္ေက်ာက္စာမ်ားကဲ့သို႔ ေရွးမက်လွေသာ္လည္း ေက်ာက္စာအေရးအသားပုံစံအရ ပုဂံျပည့္ရွင္ အေနာ္ရထာမင္းသထုံျပည္ကို သိမ္းပိုက္ခဲ့သည့္ ေအဒီ (၁၀၅၇) ခုႏွစ္ဝန္းက်င္တြင္ ေရးထိုးခဲ့ေသာ ေက်ာက္စာျဖစ္ဟန္တူသည္။ေက်ာက္စာပါ မြန္အေရးအသားသည္ က်န္စစ္သားမင္းႀကီး၏သားေတာ္ ရာဇကုမာရ္မင္းသား ေရးထိုးခဲ့ေသာ ျမေစတီမြန္ေက်ာက္စာ အေရးအသားတို႔ႏွင့္ပါ ဆင္တူသျဖင့္ ေအဒီ (၁၁) ရာစုက ေရးထိုးခဲ့ေသာ ေက်ာက္စာဟူ၍သတ္မွတ္ႏိုင္ေပသည္။

ေကာ့ဂြန္းဂူတြက္ရွိသည့္ အေမြအနွစ္ ဆင္းတုေတာ္မ်ားစြာတုိ႔သည္ အစဥ္အဆက္ေလာဘသားတုိ႔၏ ခုိးယူ ၊ ခြာယူ ျခင္းကုိခံခဲ့ရသည္။ ၁၈၃၅ခုႏွစ္က ေကာ့ဂြန္းဂူတြင္ ရုပ္တု ဆင္းတုေတာ္မ်ားမည္မွ်မ်ားျပားေၾကာင္းကို ထုိအခ်ိန္က အေမရိကန္သာသနာျပဳဆရာတစ္ဦးက တန္ခ်ိန္၅၀၀ သေဘၤာျဖင့္တင္လွ်င္ေတာင္ တစ္၀က္မွ်သာ ပါလိမ့္မယ္ ဟု ဆုိခဲ့ဖူးသည္။ ယခုအခ်ိန္တြင္မူ အစြန္းထြက္ပင္ မက်န္ေတာ့ပါေခ်။

ခြာယူသူမ်ားသည္ လက္လွမ္းမီရာမွ ခြာယူျခင္းမဟုတ္ပဲ အျမင့္ေနရာမ်ားကို ျငမ္းဆင္၍ ေရႊေရာင္တ၀င္း၀င္းေတာက္ပေနသည့္ ဘုရားမ်ားကို ေတာင္းႀကီးေတာင္းငယ္ တုိ႔ျဖင့္သယ္ယူခဲ့ၾကသည္ဟု သိမီသူမ်ားက ဆုိၾကသည္။ ဂူအႏွံ႔အျပားသည္ သုိက္ဆရာတုိ႔၏ တူးဆြျခင္းကုိခံထားရရုံသာမက အခ်ဳိ႕ဘုရားရုပ္တုမ်ား၏ ေနာက္ေက်ာမွ ထြင္းေဖာက္ၿပီး သုိက္တူးထားျခင္းမ်ားလည္း ရွိခဲ့သည္။

ေကာ့ဂြန္းဂူသည္ ဘုရားဖူးဧည့္သည္မ်ား၊ သုေတသီမ်ား၊ သုေတသနဝါသနာရွင္မ်ား၊ ႏိုင္ငံျခားသားခရီးသြားဧည့္သည္မ်ားအတြက္ စိတ္ဝင္စားဖြယ္၊ အံ့အားသင့္ဖြယ္၊ ေလ့လာမွတ္တမ္းျပဳရန္ ေကာင္းသည့္ ဗုဒၶျပတိုက္ႀကီးသဖြယ္ ျဖစ္သည္။ ယခုအခါတြင္ ေကာ့ဂြန္းဂူရွိ ယဥ္ေက်းမႈအေမြအႏွစ္မ်ားကို ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက နည္းပညာမ်ားျဖင့္လည္းေကာင္း၊ ဥပေဒမ်ားျဖင့္လည္းေကာင္း ကာကြယ္ထိန္းသိမ္းထားသည္။

ဘားအံမြို့ရဲ့ အထင်ကရ ကော့ဂွန်းဂူအကြောင်းသိကောင်းစရာ

ကော့ဂွန်းဂူသည် မော်လမြိုင်မြို့မှ အထက် ၂၈မိုင်၊ ကရင်ပြည်နယ်ဘားအံမြို့နယ် မှ ၈မိုင်ကွာဝေးသည့် ကော့ဂွန်းရွာရှိ ကော့ဂွန်းထုံးကျောက်တောင်တွင် တည်ရှိသည်။ ကော့ဂွန်းတောင်သည် တောင်တန်းများနှင့် တစ်ဆက်တည်းရှိသော တောင်မဟုတ်ဘဲ ထီးထီးတည်ရှိနေသော တောင်ဖြစ်သည်။

ကော့ဂွန်းတောင်သည် အရှေ့မြောက်မှ အနောက်တောင်သို့ တောင်စဉ်ငါးလုံးဖြင့် သွယ်တန်းလျက်ရှိသည်။ ကျောက်တောင်၏ အမြင့်ဆုံးနေရာ၌ အမြင့်ပေ ၁,ဝဝဝ ခန့်ရှိပြီး အလျားပေ ၆,ဝဝဝခန့်ရှည်လျားသည်။ ကော့ဂွန်းတောင်တွင် ကော့ဂွန်းဂူ၊ ကျွဲဂူနှင့် ကျားဂူဟူ၍ရှိသော်လည်း ကော့ဂွန်းဂူသာလျှင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် တည်ရှိသည်။ကော့ဂွန်းဂူသည် အလျားပေ ၁၃၀၊ အနံပေ ၇၀ နှင့် အမြင့် ၂၅ ပေရှိသည်။

တစ်ဖက်ပိတ်လိုဏ်ဂူဖြစ်ပြီး ဂူ၏အတွင်းပိုင်း အဆုံးနား တစ်ဖက်တစ်ချက်စီတွင် ဂူပေါက်ငယ်တစ်ခုစီရှိသည်။ ကော့ဂွန်းဂူအဝင်ဝသည် ကျောက်ကမ်းပါးယံ အမိုးအောက်တွင်တည်ရှိသဖြင့် မိုးဒဏ်မှလွတ်ကင်းမှုရှိသည်။ ဂူအဝသည် အရှေ့ဘက်သို့မျက်နှာမူထားခြင်းကြောင့် နေရောင်ခြည်ကောင်းစွာရရှိသဖြင့် ဂူအတွင်းတွင် စိုထိုင်းမှုနည်းပါးကာခြောက်သွေ့မှုရှိသည်။
ဂူအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ

ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမှာ စနစ်တကျ၊ ပုံစံကျနစွာ တည်ရှိနေခြင်းမဟုတ်ဘဲ ကျောက်တောင်နံရံ၏ အနေအထားနှင့် အလှူရှင်၏သဒ္ဓါစိတ်တို့အပေါ်မူတည်ပြီး တည်ရှိနေသည်။

ကျောက်တောင်နံရံများ၊ ဂူနံရံနှင့် အမိုးပိုင်းတို့တွင် ဗုဒ္ဓဆင်းတုတော်များကို မွမ်းမံတန်ဆာဆင်ယင်ကာကပ်လှူထားသည်။ ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးအစားခွဲခြားကြည့်လျှင် ဗုဒ္ဓဆင်းတုတော်များ၊ ကျောက်ရုပ်ကြွများ၊ ကျောက်စာနှင့် မင်စာများဟူ၍ တွေ့ရှိရသည်။ ကော့ဂွန်းဂူ၌ အများဆုံးတွေ့ရှိရသည်မှာ အုတ်ခွက်ဗုဒ္ဓဆင်းတုတော်များ ဖြစ်သည်။ ၎င်းတို့ကို ကျောက်တောင်နံရံများ၊ ဂူနံရံနှင့် ဂူအမိုးပိုင်းတို့၌ ကပ်လှူပူဇော်ထားသည်။

ကော့ဂွန်းဂူကို ခရစ်နှစ် ၁၉ ရာစုအစောပိုင်းမှစ၍ သမိုင်းနှင့် ရှေးဟောင်းသုတေ သနပညာရှင်များက သုတေသနပြုလုပ်ခဲ့သည်။ ကွင်းဆင်းမှတ်တမ်းများအရ ၁၈၂၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် ဗြိတိသျှသံ ဂျွန်ကရောဖို့ဒ်သည်လည်းကောင်း၊ ၁၈၃၅ ခုနှစ်တွင် သုတေသနပညာရှင် ရစ်ချတ်တင်ပယ်သည်လည်းကောင်း ကော့ဂွန်းသို့ ရောက်ရှိခဲ့ကြသကဲ့သို့ ဦးတော်စိန်ခို၊ ဦးလူဖေဝင်း၊ ဦးဖိုးလတ်၊ ဗိုလ်မှူးဘရှင်အစရှိ သော မြန်မာပညာရှင်များသည်လည်း ကော့ဂွန်းဂူသို့ ကွင်းဆင်းလေ့လာမှုများပြု လုပ်ခဲ့ကြသည်။

ဗုဒ္ဓဆင်းတုတော်များကို လေ့လာရာတွင် ထိုင်းနိုင်ငံ၌ အေဒီ ၁၂၄၅ မှ ၁၄၃၈ ခုနှစ်အတွင်း ထွန်းကားခဲ့သော သောက္ကတဲ (ဆူခိုထိုင်း) ခေတ်လက်ရာများနှင့် ဆင်တူသည်။

သောက္ကတဲခေတ် အနုပညာသည်လည်း ခမာနှင့် သီဟိုဠ် (သီရိလင်္ကာ)ယဉ်ကျေးမှုတို့နှင့် ရောယှက်နေသည်။ ဗုဒ္ဓဆင်းတုတော်များတွင် တွေ့ရှိရသော မီးလျှံပုံဥဏှိဿ အမှတ်လက္ခဏာ၏မူရင်းမှာ သီဟိုဠ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ သီဟိုဠ်၌ အေဒီ (၅) ရာစုလက်ရာ ဗုဒ္ဓဆင်းတုတော်များရှိ ဦးခေါင်းထက်တွင် ဤမီးလျှံပုံဥဏှိဿကိုယနေ့တိုင်တွေ့မြင်နိုင်သည်။ ရှေးယခင်ကတည်းက မြန်မာ၊ သီဟိုဠ် (သီရိလင်္ကာ) နှင့် ထိုင်းနိုင်ငံတို့သည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုချင်းပါ ရောယှက်ခဲ့သည့်သဘောဖြစ်သည်။

ကော့ဂွန်းဂူ၌ ကျောက်ရုပ်ကြွသုံးခုကို ယှဉ်တွဲတွေ့ရှိရပြီး နှစ်ခုမှာ ဗုဒ္ဓဘာသာဆိုင်ရာဖြစ်ပြီးကျန်တစ်ခုမှာ ဟိန္ဒူအယူဝါဒဆိုင်ရာဖြစ်သည်။ ထူးခြားသည်မှာ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ကြွတစ်ခုရှိ ရုပ်တု၏ လက်ဝဲဘက် ဝတ်ရုံသင်္ကန်းအနားတွင် ရှေးမွန်စာ ၂၃ ကြောင်းကို ထွင်းထုထားသည်။

ညာဘက်ခြမ်း ဝတ်ရုံမှာကျိုးပဲ့ပျက်စီးနေပြီဖြစ်၍ စာကြောင်း ၃ ကြောင်းမျှသာ တွေ့ရပြီး ထင်ရှားမှုမရှိတော့ပေ။ဟိန္ဒူအယူဝါဒဆိုင်ရာ ကျောက်ရုပ်ကြွတွင် ဣသွာရနတ်ရုပ်နှင့် ယင်းနတ်မှ ပေါက်ဖွားလာသော ဗြဟ္မာ၊ ဗိဿနိုးနှင့် မဟေသရ (ခေါ်) သီဝနတ်ရုပ်တို့ကို ပုံဖော်ထားသည့်အပြင် ဂနက်ရှ်ရုပ်တုကိုလည်း တွေ့ရှိရသည်။ သို့သော် ယခုအခါ၌ယင်းစာလုံးတို့မှာ လုံးဝပျက်စီးနေပြီဖြစ်သည်။ ရုပ်ကြွများ၌တွေ့ရှိရသော အနုပညာလက်ရာဖန်တီးထားမှုတို့ကို လေ့လာကြည့်လျှင်မူ အေဒီ ၁၁ရာစု က ထုလုပ်ခဲ့ကြသည်ဟု သတ်မှတ်နိုင်သည်။

ကော့ဂွန်းဂူတွင် သမိုင်းအထောက်အထားများကို ဖြည့်စွက်ပေးနိုင်သော ကျောက်စာနှင့် မင်စာမှတ်တမ်းများလည်းရှိသည်။ မင်စာမှတ်တမ်းများသည် အလှူပြုသူ၊ အလှူပစ္စည်းနှင့် ဆုတောင်းတို့ကို ထည့်သွင်းဖော်ပြထားသည့်အပြင် လှူဒါန်းသည့် ဆင်းတုတော်အရေအတွက်များကိုပါ ဖော်ပြထားသည်။ လှူဒါန်းသည့်သက္ကရာဇ်များကို စာသားအနေဖြင့်လည်းကောင်း၊

ဂဏန်းအနေဖြင့်လည်းကောင်း ဖော်ပြသည်။ ကော့ဂွန်းဂူ၌ တွေ့ရှိရသောကျောက်စာမှာ အခြားကျောက်စာချပ်များကဲ့သို့ ကျောက်တုံး၊ ကျောက်ပြား၌ ထွင်းထုထားခြင်းမဟုတ်ဘဲ ကျောက်ရုပ်ကြွရုပ်တု၏ဝတ်ရုံ၌ ထွင်းထုထားခြင်းပင်ဖြစ်သည်။ ဝတ်ရုံ၏အနား၌ စာကြောင်းရေ ၂၃ ကြောင်းကို ရှေးခေတ်မွန်ဘာသာဖြင့် ရေးထိုးထားသည်။

ဤကျောက်စာ၏အဓိပ္ပာယ်မှာ ဤဘုရားဆင်းတုတော်ကို မူးတး(မုတ္တမ) မိဖုရားဖြစ်သူ ကျွန်ုပ်သည် ဒုအေ်ဝါပ်မြို့၌ နေထိုင်ပြီး ဤဆင်းတုတော်ကိုထုထွင်းပြုလုပ်ခဲ့သည်။ ဒုအေ်ဝါပ် မြို့အတွင်း၌သော်လည်းကောင်း၊ မြို့နယ်ပြင်ပ၌သော်လည်းကောင်းတည်ရှိသမျှသော မြေနှင့်ကျောက်ဆင်းတုတော်တို့ကို ကျွန်ုပ်နှင့်ကျွန်ုပ်၏တပည့်များက စွမ်းရည်ရှိ၍ ထွင်းထုခဲ့သည်။

အခြားအခြားသော ဆရာများသည် ကျောက်ဘုရားများကို ထုထွင်းနိုင်ပါစေသတည်း ဟူ၍ဖြစ်သည်။ဤကော့ဂွန်းဂူရှိ မွန်ကျောက်စာသည် ပရပထုံမွန်ကျောက်စာများကဲ့သို့ ရှေးမကျလှသော်လည်း ကျောက်စာအရေးအသားပုံစံအရ ပုဂံပြည့်ရှင် အနော်ရထာမင်းသထုံပြည်ကို သိမ်းပိုက်ခဲ့သည့် အေဒီ (၁၀၅၇) ခုနှစ်ဝန်းကျင်တွင် ရေးထိုးခဲ့သော ကျောက်စာဖြစ်ဟန်တူသည်။ကျောက်စာပါ မွန်အရေးအသားသည် ကျန်စစ်သားမင်းကြီး၏သားတော် ရာဇကုမာရ်မင်းသား ရေးထိုးခဲ့သော မြစေတီမွန်ကျောက်စာ အရေးအသားတို့နှင့်ပါ ဆင်တူသဖြင့် အေဒီ (၁၁) ရာစုက ရေးထိုးခဲ့သော ကျောက်စာဟူ၍သတ်မှတ်နိုင်ပေသည်။

ကော့ဂွန်းဂူတွက်ရှိသည့် အမွေအနှစ် ဆင်းတုတော်များစွာတို့သည် အစဉ်အဆက်လောဘသားတို့၏ ခိုးယူ ၊ ခွာယူ ခြင်းကိုခံခဲ့ရသည်။ ၁၈၃၅ခုနှစ်က ကော့ဂွန်းဂူတွင် ရုပ်တု ဆင်းတုတော်များမည်မျှများပြားကြောင်းကို ထိုအချိန်က အမေရိကန်သာသနာပြုဆရာတစ်ဦးက တန်ချိန်၅၀၀ သင်္ဘောဖြင့်တင်လျှင်တောင် တစ်ဝက်မျှသာ ပါလိမ့်မယ် ဟု ဆိုခဲ့ဖူးသည်။ ယခုအချိန်တွင်မူ အစွန်းထွက်ပင် မကျန်တော့ပါချေ။

ခွာယူသူများသည် လက်လှမ်းမီရာမှ ခွာယူခြင်းမဟုတ်ပဲ အမြင့်နေရာများကို ငြမ်းဆင်၍ ရွှေရောင်တဝင်းဝင်းတောက်ပနေသည့် ဘုရားများကို တောင်းကြီးတောင်းငယ် တို့ဖြင့်သယ်ယူခဲ့ကြသည်ဟု သိမီသူများက ဆိုကြသည်။ ဂူအနှံ့အပြားသည် သိုက်ဆရာတို့၏ တူးဆွခြင်းကိုခံထားရရုံသာမက အချို့ဘုရားရုပ်တုများ၏ နောက်ကျောမှ ထွင်းဖောက်ပြီး သိုက်တူးထားခြင်းများလည်း ရှိခဲ့သည်။

ကော့ဂွန်းဂူသည် ဘုရားဖူးဧည့်သည်များ၊ သုတေသီများ၊ သုတေသနဝါသနာရှင်များ၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များအတွက် စိတ်ဝင်စားဖွယ်၊ အံ့အားသင့်ဖွယ်၊ လေ့လာမှတ်တမ်းပြုရန် ကောင်းသည့် ဗုဒ္ဓပြတိုက်ကြီးသဖွယ် ဖြစ်သည်။ ယခုအခါတွင် ကော့ဂွန်းဂူရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက နည်းပညာများဖြင့်လည်းကောင်း၊ ဥပဒေများဖြင့်လည်းကောင်း ကာကွယ်ထိန်းသိမ်းထားသည်။

Credit : Orginal Uploader